နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်

ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏ လမ်းမများပေါ်တွင် ချီတက်ခဲ့ကြပြီး အုပ်ချုပ်သူ သီအိုကရက်တစ် (Theocratic) ဘာသာရေးခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသည့်အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ဆန္ဒပြပွဲများ စတင်ပြီးနောက်တွင် အာဏာပိုင်များက အင်တာနက်နှင့် ဖုန်းလိုင်းများကို ချက်ချင်းဖြတ်တောက်ခဲ့သည်။ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ယခုလုပ်ရပ်သည် အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ရန် ရှေ့ပြေးနိမိတ်ဖြစ်နိုင်ကြောင်း ဖော်ပြ ခဲ့သော်လည်း ဆက်သွယ်ရေးဖြတ်တောက်မှုသည် ဆန္ဒပြဗီဒီယိုများ လူမှုကွန်ရက်ပေါ်သို့ ရောက်ရှိလာခြင်းကိုမူ ချက်ချင်း မတားဆီးနိုင်ခဲ့ပေ။

ဆန္ဒပြသူအချို့သည် ပြည်ပသို့ ရောက်ရှိနေသော အိမ်ရှေ့မင်းသား ရေဇာဖာလဗီ(Reza Pahlavi )၏ ကြာသပတေးနေ့တွင် လမ်းပေါ်ထွက်ရန် တိုက်တွန်းချက်ကို လိုက်နာခဲ့ကြပုံ ရသည်။ CNN မှ စစ်ဆေးခဲ့သည့် ဗီဒီယိုများအရ ချီတက်သူများသည် “ဒါဟာ နောက်ဆုံး တိုက်ပွဲပဲ၊ Pahlavi ပြန်လာတော့မယ်” ဟူသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

နောက်ဆုံး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်အတွင်း Pahlavi က X (ယခင် Twitter) ပေါ်တွင် “လမ်းပေါ်ထွက်ကြပါ၊ ညီညွတ်သော တပ်ဦးတစ်ခုအနေနဲ့ မင်းတို့ရဲ့ တောင်းဆိုချက်တွေကို ဟစ်ကြွေးကြပါ၊ အီရန်နိုးထလော့” ဟု ရေးသားကာ အားပေးတိုက်တွန်းခဲ့သည်။

CNN မှ အတည်ပြုထားသော ရုပ်သံမှတ်တမ်းများတွင် အီရန်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများ၌ လူထုဆန္ဒပြပွဲများကို တွေ့မြင်ရပြီး ဆန္ဒပြသူများသည် လမ်းများကို ပိတ်ဆို့ကာ မြို့တော် အတွင်း မီးရှို့ဆန္ဒပြခဲ့ကြသည်။ ဗီဒီယိုများတွင် နိုင်ငံတစ်ဝှမ်းရှိ အုပ်စုအသီးသီးက အစိုးရကို ထောက်ခံသည့် ကြွေးကြော်သံများနှင့် ဆန့်ကျင်သည့် ကြွေးကြော်သံများဖြင့် အပြိုင်အဆိုင် ဆန္ဒပြနေကြသည်ကို တွေ့ရသည်။

ယခု မငြိမ်မသက်မှုများကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အကယ်၍ အီရန်လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို သတ်ဖြတ်ပါက အီရန်ကို တိုက်ခိုက်မည်ဟု ကြာသပတေးနေ့တွင် ထပ်မံသတိပေးခဲ့သည်။

သူတို့ လူတွေကို စသတ်လာမယ်ဆိုရင် (အဓိကရုဏ်းတွေမှာ သူတို့လုပ်လေ့ရှိသလိုမျိုးပေါ့) ကျွန်တော်တို့ သူတို့ကို အပြင်းအထန် တုံ့ပြန်မယ်ဆိုတာ သူတို့ကို သိအောင် ပြောထားပြီး သားပါ” ဟု ထရန့်က ရေဒီယိုအစီအစဉ် တင်ဆက်သူ ဟက်ချ် ဟီဝတ်(Hugh Hewitt) ကို ပြောကြားခဲ့သည်။

ဆိုးရွားလှသော စီးပွားရေးအခြေအနေများကြောင့် စတင်လာသည့် ဆန္ဒပြပွဲများသည် မကြာသေးမီရက်များအတွင်း အီရန်ပြည်နယ်အသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ အာဏာပိုင်များကမူ ပြည်သူ့ဒေါသကို ဖြစ်ပေါ်စေသည့် ပြဿနာများအတွက် လက်တွေ့ ကျသော ဖြေရှင်းချက်များကို မပေးဘဲ ၎င်းတို့ အမြဲသုံးနေကျ လက်နက်ဖြစ်သည့် နှိမ်နင်းရေး နည်းလမ်းကိုသာ ပြန်လည်အသုံးပြုနေကြသည်။

အီရန်နိုင်ငံ တောင်ဘက်အလယ်ပိုင်းရှိ ရှီရာ့ဇ်(Shiraz) မြို့တွင် ဆန္ဒပြသူများသည် မီးပုံကြီးများဘေး၌ စုရုံးခဲ့ကြသည်။ အီရန်လူမျိုး သန်းပေါင်းများစွာသည် ငွေကြေး ဖောင်းပွမှုနှင့် ငွေကြေးတန်ဖိုး ထိုးကျမှုတို့ကြောင့် အခက်တွေ့နေရပြီး ထောင်ပေါင်း များစွာသော ပြည်သူများသည် လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြရာ အစိုးရကလုံခြုံရေး တပ်ဖွဲ့များ ချထားပြီးနောက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်လက တဟီရန်မြို့ရှိ ဈေးကြီးများ (Bazaars) နှင့် တက္ကသိုလ်များတွင် စတင် ခဲ့သည့် စနစ်တကျ ဆန္ဒပြမှုများသည် ယခုအခါ တစ်နိုင်ငံလုံးရှိ မြို့များသို့ ပြန့်နှံ့သွားပြီ ဖြစ်သည်။ ကျွမ်းကျင်သူများကမူ ခေါင်းဆောင်မဲ့ပြီး ဟန်ချက်မညီသော ယခုလှုပ်ရှားမှုသည် စီးပွားရေးဆိုင်ရာ ဆန္ဒပြမှုများမှ နိုင်ငံရေးဆိုင်ရာ ဆန္ဒပြမှုများအဖြစ် ကူးစက်သွားရာမှ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီတစ်ခါကတော့ မတူသလို ခံစားရတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ လူတွေရဲ့ ဝယ်ယူနိုင်စွမ်း နဲ့ ဆိုင်နေလို့ပါ။ လူတွေ တကယ်ကို ဘာမှမဝယ်နိုင်ကြတော့ဘူး” ဟု အမည်မဖော်လိုသူ အသက် ၃၀ အရွယ် တဟီရန်မြို့သားတစ်ဦးက ပြောသည်။ “ကုန်စျေးနှုန်းတွေက နာရီနဲ့အမျှ တက်နေတယ်၊ ဒါပေမဲ့ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဘယ်သူမှမသိဘူး… လူတိုင်း စိုးရိမ် နေကြတယ်” ဟု ဆိုသည်။

အီရန်သတင်းထောက်နှင့် တက်ကြွလှုပ်ရှားသူ မာရှီ အလင်နီဂျက် (Masih Alinejad) က CNN သို့ ပြောကြားရာတွင် “ဒါဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံ (Islamic Republic) အဆုံးသတ်ဖို့ တောင်းဆိုနေကြတာပါ။ ဒီလှိုင်း က အရင်ကထက် ထူးခြားနေတယ်။ လွတ်လပ်မှုရဲ့ ရနံ့ကိုတောင် ကျွန်မတို့ရနေပြီ။ လူတွေက ဘာမှဆုံးရှုံးစရာမရှိတော့လို့ မကြောက်တော့ဘူး” ဟု ပြောကြားခဲ့သည်။

ဆန္ဒပြပွဲများ၏ နောက်ခံအချက်အလက်များ

စတင်ဖြစ်ပေါ်လာပုံ။  ပြီးခဲ့သည့်အပတ်က တဟီရန်မြို့ရှိ ဂရန်းဘာဇား(Grand Bazaar) မှ ဈေးဆိုင်ပိုင်ရှင်များက အစိုးရ၏ ကျရှုံးနေသော စီးပွားရေးမူဝါဒများကို ကန့်ကွက်ဆန္ဒပြ ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဓိကအကြောင်းအရင်း။  ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်အချို့ကို သက်သာသော စျေးနှုန်းဖြင့် အမေရိကန်ဒေါ်လာ ရောင်းချပေးသည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် စားအုန်းဆီနှင့် ကြက်သားကဲ့သို့ အခြေခံကုန်စည်စျေးနှုန်းများ ရုတ်တရက် မြင့်တက် သွားခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ၁၀၀ ကျော်သော မြို့ကြီးများတွင် လူပေါင်းများစွာပါဝင်သော ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး အနည်းဆုံး ဆန္ဒပြသူ ၄၅ ဦး (ကလေး ၈ ဦးအပါအဝင်) သေဆုံးကာ လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

၁။ အစိုးရ၏ တုံ့ပြန်မှုနှင့် ဆက်သွယ်ရေး ဖြတ်တောက်မှု

ဆန္ဒပြပွဲများ စတင်သည်နှင့်တပြိုင်နက် အီရန်အာဏာပိုင်များသည် အင်တာနက်နှင့် ဖုန်းလိုင်း များကို ချက်ချင်းဖြတ်တောက်ခဲ့သည်။ အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ NetBlocks ၏ ညွှန်ကြားရေးမှူး Alp Toker က ယခုကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှောင်ချခြင်း သည် အစိုးရအနေဖြင့် ဆန္ဒပြသူများကို အသက်သေဆုံးသည်အထိ အင်အားသုံးနှိမ်နင်း တော့မည် ဖြစ်ကြောင်း ပြသသည့် ရှေ့ပြေးနိမိတ်ဖြစ်လေ့ရှိသည်ဟု ဆိုသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ မြေပြင်တွင် ဖြစ်ပျက်နေသည်များကို သတင်းမပြန့်စေရန်နှင့် နိုင်ငံတကာ၏ စောင့်ကြည့်စစ်ဆေးမှုကို ကန့်သတ်ရန်ဖြစ်သည်။ သို့သော်လည်း အချို့သော ပြည်သူများသည် မှောင်ခိုသွင်းထားသည့် Starlink စက်ပစ္စည်းများကို အသုံးပြု၍ ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်သို့ တင်နိုင်ခဲ့ကြသည်။

၂။ နိုင်ငံရေးအရ လှုံ့ဆော်မှုနှင့် ကြွေးကြော်သံများ

ယခုဆန္ဒပြပွဲတွင် ပြည်ပသို့ ရောက်ရှိနေသော အိမ်ရှေ့မင်းသား Reza Pahlavi ၏ တိုက်တွန်းချက်သည် ထိရောက်မှုရှိခဲ့သည်။ ဆန္ဒပြသူများသည် ၁၉၇၉ ခုနှစ် တော်လှန်ရေးတွင် ပြုတ်ကျသွားခဲ့သော Pahlavi မင်းဆက်ကို ပြန်လည်အမှတ်ရစေသည့် ကြွေးကြော်သံများကို သုံးနှုန်းလာကြသည်။ ထို့ပြင် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသ များတွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာခါမီနီ (Ayatollah Ali Khamenei) ကို တိုက်ရိုက်ပစ်မှတ်ထားပြီး “ခါမေနီ သေပါစေ”၊ “ဒါဟာ သွေးစွန်းတဲ့နှစ်ပဲ၊ ဆေယက်အလီ (ခါမေနီ) ပြုတ်ကျတော့မယ်” ဟု အော်ဟစ်ကာ ၎င်း၏ အကြွင်းမဲ့အာဏာကို စိန်ခေါ် လာကြသည်။

၃။ စီးပွားရေးအကြပ်အတည်းနှင့် ဈေးသည်များ၏ အခန်းကဏ္ဍ

အီရန်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် Bazaaris ဟုခေါ်သော ဈေးသည်/ကုန်သည်များသည် အစိုးရကို ပြောင်းလဲနိုင်သည့် အင်အားကြီးအစုအဖွဲ့ဖြစ်သည်။ ၁၉၇၉ ခုနှစ် တော်လှန်ရေး အောင်မြင်ခဲ့ခြင်းမှာလည်း ၎င်းတို့၏ ထောက်ပံ့မှုကြောင့်ဖြစ်သည်။ ယခုအခါ အစိုးရအပေါ် အစဉ်အလာအရ သစ္စာရှိခဲ့သော ဤကုန်သည်များပါ လမ်းပေါ်ထွက်လာခြင်းသည် အစိုးရ အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။

အဓိကပြဿနာမှာ ဗဟိုဘဏ်က သွင်းကုန်ဒေါ်လာစျေး အထူးအခွင့်အရေးကို ရပ်စဲလိုက် သဖြင့် ကုန်စျေးနှုန်းများမှာ နာရီနှင့်အမျှ တက်နေသည်။

အစိုးရ၏ ဖြေရှင်းချက်မှာ သမ္မတ မာဆွပ် ပီဇက်ကီရန်(Masoud Pezeshkian) ၏ အစိုးရက ပြည်သူတစ်ဦးကို တစ်လလျှင် ၇ ဒေါ်လာခန့် တိုက်ရိုက်ငွေကြေးထောက်ပံ့ရန် ကမ်းလှမ်း သော်လည်း ၎င်းကပင် ယင်းလုပ်ရပ်သည် အကျပ်အတည်းကို မဖြေရှင်းနိုင်ကြောင်း ဝန်ခံထားသည်။

၄။ ပဋိပက္ခနှင့် ထိခိုက်သေဆုံးမှုများ (စာရင်းဇယားများ)

ဆန္ဒပြသူများ ၁၂ ရက်အတွင်း အနည်းဆုံး ၄၅ ဦး သေဆုံး (ကလေး ၈ ဦး အပါအဝင်)၊ ၂,၀၀၀ ကျော် ဖမ်းဆီးခံရသည်။

အစိုးရသတင်းဌာန (Fars News) အရ ရဲတပ်ဖွဲ့ဝင် ၉၅၀ ဦးနှင့် Basij လက်နက်ကိုင်အဖွဲ့ဝင် ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) အဖွဲ့ဝင် ၂ ဦး အပါအဝင် လုံခြုံရေးအဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

အီလမ် (Ilam) မြို့တွင် ဒဏ်ရာရသော ဆန္ဒပြသူများကို ဆေးရုံသို့ ပို့ဆောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့များက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့သည့် ဖြစ်ရပ်ကြောင့် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သော ဝေဖန်မှုကို ခံနေရသည်။

၅။ ပြင်ပခြိမ်းခြောက်မှုများနှင့် အနာဂတ်အလားအလာ

အီရန်အစိုးရသည် ပြည်တွင်းမငြိမ်မသက်မှုများအပြင် ပြည်ပခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်နေရသည်။ လွန်ခဲ့သော ၆ လခန့်က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ခံခဲ့ရပြီးနောက် သမ္မတထရန့်ကလည်း ထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ပညာရှင်များ၏ အမြင်။ နယူးယောက်တက္ကသိုလ်မှ ပါမောက္ခအာရန် ကက်ရှာဗာဇီအန် ( Arang Keshavarzian) က အီရန်အစိုးရတွင် ယခုအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် စီမံကိန်းမရှိတော့ဘဲ “အင်အားသုံး နှိမ်နင်းခြင်း” တစ်ခုတည်းကိုသာ လက်နက်အဖြစ် သုံးနိုင်တော့ကြောင်း သုံးသပ်ထားသည်။ ပြည်သူအများစုမှာလည်း အစိုးရအပေါ် ယုံကြည်မှု လုံးဝကင်းမဲ့ သွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

တီဟီရန်မြို့ရှိပိတ်ထားသောဈေးဆိုင်ခန်းများ

ဆန္ဒပြချီတက်နေသောလူထု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 104 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက