နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်

ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏ လမ်းမများပေါ်တွင် ချီတက်ခဲ့ကြပြီး အုပ်ချုပ်သူ သီအိုကရက်တစ် (Theocratic) ဘာသာရေးခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသည့်အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ဆန္ဒပြပွဲများ စတင်ပြီးနောက်တွင် အာဏာပိုင်များက အင်တာနက်နှင့် ဖုန်းလိုင်းများကို ချက်ချင်းဖြတ်တောက်ခဲ့သည်။ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ယခုလုပ်ရပ်သည် အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ရန် ရှေ့ပြေးနိမိတ်ဖြစ်နိုင်ကြောင်း ဖော်ပြ ခဲ့သော်လည်း ဆက်သွယ်ရေးဖြတ်တောက်မှုသည် ဆန္ဒပြဗီဒီယိုများ လူမှုကွန်ရက်ပေါ်သို့ ရောက်ရှိလာခြင်းကိုမူ ချက်ချင်း မတားဆီးနိုင်ခဲ့ပေ။

ဆန္ဒပြသူအချို့သည် ပြည်ပသို့ ရောက်ရှိနေသော အိမ်ရှေ့မင်းသား ရေဇာဖာလဗီ(Reza Pahlavi )၏ ကြာသပတေးနေ့တွင် လမ်းပေါ်ထွက်ရန် တိုက်တွန်းချက်ကို လိုက်နာခဲ့ကြပုံ ရသည်။ CNN မှ စစ်ဆေးခဲ့သည့် ဗီဒီယိုများအရ ချီတက်သူများသည် “ ဒါဟာ နောက်ဆုံး တိုက်ပွဲပဲ၊ Pahlavi ပြန်လာတော့မယ်” ဟူသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

နောက်ဆုံး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်အတွင်း Pahlavi က X (ယခင် Twitter) ပေါ်တွင် “ လမ်းပေါ်ထွက်ကြပါ၊ ညီညွတ်သော တပ်ဦးတစ်ခုအနေနဲ့ မင်းတို့ရဲ့ တောင်းဆိုချက်တွေကို ဟစ်ကြွေးကြပါ၊ အီရန်နိုးထလော့” ဟု ရေးသားကာ အားပေးတိုက်တွန်းခဲ့သည်။

CNN မှ အတည်ပြုထားသော ရုပ်သံမှတ်တမ်းများတွင် အီရန်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများ၌ လူထုဆန္ဒပြပွဲများကို တွေ့မြင်ရပြီး ဆန္ဒပြသူများသည် လမ်းများကို ပိတ်ဆို့ကာ မြို့တော် အတွင်း မီးရှို့ဆန္ဒပြခဲ့ကြသည်။ ဗီဒီယိုများတွင် နိုင်ငံတစ်ဝှမ်းရှိ အုပ်စုအသီးသီးက အစိုးရကို ထောက်ခံသည့် ကြွေးကြော်သံများနှင့် ဆန့်ကျင်သည့် ကြွေးကြော်သံများဖြင့် အပြိုင်အဆိုင် ဆန္ဒပြနေကြသည်ကို တွေ့ရသည်။

ယခု မငြိမ်မသက်မှုများကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အကယ်၍ အီရန်လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို သတ်ဖြတ်ပါက အီရန်ကို တိုက်ခိုက်မည်ဟု ကြာသပတေးနေ့တွင် ထပ်မံသတိပေးခဲ့သည်။

သူတို့ လူတွေကို စသတ်လာမယ်ဆိုရင် (အဓိကရုဏ်းတွေမှာ သူတို့လုပ်လေ့ရှိသလိုမျိုးပေါ့) ကျွန်တော်တို့ သူတို့ကို အပြင်းအထန် တုံ့ပြန်မယ်ဆိုတာ သူတို့ကို သိအောင် ပြောထားပြီး သားပါ” ဟု ထရန့်က ရေဒီယိုအစီအစဉ် တင်ဆက်သူ ဟက်ချ် ဟီဝတ်(Hugh Hewitt) ကို ပြောကြားခဲ့သည်။

ဆိုးရွားလှသော စီးပွားရေးအခြေအနေများကြောင့် စတင်လာသည့် ဆန္ဒပြပွဲများသည် မကြာသေးမီရက်များအတွင်း အီရန်ပြည်နယ်အသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ အာဏာပိုင်များကမူ ပြည်သူ့ဒေါသကို ဖြစ်ပေါ်စေသည့် ပြဿနာများအတွက် လက်တွေ့ ကျသော ဖြေရှင်းချက်များကို မပေးဘဲ ၎င်းတို့ အမြဲသုံးနေကျ လက်နက်ဖြစ်သည့် နှိမ်နင်းရေး နည်းလမ်းကိုသာ ပြန်လည်အသုံးပြုနေကြသည်။

အီရန်နိုင်ငံ တောင်ဘက်အလယ်ပိုင်းရှိ ရှီရာ့ဇ်(Shiraz) မြို့တွင် ဆန္ဒပြသူများသည် မီးပုံကြီးများဘေး၌ စုရုံးခဲ့ကြသည်။ အီရန်လူမျိုး သန်းပေါင်းများစွာသည် ငွေကြေး ဖောင်းပွမှုနှင့် ငွေကြေးတန်ဖိုး ထိုးကျမှုတို့ကြောင့် အခက်တွေ့နေရပြီး ထောင်ပေါင်း များစွာသော ပြည်သူများသည် လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြရာ အစိုးရကလုံခြုံရေး တပ်ဖွဲ့များ ချထားပြီးနောက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်လက တဟီရန်မြို့ရှိ ဈေးကြီးများ (Bazaars) နှင့် တက္ကသိုလ်များတွင် စတင် ခဲ့သည့် စနစ်တကျ ဆန္ဒပြမှုများသည် ယခုအခါ တစ်နိုင်ငံလုံးရှိ မြို့များသို့ ပြန့်နှံ့သွားပြီ ဖြစ်သည်။ ကျွမ်းကျင်သူများကမူ ခေါင်းဆောင်မဲ့ပြီး ဟန်ချက်မညီသော ယခုလှုပ်ရှားမှုသည် စီးပွားရေးဆိုင်ရာ ဆန္ဒပြမှုများမှ နိုင်ငံရေးဆိုင်ရာ ဆန္ဒပြမှုများအဖြစ် ကူးစက်သွားရာမှ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီတစ်ခါကတော့ မတူသလို ခံစားရတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ လူတွေရဲ့ ဝယ်ယူနိုင်စွမ်း နဲ့ ဆိုင်နေလို့ပါ။ လူတွေ တကယ်ကို ဘာမှမဝယ်နိုင်ကြတော့ဘူး” ဟု အမည်မဖော်လိုသူ အသက် ၃၀ အရွယ် တဟီရန်မြို့သားတစ်ဦးက ပြောသည်။ “ ကုန်စျေးနှုန်းတွေက နာရီနဲ့အမျှ တက်နေတယ်၊ ဒါပေမဲ့ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဘယ်သူမှမသိဘူး… လူတိုင်း စိုးရိမ် နေကြတယ်” ဟု ဆိုသည်။

အီရန်သတင်းထောက်နှင့် တက်ကြွလှုပ်ရှားသူ မာရှီ အလင်နီဂျက် (Masih Alinejad) က CNN သို့ ပြောကြားရာတွင် “ ဒါဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံ (Islamic Republic) အဆုံးသတ်ဖို့ တောင်းဆိုနေကြတာပါ။ ဒီလှိုင်း က အရင်ကထက် ထူးခြားနေတယ်။ လွတ်လပ်မှုရဲ့ ရနံ့ကိုတောင် ကျွန်မတို့ရနေပြီ။ လူတွေက ဘာမှဆုံးရှုံးစရာမရှိတော့လို့ မကြောက်တော့ဘူး” ဟု ပြောကြားခဲ့သည်။

ဆန္ဒပြပွဲများ၏ နောက်ခံအချက်အလက်များ

စတင်ဖြစ်ပေါ်လာပုံ။  ပြီးခဲ့သည့်အပတ်က တဟီရန်မြို့ရှိ ဂရန်းဘာဇား(Grand Bazaar) မှ ဈေးဆိုင်ပိုင်ရှင်များက အစိုးရ၏ ကျရှုံးနေသော စီးပွားရေးမူဝါဒများကို ကန့်ကွက်ဆန္ဒပြ ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဓိကအကြောင်းအရင်း။  ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်အချို့ကို သက်သာသော စျေးနှုန်းဖြင့် အမေရိကန်ဒေါ်လာ ရောင်းချပေးသည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် စားအုန်းဆီနှင့် ကြက်သားကဲ့သို့ အခြေခံကုန်စည်စျေးနှုန်းများ ရုတ်တရက် မြင့်တက် သွားခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ၁၀၀ ကျော်သော မြို့ကြီးများတွင် လူပေါင်းများစွာပါဝင်သော ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး အနည်းဆုံး ဆန္ဒပြသူ ၄၅ ဦး (ကလေး ၈ ဦးအပါအဝင်) သေဆုံးကာ လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

၁။ အစိုးရ၏ တုံ့ပြန်မှုနှင့် ဆက်သွယ်ရေး ဖြတ်တောက်မှု

ဆန္ဒပြပွဲများ စတင်သည်နှင့်တပြိုင်နက် အီရန်အာဏာပိုင်များသည် အင်တာနက်နှင့် ဖုန်းလိုင်း များကို ချက်ချင်းဖြတ်တောက်ခဲ့သည်။ အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ NetBlocks ၏ ညွှန်ကြားရေးမှူး Alp Toker က ယခုကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှောင်ချခြင်း သည် အစိုးရအနေဖြင့် ဆန္ဒပြသူများကို အသက်သေဆုံးသည်အထိ အင်အားသုံးနှိမ်နင်း တော့မည် ဖြစ်ကြောင်း ပြသသည့် ရှေ့ပြေးနိမိတ်ဖြစ်လေ့ရှိသည်ဟု ဆိုသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ မြေပြင်တွင် ဖြစ်ပျက်နေသည်များကို သတင်းမပြန့်စေရန်နှင့် နိုင်ငံတကာ၏ စောင့်ကြည့်စစ်ဆေးမှုကို ကန့်သတ်ရန်ဖြစ်သည်။ သို့သော်လည်း အချို့သော ပြည်သူများသည် မှောင်ခိုသွင်းထားသည့် Starlink စက်ပစ္စည်းများကို အသုံးပြု၍ ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်သို့ တင်နိုင်ခဲ့ကြသည်။

၂။ နိုင်ငံရေးအရ လှုံ့ဆော်မှုနှင့် ကြွေးကြော်သံများ

ယခုဆန္ဒပြပွဲတွင် ပြည်ပသို့ ရောက်ရှိနေသော အိမ်ရှေ့မင်းသား Reza Pahlavi ၏ တိုက်တွန်းချက်သည် ထိရောက်မှုရှိခဲ့သည်။ ဆန္ဒပြသူများသည် ၁၉၇၉ ခုနှစ် တော်လှန်ရေးတွင် ပြုတ်ကျသွားခဲ့သော Pahlavi မင်းဆက်ကို ပြန်လည်အမှတ်ရစေသည့် ကြွေးကြော်သံများကို သုံးနှုန်းလာကြသည်။ ထို့ပြင် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသ များတွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာခါမီနီ (Ayatollah Ali Khamenei) ကို တိုက်ရိုက်ပစ်မှတ်ထားပြီး “ ခါမေနီ သေပါစေ” ၊ “ ဒါဟာ သွေးစွန်းတဲ့နှစ်ပဲ၊ ဆေယက်အလီ (ခါမေနီ) ပြုတ်ကျတော့မယ်” ဟု အော်ဟစ်ကာ ၎င်း၏ အကြွင်းမဲ့အာဏာကို စိန်ခေါ် လာကြသည်။

၃။ စီးပွားရေးအကြပ်အတည်းနှင့် ဈေးသည်များ၏ အခန်းကဏ္ဍ

အီရန်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် Bazaaris ဟုခေါ်သော ဈေးသည်/ကုန်သည်များသည် အစိုးရကို ပြောင်းလဲနိုင်သည့် အင်အားကြီးအစုအဖွဲ့ဖြစ်သည်။ ၁၉၇၉ ခုနှစ် တော်လှန်ရေး အောင်မြင်ခဲ့ခြင်းမှာလည်း ၎င်းတို့၏ ထောက်ပံ့မှုကြောင့်ဖြစ်သည်။ ယခုအခါ အစိုးရအပေါ် အစဉ်အလာအရ သစ္စာရှိခဲ့သော ဤကုန်သည်များပါ လမ်းပေါ်ထွက်လာခြင်းသည် အစိုးရ အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။

အဓိကပြဿနာမှာ ဗဟိုဘဏ်က သွင်းကုန်ဒေါ်လာစျေး အထူးအခွင့်အရေးကို ရပ်စဲလိုက် သဖြင့် ကုန်စျေးနှုန်းများမှာ နာရီနှင့်အမျှ တက်နေသည်။

အစိုးရ၏ ဖြေရှင်းချက်မှာ သမ္မတ မာဆွပ် ပီဇက်ကီရန်(Masoud Pezeshkian) ၏ အစိုးရက ပြည်သူတစ်ဦးကို တစ်လလျှင် ၇ ဒေါ်လာခန့် တိုက်ရိုက်ငွေကြေးထောက်ပံ့ရန် ကမ်းလှမ်း သော်လည်း ၎င်းကပင် ယင်းလုပ်ရပ်သည် အကျပ်အတည်းကို မဖြေရှင်းနိုင်ကြောင်း ဝန်ခံထားသည်။

၄။ ပဋိပက္ခနှင့် ထိခိုက်သေဆုံးမှုများ (စာရင်းဇယားများ)

ဆန္ဒပြသူများ ၁၂ ရက်အတွင်း အနည်းဆုံး ၄၅ ဦး သေဆုံး (ကလေး ၈ ဦး အပါအဝင်)၊ ၂,၀၀၀ ကျော် ဖမ်းဆီးခံရသည်။

အစိုးရသတင်းဌာန (Fars News) အရ ရဲတပ်ဖွဲ့ဝင် ၉၅၀ ဦးနှင့် Basij လက်နက်ကိုင်အဖွဲ့ဝင် ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) အဖွဲ့ဝင် ၂ ဦး အပါအဝင် လုံခြုံရေးအဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

အီလမ် (Ilam) မြို့တွင် ဒဏ်ရာရသော ဆန္ဒပြသူများကို ဆေးရုံသို့ ပို့ဆောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့များက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့သည့် ဖြစ်ရပ်ကြောင့် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သော ဝေဖန်မှုကို ခံနေရသည်။

၅။ ပြင်ပခြိမ်းခြောက်မှုများနှင့် အနာဂတ်အလားအလာ

အီရန်အစိုးရသည် ပြည်တွင်းမငြိမ်မသက်မှုများအပြင် ပြည်ပခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်နေရသည်။ လွန်ခဲ့သော ၆ လခန့်က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ခံခဲ့ရပြီးနောက် သမ္မတထရန့်ကလည်း ထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ပညာရှင်များ၏ အမြင်။ နယူးယောက်တက္ကသိုလ်မှ ပါမောက္ခအာရန် ကက်ရှာဗာဇီအန် ( Arang Keshavarzian) က အီရန်အစိုးရတွင် ယခုအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် စီမံကိန်းမရှိတော့ဘဲ “ အင်အားသုံး နှိမ်နင်းခြင်း” တစ်ခုတည်းကိုသာ လက်နက်အဖြစ် သုံးနိုင်တော့ကြောင်း သုံးသပ်ထားသည်။ ပြည်သူအများစုမှာလည်း အစိုးရအပေါ် ယုံကြည်မှု လုံးဝကင်းမဲ့ သွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

တီဟီရန်မြို့ရှိပိတ်ထားသောဈေးဆိုင်ခန်းများ

ဆန္ဒပြချီတက်နေသောလူထု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်