နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

ဂျာမဏီ

ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက်

ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့

လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောကြားခဲ့သည်။

ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သည့် ဥရောပထိပ်သီးအစည်းအဝေးအပြီး၌ သတင်းထောက် များကို ၎င်းက “ ကျွန်တော်တို့ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပြီး၊ လာမယ့်ရက်တွေအတွင်း ဒါဟာ အောင်မြင်နိုင်ခြေ ရှိ၊ မရှိ သိရပါလိမ့်မယ်” ဟု ပြောကြား ခဲ့သည်။

ဂျေရုဆလင်မြို့ပေါ်တွင် ပေါက်ကွဲသံများ ကြားရ

အီရန်နိုင်ငံဘက်မှ ဒုံးကျည်ဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောကြားနေစဉ်၊ ကြာသပတေးနေ့ ညနှောင်းပိုင်းက ဂျေရုဆလင် မြို့ပေါ်တွင် ကျယ်လောင်သော ပေါက်ကွဲသံများကို AFP သတင်းထောက်များ ကြားခဲ့ ရသည်။ Magen David Adom အရေးပေါ်ကယ်ဆယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ လူသေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု သတင်းများ ချက်ချင်း ထွက်ပေါ်လာခြင်း မရှိသေးပေ။

အီးယူ၏ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ

အီရန်စစ်ပွဲကြောင့် ၂၀၁၅ ခုနှစ်ကဲ့သို့ ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းမျိုး ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိရာ၊ ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများအတွင်းသို့ “ ထိန်းချုပ်မရသော ရွှေ့ပြောင်းအခြေချမှုများ” မဝင်ရောက်လာစေရန် အစွမ်းကုန် ဟန့်တားသွားမည်ဟု အီးယူခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ “ အလားတူ အခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် အီးယူဟာ ၎င်းရဲ့ သံတမန်ရေး၊ ဥပဒေရေးရာ၊ လုပ်ငန်းဆောင်ရွက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိရိယာအားလုံးကို အသုံးပြုပြီး ထိန်းချုပ်မရတဲ့ ရွှေ့ပြောင်းအခြေချမှုတွေကို တားဆီးဖို့နဲ့ ဥရောပရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အဆင်သင့် ရှိနေပါတယ်” ဟု ဘရပ်ဆဲလ် ထိပ်သီးအစည်းအဝေးအပြီးတွင် ခေါင်းဆောင်များက ပြောကြားခဲ့သည်။

စစ်ပွဲကြောင့် ဓာတ်ငွေ့ထုတ်လုပ်နိုင်မှု ၁၇ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ကာတာပြော

ကာတာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် အရည်ပျော် သဘာဝဓာတ်ငွေ့ (LNG) တင်ပို့နိုင်မှု ပမာဏမှာ ၁၇ ရာခိုင်နှုန်းအထိ လျော့ကျသွားမည် ဖြစ်ပြီး၊ ပြန်လည်ပြုပြင်ရန် ၃ နှစ်မှ ၅ နှစ်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ကာတာစွမ်းအင် ဝန်ကြီးက ပြောကြားခဲ့သည်။ “ ရေရှည် LNG စာချုပ်အချို့အတွက် ၅ နှစ်အထိ Force Majeure (မရှောင်လွှဲနိုင်သော အခြေအနေကြောင့် တာဝန်မကျေပွန်နိုင်မှု) အဖြစ် ကြေညာဖို့ အခြေအနေက ဖိအားပေးလာပါပြီ” ဟု Saad Sherida Al-Kaabi က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

စစ်ပွဲအဆုံးသတ်မလား?

ဒီစစ်ပွဲဟာ လူတွေထင်ထားတာထက် အများကြီး ပိုမြန်မြန် ပြီးဆုံးသွားလိမ့်မယ်” ဟု မြင်မိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ အခုအချိန်မှာ အီရန်ကို ဘယ်သူအုပ်ချုပ်နေလဲဆိုတာ ကျွန်တော် သေချာမသိဘူး။ အစားထိုး အယာတိုလာ (Ayatollah) ဖြစ်တဲ့ မိုဂျတာဘာ (Mojtaba) က အခုထိ လူလုံးထွက်မပြသေးဘူး… ကျွန်တော်တို့ မြင်တွေ့နေရတာကတော့ အထက်ပိုင်း နေရာကို လုနေကြတဲ့သူတွေကြားမှာ တင်းမာမှုတွေ အများကြီး ရှိနေတယ်ဆိုတာပါပဲ။” “ အက်ကြောင်းတွေကို ကျွန်တော်တို့ မြင်နေရပြီ။ အထက်ပိုင်း အမိန့်ပေးစနစ်မှာတင် မကဘဲ ရှေ့တန်းစစ်မြေပြင်မှာပါ ဒီအက်ကြောင်းတွေကို အမြန်ဆုံး ပြန့်သွားအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

အနိုင်ရနေခြင်း’

ကျွန်တော်တို့ အနိုင်ရနေပြီး အီရန်ကတော့ ပြိုကွဲပျက်စီးနေပြီ” ဟု နေတန်ယာဟုက ပြောကြားခဲ့ကာ အီရန်အနေဖြင့် ယူရေနီယံ သန့်စင်ခြင်း သို့မဟုတ် ပစ်စင်ဒုံးကျည်များ တည်ဆောက်ခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ထို့အပြင် အစ္စရေးက အမေရိကန်ကို စစ်ပွဲထဲသို့ “ ဆွဲသွင်းခဲ့သည်” ဆိုခြင်းကိုလည်း ငြင်းဆိုခဲ့ပြီး “ သမ္မတထရန့်ကို ဘာလုပ်ရမယ်ဆိုတာ တစ်ယောက်ယောက်က ခိုင်းလို့ရမယ်လို့ တကယ်ပဲ ထင်နေကြတာလား?” ဟု မေးခွန်းထုတ်ခဲ့သည်။

အစ္စရေးက ‘တစ်ကိုယ်တော် လှုပ်ရှားခဲ့ခြင်း’ ဖြစ်

အီရန်၏ ဓာတ်ငွေ့သိုက်ကို တိုက်ခိုက်ရာတွင် အစ္စရေးက ၎င်း၏သဘောဖြင့်သာ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့်ပင် တေဟီရန်က ကာတာ၏ အဓိကဓာတ်ငွေ့ အချက်အခြာနေရာကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ “ Asaluyeh ဓာတ်ငွေ့သိုက်ကို အစ္စရေးက တစ်ဦးတည်း တိုက်ခိုက်ခဲ့တာပါ။

သမ္မတထရန့်က နောက်ထပ်တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားဖို့ တောင်းဆိုထားတဲ့အတွက် ကျွန်တော်တို့ ခေတ္တရပ်နားထားပါတယ်” ဟု ၎င်းက ဆိုသည်။ အစောပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးအနေဖြင့် ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုး ထပ်မလုပ်ရန် ပြောကြားထားကြောင်း သတင်းထောက်များကို ပြောခဲ့သည်။ “ ကျွန်တော် သူ့ကို မလုပ်နဲ့လို့ ပြောထားတယ်၊ သူလည်း လုပ်မှာမဟုတ်တော့ဘူး” ဟု ထရန့်က ဆိုသည်။

ဟော်မုဇ်ရေလက်ကြား ‘ခြိမ်းခြောက်ငွေညှစ်မှု’

အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ကြိုးပမ်းမှုမှန်သမျှ ကျရှုံးလိမ့်မည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ “ အီရန်က အသေခံဂိုဏ်းဟာ ကမ္ဘာ့အရေးပါတဲ့ နိုင်ငံတကာ ရေကြောင်းလမ်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးစားနေတယ်။ ဒါဟာ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

လက်ဘနွန် အပစ်အခတ်ရပ်စဲရေး

လက်ဘနွန်သမ္မတ ဂျိုးဆက် အာအွန်း (Joseph Aoun) သည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံစဉ် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား စစ်ပွဲရပ်တန့်ရန် အပစ်အခတ် ရပ်စဲရေးနှင့် ဆွေးနွေးပွဲများ စတင်ရန် ထပ်မံတောင်းဆိုခဲ့သည်။ စစ်ပွဲစတင်ကတည်းက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် အမျိုးသမီး ၇၉ ဦး၊ ကလေး ၁၁၈ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၄၀ ဦး အပါအဝင် စုစုပေါင်း လူ ၁,၀၀၁ ဦး သေဆုံးခဲ့ပြီး ၂,၅၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂျာမနီရှိ အမေရိကန် လေတပ်စခန်း

စစ်ပွဲအတွင်း ဂျာမနီနိုင်ငံရှိအမေရိကန်၏ ရမ်စတိုင်း (Ramstein) လေတပ်စခန်းရဲ့ အခန်းကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပေးရန် ဂျာမနီနိုင်ငံကို တောင်းဆိုထားကြောင်း အီရန်က ပြောကြားခဲ့သည်။ “ ရမ်စတိုင်းရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ သူတို့ကို တောင်းဆိုထား ပါတယ်။ ရမ်စတိုင်းရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့အတွက် တရားဝင် ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး” ဟု ဂျာမနီနိုင်ငံဆိုင်ရာ အီရန်သံအမတ် မာဂျစ် နီလီ (Majid Nili) က AFP သို့ ပြောကြားခဲ့သည်။

အီရန်နိုင်ငံက ဂျာမနီနိုင်ငံရှိ ရမ်စတိုင်း (Ramstein) လေတပ်စခန်း နဲ့ ပတ်သက်ပြီး ရှင်းလင်း ချက်တောင်းဆိုရတဲ့ အဓိကအကြောင်းရင်းကတော့ အဲဒီစခန်းဟာ အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေမှာ အမေရိကန်ရဲ့ အချက်အခြာကျတဲ့ ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေးဗဟိုဌာန ဖြစ်နေတာကြောင့်ဖြစ်သည်။

အီရန်က ဘာကိုလိုလားနေသလဲဆိုတာကို အချက်အလက်နဲ့ ခွဲခြားပြီး အောက်ပါအတိုင်း ရှင်းပြလိုက်သည်။

၁။ အမေရိကန်ရဲ့ စစ်ရေးပါဝင်မှုကို အကန့်အသတ်ဖြစ်စေချင်ခြင်း

ရမ်စတိုင်းလေတပ်စခန်းဟာ ဥရောပမှာရှိတဲ့ အကြီးဆုံး အမေရိကန်လေတပ်စခန်းဖြစ်ပြီး အရှေ့အလယ်ပိုင်းက ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ထိန်းချုပ်တဲ့နေရာမှာ အရေးပါပါသည်။ အီရန်က ဒီစခန်းကို အသုံးမပြုဖို့ ဂျာမနီကို ဖိအားပေးခြင်းအားဖြင့် အမေရိကန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်ကို လျှော့ချချင်တာ ဖြစ်ပါသည်။

၂။ ဂျာမနီကို သံတမန်ရေးအရ ဖိအားပေးခြင်း

ဂျာမနီဟာ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ မဟာမိတ်ဖြစ်သလို၊ တစ်ဖက်မှာလည်း နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့ အမြဲပြောလေ့ရှိတဲ့ နိုင်ငံဖြစ်သည်။ အီရန်က “ မင်းတို့မြေပေါ်က စခန်းကိုသုံးပြီး ငါတို့ကို တိုက်နေတာလား” လို့ မေးခွန်းထုတ်ခြင်းသည် ဂျာမနီအစိုးရကို ပြည်တွင်းပြည်ပမှာ နိုင်ငံရေးအရ အကြပ်ရိုက်စေဖို့ ရည်ရွယ်ပါသည်။

၃။ ‘ကြားနေမှု’ ကို စမ်းသပ်ခြင်း

အီရန်သည် ဂျာမနီအနေနဲ့ ဒီစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာကို သက်သေပြဖို့ တောင်းဆိုနေခြင်းဖြစ်သည်။ အကယ်၍ ရမ်စတိုင်းစခန်းမှနေပြီး အီရန်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများလုပ်ဆောင်နေခြင်းကို ဂျာမနီက ခွင့်ပြုထားတယ်ဆိုရင် ဂျာမနီကိုလည်း “ ရန်သူ့ဘက်တော်သား” အဖြစ် သတ်မှတ်နိုင်ဖို့ အကြောင်းပြချက် ရှာနေ တာလည်း ဖြစ်နိုင်ပါသည်။

၄။ ထောက်လှမ်းရေးနဲ့ အချက်အလက် လိုချင်ခြင်း

ရှင်းလင်းချက်ပေးရန်” လို့ ပြောတဲ့နေရာမှာ အီရန်ဟာ အဲဒီစခန်းကနေ ဘယ်လို စစ်ဆင်ရေးမျိုးတွေ လုပ်နေသလဲ၊ အစ္စရေးကို ဘယ်လောက်အထိ ကူညီနေသလဲဆိုတဲ့ အချက်အလက်တွေကို တရားဝင် သိရှိလိုတာဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့် – အီရန်ဟာ ၎င်းကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန်ရဲ့ အဝေးရောက် စစ်အခြေစိုက်စခန်းတွေ ဘယ်လောက်အထိ ပါဝင်နေသလဲဆိုတာကို ဖော်ထုတ်ဖို့နဲ့၊ အဲဒီစခန်းတွေရှိရာ ဥရောပနိုင်ငံတွေကို စစ်ပွဲထဲမှာ တိုက်ရိုက်မပတ်သက် မိစေဖို့ သတိပေးချက် (Warning) ပေးလိုက်တာပဲ ဖြစ်သည်။

အမေရိကန် ကြည်းတပ်စေလွှတ်မည်မဟုတ်

အီရန်သို့ အမေရိကန် ကြည်းတပ်များကို စေလွှတ်မည်မဟုတ်ကြောင်း သမ္မတထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “ တကယ်လို့ ကျွန်တော် စေလွှတ်မယ်ဆိုရင် တောင် ခင်ဗျားတို့ကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ တပ်တွေ မပို့ပါဘူး” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ