နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့ NUCC နဲ့ NUG ဒုတိယအကြိမ် ဆွေးနွေးအဖြေရှာ

ဖေဖော်ဝါရီလ (၁၀)ရက်။

ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၇)နာရီအချိန်ကစပြီး NUCC နဲ့ NUG တို့ (၄)နာရီကျော်ကြာ ဒုတိယအကြိမ်မြောက် ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး NUCC နဲ့ NUG တို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီအစည်းအဝေးမှာ အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတခု ပေါ်ပေါက်စေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၂) ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး NUCC ပြုပြင်ပြောင်းလဲဖို့၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA ရှေ့ဆက်ရေးဆွဲနိုင်ဖို့နဲ့ NUCC/NUG ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေရဲ့ အခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဆွေးနွေးပွဲထဲ ကောင်းမွန်တဲ့ သဘောတူညီမှုများစွာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားကာ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

အစည်းအဝေးမှာ NUCC မှာပါဝင်တဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့တွေဘက်က ကောင်စီဝင်ခေါင်းဆောင်တွေနဲ့အတူ ကျန်အစုအဖွဲ့တွေက ကောင်စီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် NUG ရဲ့ Political Coordination Commission(PCC)မှာ ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ NUG တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၀)ဦးကျော်သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ဂိတ်ဖွင့်အခွန်ကောက်တာကစပြီး အကျင့်ပျက်ချစားမှုကြီးအဆင့်အထိ ရှိနေသေးတယ်လို့ NUG ဒုစစ်ဦးစီးအရာရှိချုပ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 17 Views
တပ်မှူး‌ကြီးတွေအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီး ထိန်းကျောင်းဖို့ ဆန္ဒရှိကြတယ်လို့ဆို ဖေဖော်ဝါရီလ (၁၀)ရက်။ ဂိတ်ဖွင့် အခွန်ကောက်တာကစပြီး အကျင့်ပျက်ချူညးမှုကြီးအဆင့်အထိ ရှိနေဆဲလို့ NUG
မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ
မြန်မာသတင်း

တဖွဲ့ချင်း စကားပြောတဲ့ပုံစံမျိုး လက်မခံဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ တဖွဲ့ချင်းနဲ့ စကားပြောတဲ့ပုံစံမျိုးကို လက်ခံမှာမဟုတ်ဘူးဆိုတာ ပြောပြထားပြီးဖြစ်တယ်လို့ (၆၅)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တဖွဲ့ထဲနဲ့
မြန်မာသတင်း

မြိုင်နယ်ရှိ နယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 52 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖထံက သိရပါတယ်။ “ လင်းကတောနယ်မြေရဲစခန်းက အသက် (၁၈)နှစ်အရွယ်ရှိတဲ့ ပြည်သူ့စစ်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖကို ဆက်သွယ်ပြီး အလင်းဝင်လာတာ”
မြန်မာသတင်း

အာဏာရူးနဲ့ငြိမ်းချမ်းရေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 39 Views
ဒီအပတ် ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၃၃) ခေါင်းစဥ်ကတော့” အာဏာရူးနဲ့ငြိမ်းချမ်းရေး”ဖြစ်ပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းအရာ ကတော့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းကပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး လမ်းစဉ်ကို ချမှတ်ထားတယ်ဆိုခဲ့သလို၊ KIO ဥက္ကဋ္ဌ အင်ဘန်လှကလည်း ထိန်းချုပ်နယ်မြေတွေမှာ
မြန်မာသတင်း

လမ်းပြမြေပုံ (၆)ချက်ကို အကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 48 Views
ဖေဖော်ဝါရီလ (၇)ရက်။ လမ်းပြမြေပုံ (၆)ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲရှိ အင်အားစုတွေနဲ့ စုပေါင်းကာ နိုင်ငံရေးနဲ့ တော်လှန်ရေးဆိုင်ရာကိစ္စတွေ ဆက်လက်အကောင်အထည်ဖော်မယ့် လမ်းပြမြေပုံ (၆)ချက်ကို ညီညွတ်စွာ အကောင်အထည်ဖော်သွားမယ်လို့
မြန်မာသတင်း

တိုင်းပြည်မဖွံ့ဖြိုးတာ ခေါင်းဆောင်တွေ အလယ်အလတ်လမ်းစဉ်တရားနဲ့ အဆက်ပြတ်လို့ဆိုပြီး ယွက်စစ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၇)ရက်။ တိုင်းပြည်မဖွံ့ဖြိုးတာ တိုင်းပြည်ခေါင်းဆောင်တွေ မလယ်အလတ်လမ်းစဉ်တရားနဲ့ အဆတ်ပြတ်လို့ဆိုပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့ ရှမ်းအမျိုးသားနေ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းပြည်မငြိမ်မသက်၊ အကျပ်အတည်းဖြစ်လို့ ပြည်သူတွေ စစ်ဘေးရှောင်ရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးရတာနဲ့