နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဆာဗေးဒိုး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံသားများက အမေရိကန်တရားရုံးတွင် ပြည်နှင်ဒဏ်ကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းခြင်း

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်

ရိုက်တာသတင်း။ အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စုသည် ၎င်းတို့အား ပြည်နှင်ဒဏ် ပေးခဲ့မှုအပေါ် အမေရိကန်တရားရုံးများတွင် ပြန်လည်စိန်ခေါ်ခွင့်ပြုသည့် စီရင်ချက်ကို လိုက်နာရန် အမေရိကန်အစိုးရအား သောကြာနေ့တွင် တောင်းဆိုလိုက်သည်။

အမေရိကန်တရားသူကြီး ဂျိမ်းစ်ဘိုးစ်ဘာ့ဂ် (James Boasberg) က သမ္မတ ဒေါ်နယ်ထရန့် အစိုးရအနေဖြင့် အယ်ဆာဗေးဒိုးသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည့် ရာနှင့်ချီသော ဗင်နီဇွဲလား နိုင်ငံသားများ ပြန်လည်ရောက်ရှိလာနိုင်ရေးအတွက် အရေးပေါ် စီစဉ်ပေးရမည်ဟု ယခုအပတ်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ၎င်းတို့ကို ပြည်နှင်ဒဏ်ပေးခြင်းသည် တရားဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများ (due process rights) ကို ချိုးဖောက်ရာရောက်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ပြည်နှင်ဒဏ်ပေးမှုကို တရားရုံးတွင် ပြန်လည်စိန်ခေါ်ပိုင်ခွင့်ရှိကြောင်း တရားသူကြီးက ဆိုသည်။

အဆိုပါ စီရင်ချက်အရ ထရန့်အစိုးရသည် ၎င်းတို့အား နှစ်ပတ်အတွင်း ပြန်လည်ခေါ်ယူနိုင်မည့် အစီအစဉ်တစ်ခုကို တရားရုံးသို့ တင်ပြရမည် ဖြစ်သည်။

“တရားရုံးရဲ့ စီရင်ချက်က အခု ကျွန်တော်တို့ကို အမေရိကန်ပြည်ထောင်စုရဲ့ တည်ဆဲဥပဒေ တွေနဲ့ အညီ တရားမျှတတဲ့ ကြားနာစစ်ဆေးမှု ခံယူခွင့်ပေးဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါ တယ်” ဟု ယခင်က အကျဉ်းကျခံခဲ့ရသူ အကျဉ်းသားဟောင်း ၂၅၂ ဦးကိုယ်စား ရက်ကွီဘယ် ပန်နာလိုဇာ(Ysqueibel Peñaloza) က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အမေရိကန်နဲ့ အယ်ဆာဗေးဒိုး အစိုးရတွေကို တရားရုံးအမိန့်ကို အပြည့်အဝ လိုက်နာဖို့ တောင်းဆိုပါတယ်။ အဲဒီနိုင်ငံက အာဏာပိုင်တွေအနေနဲ့ ကျွန်တော်တို့ ကြားနာပွဲမှာ ပါဝင်ခွင့်ရစေမယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ တောင်းဆို ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပန်နာလိုဇာ က ၎င်းတို့၏ ခုခံချေပမှုအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ၏ အကူအညီများကို တောင်းခံခဲ့သော်လည်း မည်သည့်အကူအညီမျိုး လိုအပ်သည်ကိုမူ အသေးစိတ် ပြောကြား ခြင်း မရှိပေ။

(ဆက်စပ်ဗီဒီယို- “မင်းတို့ ငရဲပြည်ကို ရောက်လာပြီ” – အယ်ဆာဗေးဒိုး အကျဉ်းထောင် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဖွဲ့အစည်းများက မှတ်တမ်းတင်ထားပုံ)

အဆိုပါ ဗင်နီဇွဲလားနိုင်ငံသားများသည် မတ်လအတွင်းက အမေရိကန်ပြည်ထောင်စုမှ အယ်ဆာဗေးဒိုးသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သမ္မတထရန့်သည် ထရန်ဒီ အာရာဂူရာ(“Tren de Aragua”) ဂိုဏ်းဝင်များအဖြစ် သတ်မှတ်ခံရသူများကို ကြားနာ စစ်ဆေး ခြင်း သို့မဟုတ် ပုံမှန်လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများ မလုပ်ဆောင်ဘဲ ပြည်နှင် ဒဏ် ပေးနိုင်ရန်အတွက် ၁၇၉၈ ခုနှစ်ကတည်းက ရှိခဲ့ပြီး စစ်မက်ဖြစ်ပွားချိန်တွင်သာ အသုံးနည်းလှသည့် “နိုင်ငံခြားသားရန်သူ အက်ဥပဒေ” (Alien Enemy Act) ကို အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေများနှင့် မိသားစုဝင် အများအပြားကမူ အဆိုပါ အမျိုးသားများသည် ဂိုဏ်းစတားများ နှင့် မည်သည့်ပတ်သက်မှုမျှ မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး ထိန်းသိမ်းခံရသူများ မည်သည့်နေရာ သို့ ရောက်ရှိနေသည်ကိုပင် မိသားစုဝင်များ သိရှိခွင့်မရဘဲ အမှောင်ချခံထားရသည်ဟု ဆိုကြ သည်။

ယခုကဲ့သို့ ပြည်နှင်ဒဏ်ပေးမှုများသည် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သော ဝေဖန်မှုများကို ခံခဲ့ရပြီး ထရန့်အစိုးရနှင့် တရားဥပဒေအရ ရင်ဆိုင်တိုက်ပွဲဝင်မှုများ ပေါ်ပေါက်လာစေခဲ့သည်။

နိုင်ငံရေးအရ အတိုချုပ် သုံးသပ်ချက်။ ဤဖြစ်ရပ်သည် အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်သော မူဝါဒများနှင့် တရားစီရင်ရေးကဏ္ဍအကြား ပဋိပက္ခဖြစ်ပွားနေမှုကို မီးမောင်းထိုးပြနေသည်။ ၁၈ ရာစုက ဥပဒေဟောင်းတစ်ခုကို အသုံးပြု၍ ကြားနာစစ်ဆေးမှုမရှိဘဲ ပြည်နှင်ဒဏ်ပေးခြင်းသည် အမေရိကန် ဒီမိုကရေစီ၏ တရားမျှတမှု စံနှုန်းများနှင့် ပတ်သက်၍ ကြီးမားသော အငြင်းပွားမှုများကို ဖြစ်ပေါ်စေ ခဲ့ပါသည်။

အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စု၏သတင်းစာရှင်းလင်းပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 91 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက