နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

New York Times

အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီအား ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော အစားထိုးအစိုးရအဖြစ် ဖွဲ့စည်းခဲ့သော်လည်း ၎င်း၏ ရည်မှန်းချက် အများစုကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေကြောင်း ဝေဖန်သူများက ဆိုကြသည်။

မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ငါးနှစ်အကြာတွင် စစ်ကောင်စီကို ဆန့်ကျင်သော နိုင်ငံရေးသမားများနှင့် အရပ်ဘက်ခေါင်းဆောင်များသည် ကမ္ဘာ့စင်မြင့်ထက် တွင် နိုင်ငံ၏ တစ်ဦးတည်းသော တရားဝင်ကိုယ်စားလှယ် ဖြစ်လာစေရန် ရည်ရွယ်လျက် ဒီမိုကရေစီလိုလားသောအုပ်စုကို ဖွဲ့စည်းခဲ့ကြသည်။

၎င်းတို့သည် ဝါရှင်တန်နှင့် လန်ဒန်ကဲ့သို့သော နေရာများအပြင် မြန်မာနိုင်ငံအတွင်းရှိ မငြိမ်မသက်ဖြစ်နေသော ဒေသအချို့တွင် ရုံးခန်းများဖွင့်လှစ်ခဲ့သည်။ ရန်ပုံငွေ ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေး အဖွဲ့ အစည်းများ ပါဝင်သည့် တပ်မတော်တစ်ရပ်ကို တည်ထောင်ရန် ကတိပြုခဲ့ကြသည်။ မိမိကိုယ် ကိုယ် အရိပ်အစိုးရ (Shadow Government) ဟု ခေါ်ဆိုကာ ဝန်ကြီးဌာနများ ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏ ရည်မှန်းချက်များကို ထင်ဟပ်စေသည့် “ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ” (NUG) ဟူသော အမည်ကို ရွေးချယ်ခဲ့ကြသည်။

သို့သော် အဖွဲ့ဝင်အများစု ပြည်ပတွင်ရှိနေသည့် ဤအရိပ်အစိုးရသည် ကြီးမားသော အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူပေါင်း အနည်းဆုံး ၇,၇၀၀ ဦး သေဆုံးခဲ့ရသည့် စစ်တပ်၏ ရက်စက်သော နှိမ်နင်းမှုများအပေါ် နိုင်ငံတကာ၏ လျစ်လျူရှုမှုကို ပြောင်းလဲနိုင်ခြင်း မရှိ ခဲ့ပေ။ ထို့ပြင် စစ်ကောင်စီတပ်များကို အသာစီးရယူနေသည့် မြေပြင်ရှိတိုက်ပွဲဝင်နေသည့် ဒေသခံတော် လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလည်း အပြည့် အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ယခုအခါ စစ်ကောင်စီက ကြိုတင်စီစဉ်ထားသည့် ရွေးကောက်ပွဲအပြီးတွင် အရပ်သား အစိုးရ ဟု ခေါ်ဆိုသည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေချိန်၌ အမျိုးသားညီညွတ်ရေး အစိုးရ သည် ပိုမိုအရာမရောက်သည့် အခြေအနေသို့ ဆိုက်ရောက်လာနေပုံပေါ်သည်။

မြန်မာနိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ ဦးကြီးမြင့်က ဤအရိပ် အစိုးရသည် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုထက် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) တစ်ခုကဲ့သို့ ပိုမိုလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

“ သူတို့က ပြည်သူတွေ တကယ်လိုလားနေတာတွေနဲ့ ကင်းကွာနေတယ်” ဟု အသက် ၈၀ အရွယ် ဦးကြီးမြင့်က ဆိုသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတစ်လျှောက် အချိန်အတော်ကြာ အုပ်ချုပ်ခဲ့သည့် စစ်တပ်သည် မြို့ကြီးများတွင် အခြေစိုက်နေဆဲဖြစ်ပြီး နိုင်ငံပိုင်နက်၏ ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်သည်။ ပြီးခဲ့သည့်နှစ်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည်။ သို့သော် စစ်တပ်က ဖြုတ်ချခဲ့သူများအပါအဝင် အတိုက်အခံ နိုင်ငံရေးသမားအများစုမှာ ထောင်သွင်း အကျဉ်းချခံထားရခြင်း၊ နိုင်ငံရေးလုပ်ပိုင်ခွင့် ပိတ်ပင်ခံထားရခြင်း သို့မဟုတ် တိမ်းရှောင် နေရခြင်းများ ရှိနေသည်။

ရွေးကောက်ပွဲကို စစ်တပ်ထိန်းချုပ်ထားသော နယ်မြေများတွင်သာ အဆင့်သုံးဆင့်ဖြင့်ကျင်းပ ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ပြီးဆုံးခဲ့သည်။ ၎င်းရွေးကောက်ပွဲကို လှည့်စားမှု တစ်ခု အဖြစ် ဝေဖန်မှုများပြားခဲ့ပြီး စစ်ကောင်စီ၏ လက်ဝေခံနိုင်ငံရေးပါတီက အနိုင်ရရှိရန် မျှော်လင့် ထားကြသည်။

စစ်တပ်က တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အရိပ်အစိုးရကမူ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့သည်။

စစ်တပ်၏ ထုတ်ပြန်ချက်အရ မဲပေးသူ ၅၄.၁ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသော်လည်း ၎င်းမှာ ဆယ်စုနှစ်များအတွင်း အနည်းဆုံးဖြစ်ခဲ့သည်။ NUG ကမူ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အမှန်တကယ် မဲပေးသူအရေအတွက်မှာ ၂၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိနိုင် ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့အရေး လွတ်လပ်သောလေ့လာဆန်းစစ်သူ ဒေးဗစ် စကော့ မာသီဆန် (David Scott Mathieson) က စစ်တပ်သည် ဤရွေးကောက်ပွဲကို အသုံးပြု၍ နိုင်ငံရေးအခြေအနေကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီး အရိပ်အစိုးရဘက်က ထိရောက်စွာ မတုံ့ပြန်နိုင်သည့် လက်တွေ့အရှိတရားသစ်တစ်ခုကို ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမှာ “ ပြက်လုံးတစ်ခု” မျှသာ ဖြစ်သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေးအစီအစဉ်များကို စိတ်ကြိုက်ချမှတ်နိုင်မည့် အယောင်အဆောင်လုပ်ထုံးလုပ်နည်း တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြောင်း မာသီဆန်က ဆိုသည်။ မြို့နေပြည်သူများမှာ အလွန်အမင်း မောပန်းနွမ်းနယ်နေကြသဖြင့် အာဏာပိုင်များ၏ အနှောင့်အယှက်မှ ကင်းဝေးစေရန်အတွက်သာ မဲပေးကြလိမ့်မည်ဟူသော “ ပျံ့နှံ့နေသည့် စိတ်ပျက်အားလျော့မှု” အပေါ် စစ်ကောင်စီက အလောင်းအစားလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

“ NUG ကတော့ သူ့ခြေဖဝါးအောက်မှာ မြေပြင်အခြေအနေတွေ ပြောင်းလဲနေတာကို တကယ်ပဲ မမြင်နိုင်ခဲ့ဘူး” ဟု မာသီဆန်က ဝေဖန်ခဲ့သည်။

ပြစ်တင်ဝေဖန်သူများ၏ အဆိုအရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းတို့ ဦးဆောင်သည့် အရိပ်အစိုးရအတွင်း ဦးဆောင်မှု လုံးဝမရှိသလောက် ဖြစ်နေ ကြောင်း သိရသည်။ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ခေါ်ဆိုသော်လည်း မည်သို့တုံ့ ပြန်ရမည်ကို အဖြေရှာမရသည့် ကိစ္စရပ်များအတွက် ဇူးမ် (Zoom) မှတစ်ဆင့် အစည်းအဝေး များ ပြုလုပ်နေကြရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြည်ပရောက်အစိုးရတွင် “ ကိုယ်စားလှယ်ရုံး” အနည်းဆုံး ၁၁ ခု ရှိသော်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့က ၎င်းကို အသိအမှတ်မပြုကြပေ။

အခြားသူများစွာကဲ့သို့ပင် ဦးကြီးမြင့်သည်လည်း အစောပိုင်းတွင် ဤအဖွဲ့ကို ထောက်ခံခဲ့သူဖြစ်သည်။

NUG သည် ဗမာလူမျိုးကြီးဝါဒီ လွှမ်းမိုးမှုကို အဆုံးသတ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကို အခြေခံကျကျ ပြန်လည်ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ အားလုံးပါဝင်နိုင်သော နိုင်ငံတော် သစ်တစ်ခု တည်ဆောက်ရန် တိုင်းရင်းသားခေါင်းဆောင် အသီးသီးကို ထည့်သွင်းဖွဲ့စည်း လိုကြောင်း ပြောကြားခဲ့သည်။ စစ်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေ နိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ အစောပိုင်း အောင်မြင်မှုများ ဖြစ်သည်။

ယခုအခါ ဦးကြီးမြင့်သည် အရိပ်အစိုးရ၏ အပြင်းထန်ဆုံး ဝေဖန်သူတစ်ဦး ဖြစ်လာသည်။ ၎င်း၏ အဓိက တိုင်တန်းချက်မှာ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု မရှိခြင်းဖြစ်ပြီး ထိုအချက်ကြောင့် မြေပြင်ရှိ တော်လှန်ရေးသမားများထံ ရင်းမြစ်များ မရောက်ရှိရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် တစ်ဦးအား ဆွေမျိုးကောင်း စားရေး၊ အကျင့်ပျက်ခြစားမှုနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်မှုတို့ဖြင့် စွပ်စွဲခံခဲ့ရသည့် ဖြစ်စဉ်ကို ၎င်းက ထောက်ပြခဲ့သည်။ ထိုသူကို ရာထူးမှ ဆိုင်းငံ့ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု ရလဒ်များကို ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

အရိပ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကမူ ၎င်းတို့အဖွဲ့အနေဖြင့် အကောင်း ဆုံး ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။ “ ကျွန်မတို့က သုညကနေ စတင်ခဲ့ရတာပါ” ဟု နေရာအတိအကျ မဖော်ပြသည့် တစ်နေရာမှ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ဝေဖန်မှုများသည် “ ကျွန်မတို့ ရှေ့ဆက်သွားနိုင်ဖို့ အထောက်အကူပြုပြီး အားပေးတဲ့” အပြုသဘောဆောင်သည့် ဝေဖန်မှုများသာ ဖြစ်သင့်ကြောင်း သူမက ဆိုသည်။

“ ကျွန်မတို့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို တကယ်ပဲ နားလည်ပါတယ်” ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။

သို့သော် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားနေသည့် မြန်မာနိုင်ငံ အချို့ဒေသများရှိ တော်လှန်ရေးသမားများကမူ အမျိုးသားညီညွတ်ရေးအစိုးရထံမှ လိုအပ်သော ရန်ပုံငွေများ မရရှိကြကြောင်း ပြောဆိုကြသည်။ အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင်ခဲ့သည့် အရပ်သားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မန္တလေး အခြေစိုက် တပ်ရင်းမှူးတစ်ဦးက ၎င်း၏ တပ်ဖွဲ့ဝင်များသည် အလှူငွေများကိုသာ အားကိုးပြီး ရပ်တည်နေရကြောင်း ပြောကြားခဲ့သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်များနှင့် ဆရာမများအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် အဖွဲ့ကို တည်ထောင်သူ ကိုတင့်ဇော်ဟိန်းက မြန်မာနိုင်ငံ အလယ်ပိုင်း တစ်ခွင်ရှိ တော်လှန်ရေးရဲဘော်အချို့နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့တွင် ကျည်ဆန် ၅၀ မှ ၁၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်။

အရိပ်အစိုးရသည် ပြည်တွင်းစစ် မည်မျှကြာရှည်မည်ကို ကြိုတင်မမြင်နိုင်ခဲ့ကြောင်း ၎င်းက ဝေဖန်ခဲ့သည်။

“ နိုင်ငံပြင်ပကနေ နိုင်ငံကို ပြောင်းလဲလို့ မရဘူး” ဟု ၎င်းက ဆိုသည်။

အရိပ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ကိုနေဖုန်းလတ်ကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်အသစ်အဖြစ် ပူးပေါင်းရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူတိုင်းကို လက်နက် အပြည့်အဝ မတပ်ဆင် ပေးနိုင်သည်မှာ အမှန်ဖြစ်သော်လည်း “ ဒါပေမဲ့ သူတို့ကို ဘာအထောက်အပံ့မှ မပေးဘဲ ပစ်ထားတာမျိုးတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု မရသေးတာ မှန်ပေမဲ့ ဘာမှ မအောင်မြင်ဘူးလို့ ပြောရင်တော့ ဒါဟာ ချဲ့ကားပြောဆိုတာ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏ ထင်ရှားသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည့် ကိုတေဇာဆန်းက “ NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် လုံးဝအားမရဘူး” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်းကြောင့် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

စစ်ကောင်စီကို ဆန့်ကျင်မှုကြောင့် စစ်တပ်၏ အလိုရှိဆုံးစာရင်းတွင် ပါဝင်နေလေ့ရှိသော ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းက အရိပ်အစိုးရအနေဖြင့် ပိုမိုခိုင်မာသော ဦးဆောင်မှု လိုအပ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများအတွက် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်တင်ရန် အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝေဖန်မှုများ မြင့်တက်လာခြင်းကြောင့် ဒီဇင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ဝန်ကြီးဌာန အရေအတွက်ကို ၁၇ ခုမှ ၁၂ ခုသို့ လျှော့ချခဲ့သည်။ သို့သော် ဒေါက်တာတေဇာ ဆန်း က မြန်မာပြည်သူများသည် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရာ ဗဟိုချက် ဖြစ်သည့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးများရှိ ဒေသန္တရအုပ်ချုပ်ရေးယန္တရား များ အားကောင်းလာစေခြင်းကဲ့သို့သော “ ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ အပြောင်း အလဲတွေ” ကို စောင့်မျှော်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအများစုတွင် ကာကွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ လုပ်ဆောင်နေသည့် အရိပ်အစိုးရကို လုံးဝအစားထိုးရန်မှာ လက်တွေ့ မကျကြောင်း ဒေါက်တာတေဇာဆန်းက ဆိုသည်။ ကမ္ဘာ့အမြစ်တွယ်ဆုံး စစ်အာဏာရှင်စနစ်တစ်ခုကို ဖြုတ်ချရန်မှာ အချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက သတိပေး ခဲ့သည်။

“ NUG က ဘာမှ မလုပ်တာတော့ မဟုတ်ပါဘူး” ဟု ဒေါက်တာတေဇာဆန်းက ပြောသည်။ “ ဒါပေမဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့တော့ ကိုက်ညီမှု မရှိသေးတာပါပဲ။”

ရေးသားသူ – ဆွီ လီးဝီ (Sui-Lee Wee)  ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

Sui-Lee Wee သည် New York Times ၏ အရှေ့တောင်အာရှဗျူရိုအကြီးအကဲဖြစ်ပြီး ဒေသတွင်း ၁၁ နိုင်ငံ၏ သတင်းများကို တာဝန်ယူကြီးကြပ်နေသူဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတိုင်ပင်ခံကောင်စီကို အစိုးရအဖွဲ့ဖွဲ့ပြီးနောက် သမ္မတဆိုသူက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင်