ဖေဖော်ဝါရီလ (၂)ရက်။
မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ ဗုံးသီးတွေကို ထုတ်လုပ်တဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် ၇၅မမ (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီစစ်ဆင်ရေးမှာ စက်ရုံထဲက ပစ်မှတ်တွေကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၁၂)ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်လုပ် ၇၅မမ ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့ရာ စက်ရုံထဲရှိ ပစ်မှတ်အဆောက်အဦးတွေကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်တာတွေ ရှိနိုင်ကာ ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်းထုတ်ပြန်ထားတာမရှိပါဘူး။
ကပစ(၁၂) ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေ ရှော့တိုက်ဒုံးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာကို PDF သရက်ခရိုင်စစ်ဌာနရဲ့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။








