နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

ဇန်နဝါရီလ (၁၃)ရက်။

ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကို လိပ်မူထားတာ တွေ့ရပါတယ်။

အဲ့ဒီအချက်တွေထဲ NUG က တရားဝင်အစိုးရလို့ ကြေညာထားပေမယ့် အနှစ်သာရမရှိတဲ့အချက်ပေါ် အခြေတည်ပြီး ၂၀၀၈ဖွဲ့စည်းပုံကို ကိုးကားဖော်ပြတာက တိုင်းရင်းသားတွေနဲ့ လူငယ်တွေအကြား သံသယဖြစ်စေတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ တော်လှန်ရေးကာလ တော်လှန်ရေးကာလ (၅)နှစ်အထိ ရောက်ရှိလာတော့မယ့်အချိန်မှာ မှေးမှိန်လာပြီဖြစ်တာကြောင့် တရားဝင်အစိုးရဆိုပြီး ခေါ်လို့မရတော့ဘူးလို့ ဖော်ပြထားပါသေးတယ်။

နောက်ပြီး စစ်မှန်တဲ တော်လှန်ရေးအစိုးရတရပ်ဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူတိုင်းကို အုပ်မိုးပေးရမယ့် ထီးတလက်ဖြစ်သင့်ပေမယ့် တော်လှန်ရေးအင်အားစုတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

UDLA ရဲ့ ထုတ်ပြန်ချက်ထဲ NUG အနေနဲ့ ကိုယ်တိုင်ကာကွယ်ပေးဖို့ ငြင်းဆန်ထားတဲ့ အဖွဲ့တွေရဲ့ ပေးဆပ်တာတွေကို အသုံးချပြီး နိုင်ငံတကာမှာ နယ်မြေစိုးမိုးတာတွေရှိတယ်လို့ ဘာကြောင့် အခိုင်အမာပြောဆိုလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။

ဒါ့အပြင် NUG ဟာ တခါတလေ မြို့နယ်တခုထဲမှာ လတိုင်း ကျပ်သိန်း‌(၄၀၀၀၀)ကျော် ရရှ်ိပေမယ့် ရန်ပုံငွေအများစုဟာ အဂတိလိုက်စားတာတွေကြောင့် ပျောက်သွားရတာကို ဝန်ကြီးတွေကိုယ်တိုင် ကွယ်ရာမှာ ဝန်ခံထားတာရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့် ဘဏ္ဍာငွေတွေဟာ တော်လှန်ရေးအတွက် ရန်ပုံငွေမဟုတ်ဘဲ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်အပေါ် အမြတ်ထုတ်နေတာသာဖြစ်တယ်လို့ ပြောဆိုထားပါသေးတယ်။

‌နောက်ပြီး BNRA နဲ့ပတ်သက်ပြီး NUG က စစ်ရေးကျူးလွန်မှာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် (၂၄)နာရီမတိုင်ခင် တိုက်ခိုက်ခဲ့တာဟာ စစ်ဖက်ဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်သလို တော်လှန်ရေးသမားတွေကို ပြင်းထန်စွာ ထိပါးစော်ကားတာလို့ ‌ရေးသားထားပါတယ်။

ဒါ့ကြောင့် NUG အနေနဲ့ တော်လှန်ရေးပဋိပက္ခတွေကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်နေတဲ့အပေါ် UDLA က အပြင်းအထန် ပြစ်တင်ရှုတ်ချထားသလို ခေါင်းဆောင်တိုင်း တာဝန်ခံစေဖို့ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးဆိုတာဟာ ပြည်သူကို မကာကွယ်နိုင်တဲ့ အစိုးရအပိုင်မဟုတ်ဘဲ တော်လှန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုသာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 26 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 35 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 36 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 32 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 29 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့