နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်

အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ လှိုင်းလုံးသဖွယ် ပေါ်ပေါက်လာခဲ့သည်။

အီရန်အဓိပတိခေါင်းဆောင် သေဆုံးခြင်း။ အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက အတည်ပြုခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် သမ္မတ ဒေါ်နယ်ထရန့်က တစ်ပတ်လုံး အပြင်းအထန် ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဤစစ်ဆင်ရေးသည် တီဟီရန်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ထားကြောင်း ထရန့်က အရိပ်အယောင်ပြခဲ့သည်။ အီရန်နိုင်ငံပိုင်မီဒီယာ၏ အဆိုအရ တိုက်ခိုက်မှုတစ်ခုတွင် အီရန်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းသား အမြောက်အမြား သေဆုံးခဲ့ရသည်။

မကြုံစဖူး တုံ့ပြန်မှု။  အဓိပတိခေါင်းဆောင် သေဆုံးပြီးနောက် အီရန်သည် ၎င်း၏သမိုင်းတွင် အပြင်းထန်ဆုံး ထိုးစစ်ဆင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အီရန်သည် အရှေ့အလယ်ပိုင်း တစ်ခွင်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ၊ အစ္စရေးနှင့် အခြားပစ်မှတ်များကို စတင် တိုက်ခိုက် နေပြီဖြစ်ရာ လူနေထူထပ်သော ဒေသများကို တုန်လှုပ်စေပြီး လေကြောင်း ခရီးစဉ်များ နှင့် ရေနံတင်ပို့မှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

စိုးရိမ်ထိတ်လန့်နေသော ဒေသတွင်းအခြေအနေ။  အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ဤတိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းအတွက် “ သမိုင်းဝင်အခိုက်အတန့်” ဟု ခေါ်ဆိုခဲ့ပြီး၊ ကမ္ဘာ့ခေါင်းဆောင်များသည် ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

အဓိပတိခေါင်းဆောင် သေဆုံးပြီးနောက် အီရန်က ၎င်း၏သမိုင်းတွင် “ အပြင်းထန်ဆုံး ထိုးစစ်” ဆင်မည်ဟု ခြိမ်းခြောက်။

အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ သမိုင်းတွင် အပြင်းထန်ဆုံးနှင့် အကြမ်းတမ်းဆုံးသော ထိုးစစ် ဆင်မှုများကို အချိန်မရွေး စတင်တော့မည်ဖြစ်ကြောင်း အီရန်၏ အထူးစစ်တပ် (Revolutionary Guards) က အစ္စရေးနှင့် အမေရိကန်တို့ကို တိုက်ရိုက်ခြိမ်းခြောက် ပြောဆို လိုက်သည်။

စနေနေ့က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုတွင် နိုင်ငံ၏အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားကြောင်း အတည်ပြုပြီးနောက် အီရန်အစိုးရ အဖွဲ့အစည်းများသည် ကလဲ့စားချေမည်ဟု အလျင်အမြန် ကတိပြုခဲ့ကြသည်။

“ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သမိုင်းမှာ အပြင်းထန်ဆုံး ထိုးစစ်ဆင်မှုတွေကို အမေရိကန် အကြမ်းဖက်သမားတွေရဲ့ အခြေစိုက်စခန်းတွေနဲ့ သိမ်းပိုက်ခံနယ်မြေတွေဆီ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်” ဟု အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်ခဲ့သည်။

အီရန်အစိုးရက ထုတ်ပြန်ချက်တွင် “ ဒီကြီးမားတဲ့ ရာဇ၀တ်မှုဟာ ဘယ်တော့မှ အဖြေမရှိဘဲ ကျန်ရစ်မှာမဟုတ်သလို၊ အစ္စလာမ်ကမ္ဘာ့သမိုင်းမှာ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ပေး လိုက်တာ ဖြစ်တယ်” ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အီရန်၏ အမျိုးသားလုံခြုံရေးကောင်စီ (SNSC) က အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် “ ကမ္ဘာ့ဖိနှိပ်သူများကို တိုက်ခိုက်ရာတွင် ကြီးမား သော လူထုအုံကြွမှုကို စတင်စေလိမ့်မည်” ဟု ပြောကြားခဲ့သည်။

အဓိပတိခေါင်းဆောင် သေဆုံးပြီးနောက် မည်သူက အီရန်ကို ဦးဆောင်နိုင်သနည်း?

အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာအများအပြားက အတည်ပြုခဲ့ကြသည်။ ၎င်းကို အစားထိုးမည့်သူမှာ မရှင်းလင်းသေးဘဲ၊ အတွေ့အကြုံရင့် ခေါင်းဆောင်ကြီးသည် တရားဝင် အမွေဆက်ခံမည့် သူကို ထုတ်ဖော်ကြေညာထားခြင်း မရှိပေ။

အဆင့်မြင့် ဘာသာရေးခေါင်းဆောင် ၈၈ ဦးဖြင့် ဖွဲ့စည်းထားသော ‘ကျွမ်းကျင်သူများကောင်စီ’ (Assembly of Experts) က နောက်ထပ်ခေါင်းဆောင်သစ်ကို ရွေးချယ်မည်ဖြစ်သည်။ ကျွမ်းကျင်သူများနှင့် လေ့လာဆန်းစစ်သူများ၏ အဆိုအရ ထိုရာထူးအတွက် ရေပန်းစား နိုင်သူ အချို့ကို CNN က ဖော်ပြပေးလိုက်ပါသည်။

မိုတာဘား ခါမေနီ (၅၆ နှစ်)သည် ခါမေနီ၏ ဒုတိယသားဖြစ်ပြီး ဩဇာအာဏာကြီးမားသူ အဖြစ် သိထားကြသည်။ တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဘာဆစ် (Basij) စေတနာ့ ဝန်ထမ်း ပြည်သူ့စစ်အဖွဲ့တို့နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည်။ သို့သော် ရှီယိုက်အစ္စလာမ် ဘာသာရေးအသိုင်းအဝိုင်းတွင် သားဖြစ်သူက ရာထူးဆက်ခံခြင်းကို သဘောမတူကြပေ။ ထို့အပြင် ၎င်းသည် အဆင့်မြင့် ဘာသာရေးခေါင်းဆောင်တစ်ဦး မဟုတ်သလို အစိုးရ အဖွဲ့တွင်လည်း တရားဝင်ရာထူး မရှိပေ။

အလီရီဇာ အာရာဖီ (၆၇ နှစ်)သည် လူသိနည်းသော်လည်း ခါမေနီ၏ ယုံကြည်စိတ်ချရသော ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ လက်ရှိတွင် ကျွမ်းကျင်သူများကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဩဇာကြီးမားသော ‘အုပ်ထိန်းသူကောင်စီ’ (Guardian Council) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ သို့သော် ၎င်းသည် နိုင်ငံရေးအရ အလေးပေးခံရသူ မဟုတ်သလို လုံခြုံရေးအဖွဲ့အစည်းများနှင့်လည်း နီးကပ်သော ဆက်ဆံရေး မရှိပေ။

မိုဟာမက် မာဒီ မီဘာဂီရီ (၆၀ ကျော်)သည် သဘောထားတင်းမာသော ဘာသာရေး ခေါင်းဆောင်ဖြစ်ပြီး အစိုးရအဖွဲ့အတွင်း အစွန်းရောက်အုပ်စုကို ကိုယ်စားပြုသူဖြစ်သည်။ ၎င်းသည် အနောက်နိုင်ငံများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူဖြစ်ပြီး ယုံကြည်သူများနှင့် ဘာသာမဲ့များအကြား ပဋိပက္ခမှာ ရှောင်လွှဲမရနိုင်ဟု ယုံကြည်သူဖြစ်သည်။

ဟာဆန် ခိုမိန်းနီ (၅၀ ကျော်)။ အစ္စလာမ်မစ်သမ္မတနိုင်ငံကို တည်ထောင်သူ အယာတိုလာ ရူဟိုလာ ခိုမိန်းနီ၏ မြေးဖြစ်သည့်အတွက် ဘာသာရေးနှင့် တော်လှန်ရေးဆိုင်ရာ တရားဝင်မှု အပြည့်အဝရှိသည်။ သို့သော် ၎င်းသည် အစိုးရရာထူးကြီးကြီးမားမား မရဖူးသလို လုံခြုံရေးတပ်ဖွဲ့များအပေါ်တွင်လည်း ဩဇာလွှမ်းမိုးမှု နည်းပါးပုံရသည်။ ၎င်းသည် အခြားခေါင်းဆောင်များထက် သဘောထား ပိုမိုပျော့ပျောင်းသူအဖြစ် သိကြသည်။

ဟာရှမ် ဟိုစိန်နီ ဘူရှာရီ (၆၀ နှောင်းပိုင်း)သည် ရာထူးဆက်ခံရေးကို စီမံခန့်ခွဲသည့် အဖွဲ့အစည်းများနှင့် နီးကပ်စွာ ဆက်စပ်နေသော အဆင့်မြင့် ဘာသာရေး ခေါင်းဆောင် ဖြစ်သည်။ ကျွမ်းကျင်သူများကောင်စီ၏ ပထမဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ခါမေနီနှင့် နီးစပ်သည်ဟု ဆိုကြသော်လည်း ပြည်တွင်းတွင် လူသိနည်းပြီး စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိကြောင်း မတွေ့ရပေ။

အမေရိကန်-အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့်အီရန်ခေါင်းဆောင်အလီခါမီနီ (ပုံ)

တီဟီရန်မြို့တွင်ဒုံးကျည်ထိမှန်သည့်အပျက်အစီးပုံများကိုလူများရှင်းလင်းနေပုံ (ပုံ)

မည်သူခေါင်းဆောင်ဖြစ်လာမည်ကိုမသိသည့်ပြည်သူများနှင့်ဆိုင်းဘုတ် ထောင်ထားသည့် ကြေငြာ (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 108 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 19 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 62 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး