ဇန်နဝါရီလ (၂၂)ရက်။
မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA က ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
ဇန်နဝါရီလ (၂၀)ရက်နဲ့ (၂၁)ရက်တို့မှာ မောင်တောမြို့ (၇၆၆)တပ်ရင်းအပါအဝင် ကားလမ်းမတွေနဲ့ မြကန်သာဆည်အနီးဝန်းကျင်ကို AA က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ (၂)ရက်ထဲ မိုင်းရှင်းလင်းခဲ့ရာ M-14 မိုင်း (၇၈)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသထဲသတင်းဌာနဖြစ်တဲ့ Araken Princess Media က ဖော်ပြထားပါတယ်။
မောင်တောမြို့တိုက်ပွဲကာလမှာ စစ်တပ်က တပ်စွဲထားတဲ့နေရာတွေ၊ တောင်တန်းတွေနဲ့ အရပ်သားတွေနဲ့ နီးစပ်တဲ့ လယ်ခင်းနဲ့ ယာခင်းတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားသလို စစ်ကျန်လက်နက်တွေကို စွန့်ပစ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ARSA၊ ARA နဲ့ RSO အဖွဲ့တွေကလဲ မောင်တောမြို့ရှိ အရပ်သားတွေနေထိုင်တဲ့ အိမ်ခြံတွေနဲ့ လမ်းတွေမှာ မြေမြှုပ်မိုင်းတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် AA အနေနဲ့ ရခိုင်ဒေသထဲ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်တွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေနဲ့ မိုင်းရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။









