စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ
ဇန်နဝါရီလ (၃၀)ရက်။
ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ထဲ ခုခံတိုက်ပွဲ (၁၀)ကြိမ်အထိ ဖြစ်ပွာခဲ့ကာ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် (၁)ဦး ဘယ်ဘက်လက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီနယ်မြေထဲ စစ်ကြောင်းထိုးဝင်ရောက်ချိန်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး ကျေးရွာတွေကနေ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ သီးပင်ကုန်းဒေသခံ အမျိုးသား (၁)ဦး သေဆုံးခဲ့သလို စစ်တပ်စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဝက်ကော်ရွာက နေအိမ် (၂၈)လုံးနဲ့ ထန်းလေးပင်ရွာက နေအိမ် (၅၀)ကျော် ပျက်ဆီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ကင်းမွန်တောင့်ရွာမှာ တရွာလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးနေချိန်ထဲ ဇန်ဝါရီလ (၁၈)ရက်နေ့က သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ နောက်တန်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၁၀)ကြိမ်အထိ တိုက်ခိုက်ခဲ့တာကြောင့် စခန်းရှိ အဆောင်အချို့ ပျက်စီးခဲ့ကာ ရဲဘော်တွေ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။








