နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောင်းသားတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာဖို့ သဘောတူခဲ့

ဖေဖော်ဝါရီလ (၄)ရက်။

မနေ့က ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ ကျနော်တို့ SRF နဲ့ NUG/MOD ရဲ့ ခရိုင်ကွပ်ကဲရေးမှူးနဲ့အဖွဲ့တွေ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ အဲ့ဒီမှာ ညနေ(၆)နာရီ နှစ်ဖက်တပ်တွေ ဆုတ်ခွာပေးဖို့ သဘောတူညီချက်ရခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ SRF နဲ့ NUG/MOD ခရိုင်ကွပ်ကဲရေးမှူးနဲ့အဖွဲ့တို့ တွေ့ဆုံညှိနှိုင်းကာ ညနေ(၆)နာရီအချိန်မှာ နှစ်ဖက်တပ်တွေ ဆုတ်ခွာပေးဖို့ကို သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဒေသခံပြည်သူလူထုရဲ့ သပိတ်တိုက်ပွဲ အောင်မြင်မှုကို တပ်တော်အနေနဲ့ လေးစားစွာ ဂုဏ်ပြုကာ လူထုထောက်ခံမှုကသာ တော်လှန်ရေးအဆုံးအဖြတ် ပေးနိုင်မယ်လို့ ရေးသားထားပါတယ်။

SRF ရဲ့ ထုတ်ပြန်ချက်ထဲ လူမှုကွန်ရက်မှာ မဟုတ်မမှန် စွပ်စွဲတာတွေကို လူထုထောက်ခံမှုနဲ့သာ ဆုံးဖြတ်တာဖြစ်တာကြောင့် လူထုရဲ့ အဆုံးအဖြတ်ကိုသာ ခံယူမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ဒေသခံလူထုအများစု ထောက်ခံပေမယ့် သဘောထားကွဲလွဲနေတဲ့ လူနည်းစုအနေနဲ့ အဖွဲ့နဲ့ပတ်သက်ပြီး မကြေလည်တာတွေကို ဒေသအခြေစိုက် ပြည်သူ့ဆက်ဆံရေးရုံးတွေမှာ ဖြေရှင်းဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ မင်းကင်းနယ်မှာ NUG က ရွှေမျောလုပ်ကွက်ချပေးတဲ့အပေါ် ဒေသခံတွေဘက်က ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီနောက် NUG က ပသုံးလုံးယန္တရားဖော်ဆောင်ရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ SRF နဲ့ ညှိနှိုင်းမရဘဲ အခြေအနေတင်းမာ‌တာတွေရှိခဲ့တယ်လို့ နှစ်ဖက်အဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 27 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကိုင်းမှာ ပေါ်တာလာဆွဲတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 43 Views
ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က မန္တလေး-မုံရွာ-ရွှေဘိုလမ်းမှာ ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ စစ်ကော်မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNDF နဲ့ အင်းလေးPDF အပါအဝင် PDF (၂၄)ဦး အလင်းဝင်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 33 Views
အင်းလေးPDF တပ်ဖွဲ့ဝင်တဦးပါဝင်တယ်ဆိုတာ သတင်းအမှားလို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ KNDF နဲ့ အင်းလေးPDF အပါအဝင် PDF တပ်ဖွဲ့ဝင် (၂၄)ဦး ဥပဘောင်ထဲ ဝင်ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့
မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 35 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 32 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး
မြန်မာသတင်း

ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီက လက်ဖြန့်တောင်းပြီး မရနိုင်ဘူးလို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၂)ရက်။ မွန်အမျိုးသား‌တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့
မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ
မြန်မာသတင်း

တော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၂)ရက်။ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတာကို