နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား

ဇန်နဝါရီလ (၂၉)ရက်။

ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့် ကြိုတင်ပြင်ဆင်ပြီး အစီအမံတွေ ချထားတာနဲ့ စားနပ်ရိက္ခာတွေ ယူဆောင်တာ စတာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ထောင်ဖောက်ခဲ့တာမှာ စစ်သုံ့ပန်း (၇၆)ဦး၊ ထောင်ဝန်ထမ်း (၂)ဦးနဲ့ မူးယစ်ဆေးဝါးနဲ့ ထောင်ကျနေသူ (၅)ဦး စုစုပေါင်း (၈၃)ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကာ ပြန်လည်ခုခံတာကြောင့် (၈)ဦးကို အသေပစ်ခတ်ခဲ့ပြီး (၂)ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ထောင်ဖောက်ပြေးသူတွေ ယူဆောင်သွားတဲ့ လက်နက်ငယ် (၅)လက်နဲ့ ကျည်အချို့ကို သိမ်းဆည်းရမိခဲ့သလို ကျန်သူတွေဟာ ထိုင်းစစ်တပ်ဆီ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ ဌာနထဲ စစ်ဆေးတာနဲ့ ဖြစ်စဉ်အသေးစိတ်ကို အစီရင်ခံတင်ပြတာအပါအဝင် ပူးပေါင်းပါဝင်ခဲ့တဲ့ ထောင်အမှုထမ်း (၂)ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ ကျန်တဲ့ စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသားတွေရဲ့ လုံခြုံရေးအစီအမံကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေတွေအတိုင်း ထိန်းသိမ်းကြပ်မတ်သွားမယ်လို့ အသိပေးထားပါတယ်။

Karenni-IEC အနေနဲ့ အကျဉ်းထောင်ဝန်ထမ်း အင်အားဖြည့်တင်းတာအပြင် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်တာနဲ့ အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်‌ပြောင်းလဲတာတွေကို ဖော်ဆောင်သွားမယ်လို့လဲ ပြောဆိုထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ စစ်သုံ့ပန်းအရေး စီမံဖို့အတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ နည်းပညာအကူအညီနဲ့ ရန်ပုံငွေ အထောက်အပံ့တွေကို ထည့်သွင်းဖိတ်ခေါ်ထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထားသလို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆက်လက်ဆောင်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က