နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်

အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏ သတင်းဖော်ပြချက် ထွက်ပေါ်လာပြီး နောက် အခြားစခန်းတစ်ခုကို ဖျက်သိမ်းခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခြေချနေထိုင်သူများသည် စစ်တပ်ယာဉ်တစ်စီးပေါ်တွင် သိုးအုပ်များကို တင်ဆောင်ကာ နံနက်ပိုင်းတွင် ရောက်ရှိလာကြောင်း ဒေသခံများနှင့် မျက်မြင်သက်သေများက CNN သို့ ပြောကြားခဲ့သည်။ CNN သို့ ပေးပို့လာသော ဗီဒီယိုများတွင် အခြေချနေထိုင်သူများ တဲသစ် များ ထိုးနေစဉ် အစ္စရေးစစ်သားများနှင့် စစ်ဘက်ဂျစ်ကားများက အကာအကွယ်ပေး ထားသည် ကိုတွေ့ရသည်။

ထိုဒေသတွင် နေရပ်စွန့်ခွာခဲ့ရသော ပါလက်စတိုင်း ဘက်ဒူအင် (Bedouin) လူမျိုးစုကို ကိုယ်စားပြုသည့် အစ္စရေးရှေ့နေတစ်ဦးကလည်း စစ်တပ်ရှိနေခြင်းကို အတည်ပြုခဲ့သည်။

“ ဒီစခန်းတည်ဆောက်မှုကို စစ်တပ်ယာဉ်တွေက လိုက်ပါစောင့်ရှောက်ပေးခဲ့တာပါ” ဟု ဒေါက်တာ နက်တာအာမာရှစ်ဖ်(Netta Amar-Shiff) က CNN သို့ ပြောသည်။ “ ဒါဟာ စစ်တပ်ရဲ့ တိုက်ရိုက်ပံ့ပိုးမှုနဲ့ ကာကွယ်မှုအောက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။”

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ ၎င်းတို့၏ စစ်သားများသည် စခန်းတည်ထောင် ရာတွင် ကူညီခဲ့သည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ “ IDF စစ်သားတွေဟာ စခန်းတည်ဆောက် ပြီးမှသာ ကနဦးစစ်ဆေးဖို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးတာနဲ့ အဲဒီနေရာကနေ ထွက်ခွာ သွားခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က CNN သို့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ ဒီစခန်းဟာ တရားမဝင် တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ပြန်လည်သုံးသပ်နေပါတယ်။”

လွန်ခဲ့သော ငါးရက်ခန့်က အခြေချနေထိုင်သူများသည် တာယာဆေးရ်ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ ဒေသခံအများအပြားကို ရိုက်နှက်ပြီး တရားမဝင်စခန်းတစ်ခု တည်ထောင်ခဲ့သည်။ CNN သတင်းအဖွဲ့သည် အစ္စရေးတပ်ဖွဲ့ဝင်များက ထိုစခန်းအနီးတွင် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေပြီးနောက်၊ ပါလက်စတိုင်းဒေသခံများနှင့် CNN သတင်းအဖွဲ့ကို သာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

နောက်တစ်နေ့တွင် အစ္စရေးတပ်ဖွဲ့များက ထိုစခန်းကို ဖျက်သိမ်းခဲ့သော်လည်း၊ အခြေချ နေထိုင်သူများက ကျေးရွာ၏ အခြားနေရာတစ်ခုတွင် ထပ်မံတည်ဆောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဗုဒ္ဓဟူးနေ့တွင်မူ ၎င်းတို့သည် တာယာဆေးရ်အစွန်ရှိ အယ်လ်အာကာဘာ (Al-Aqabah) ကျေးရွာသို့ စခန်းကို ပြောင်းရွှေ့ခဲ့ကြသည်။

တည်နေရာကွဲပြားမှုမှာ အရေးကြီးပါသည်။ အနောက်ဘက်ကမ်းခြေတစ်ခုလုံးသည် အစ္စရေးစစ်တပ်၏ သိမ်းပိုက်မှုအောက်တွင် ရှိနေသော်လည်း အိုစလိုသဘောတူညီချက် (Oslo Accords) အရ နယ်မြေကို အုပ်ချုပ်ရေးဇုန် သုံးခုခွဲခြားထားသည်။

ပထမဆုံးစခန်းများသည် ပါလက်စတိုင်း၏ အရပ်ဘက်နှင့် လုံခြုံရေးထိန်းချုပ်မှု အောက်တွင် ရှိသော ‘Area A’ တွင် ရှိခဲ့သည်။ နောက်ဆုံးစခန်းမှာမူ အစ္စရေး၏ အရပ်ဘက်နှင့် လုံခြုံရေး ထိန်းချုပ်မှုအောက်ရှိ ‘Area C’ တွင် တည်ရှိသည်။ သို့သော်လည်း အဆိုပါစခန်းသည် အစ္စရေးဥပဒေနှင့် နိုင်ငံတကာဥပဒေ နှစ်ခုလုံးအရ တရားမဝင်သေးပေ။

ဖေဖော်ဝါရီလတွင် အစ္စရေးအစိုးရသည် Area C (နယ်မြေ၏ ၆၀ ရာခိုင်နှုန်းခန့်) ကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် လုပ်ဆောင်ခဲ့ရာ၊ ပါလက်စတိုင်းများက ယင်းကို “ လက်တွေ့ကျကျ သိမ်းပိုက်ခြင်း” (de facto annexation) အဖြစ် ပြစ်တင်ရှုံ့ချခဲ့ကြသည်။

နေ့စဉ်ခြိမ်းခြောက်မှုများ

အင်္ဂါနေ့ အစောပိုင်းတွင် အခြေချနေထိုင်သူများ၏ နောက်ထပ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း လခြမ်းနီအသင်းက ပြောကြားသည်။ အခြေချနေထိုင်သူများသည် နေအိမ်များ၊ လယ်ယာသုံးပစ္စည်းဂိုဒေါင်များနှင့် ယာဉ်များကို မီးရှို့ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

CNN က ရရှိထားသော ဗီဒီယိုများတွင် ကားအများအပြားနှင့် ဂိုဒေါင်များ မီးလောင်နေပြီး မီးခိုးအမည်းရောင်များ လွင့်ပျံနေသည်ကို တွေ့ရသည်။ ကျေးရွာတောင်ကုန်းများပေါ်ရှိ ယာဉ်များနှင့် တဲများ မီးလောင်နေသည့် ပုံရိပ်များကလည်း ပျက်စီးဆုံးရှုံးမှု ပြင်းထန်ပုံကို ပြသနေသည်။

ဒေသခံခေါင်းဆောင်နှင့် မျက်မြင်သက်သေဖြစ်သူ အာမာဒါဘတ်(Amer Dabak) ၏ ပြောကြားချက်အရ၊ အစ္စရေးစစ်တပ်သည် တာယာဆေးရ်သို့ ရောက်ရှိလာသော်လည်း မီးသတ်တပ်ဖွဲ့၊ လူနာတင်ယာဉ်များနှင့် ဒေသခံများကို အခင်းဖြစ်ပွားရာနေရာသို့ ပေးမဝင်ဘဲ တားဆီးခဲ့သည်ဟု ဆိုသည်။

“ သူတို့က ဒေသခံတွေကို အိမ်ပြန်ခွင့်မပေးဘဲ တားထားပေမယ့်၊ အခြေချနေထိုင်သူတွေ ကိုတော့ သူတို့လုပ်ချင်တာအကုန်လုံးကို အေးအေးဆေးဆေး လုပ်ခွင့်ပေးထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အခြေချနေထိုင်သူများ၏ ပထမအကြိမ် တိုက်ခိုက်မှုအပေါ် CNN ၏ သတင်းဖော်ပြ ချက်သည် အစ္စရေးမီဒီယာများတွင် အာရုံစိုက်မှုအများအပြား ရရှိခဲ့ပြီး အစ္စရေး လူ့အဖွဲ့အစည်း အတွင်း ငြင်းခုံမှုများ ဖြစ်ပေါ်စေခဲ့သည်။ အစ္စရေးစစ်တပ် စစ်ဦးစီးချုပ်က သက်ဆိုင်ရာ တပ်ရင်းကို စစ်ဆင်ရေးတာဝန်များမှ ရပ်ဆိုင်းထားပြီး၊ ပါလက်စတိုင်းများ အပေါ် “ လက်စားချေမည်” ဟု ပြောဆိုခဲ့သည့် စစ်သားတစ်ဦးကို ထုတ်ပယ်ကာ တပ်မှူး အချို့ကိုလည်း ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း လက်ယာစွန်းရောက် အမျိုးသားလုံခြုံရေးဝန်ကြီး အစ်တာမာဘင်ဂူဗာ(Itamar Ben Gvir) အပါအဝင် အစ္စရေးအရာရှိအချို့က ထိုရပ်ဆိုင်းမှုကို ပြစ်တင်ရှုံ့ချခဲ့ကြသည်။ ဝန်ကြီးချုပ် နေတန်ယာဟု၏ ညွန့်ပေါင်းအဖွဲ့မှ လက်ယာယိမ်း လွှတ်တော်အမတ် ၃၁ ဦး ကလည်း အဆိုပါတပ်ရင်းကို ပြန်လည်တာဝန်ပေးရန် အင်္ဂါနေ့တွင် စာရေးသား တောင်းဆို ခဲ့ကြသည်။

စစ်ဦးစီးချုပ် အီရယ်ဇာမီယာ(Eyal Zamir) က ထိုစာကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်တုံ့ပြန်ခဲ့ပြီး၊ ဤဆုံးဖြတ်ချက်သည် “ ရုပ်သံသတင်းအဖွဲ့များ” ၏ လွှမ်းမိုးမှုကြောင့် မဟုတ်ဘဲ “ စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်စံနှုန်းများအတွက် တာဝန်ယူမှု” ကြောင့်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အခြေချနေထိုင်သူများကို ကူညီပေးနေသည့် အစ္စရေးစစ်သားများအပေါ် အရေးယူမှုမှာ အားနည်းနေဆဲဖြစ်ပြီး၊ အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများအပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှု ကင်းမဲ့နေဆဲဖြစ်သည်။

ပြီးခဲ့သည့်အပတ်က နံနက်စောစော စီးနင်းမှုအတွင်း နေအိမ်၌ပင် အရိုက်ခံခဲ့ရသော အသက် ၇၅ နှစ်အရွယ် အဗ္ဗဒူလာ ဒါရတ်မက်(Abdullah Daraghmeh) ၏ ဖြစ်ရပ်တွင် မည်သူ့ကိုမျှ ဖမ်းဆီးခြင်း မရှိသေးပေ။ သူ၏ဇနီး အမ်နာ(Amna) မှာမူ ခင်ပွန်းဖြစ်သူ တိုက်ခိုက် ခံရမှု ကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရပြီးနောက်၊ နှလုံးရောဂါဖြင့် အင်္ဂါနေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းတို့၏သား ဆာမီ(Sami) က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အနောက်ဘက်ကမ်းခြေ (West Bank) ရှိ တာယာဆေးရ် (Tayasir) ကျေးရွာတွင် အစ္စရေးအခြေချနေထိုင်သူများ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသော ထွန်စက်တစ်စီးကို ဒေသခံများက အင်္ဂါနေ့တွင် ဖယ်ရှားနေကြသည်။ — Majdi Mohammed/AP(ပုံ)

တဲအသစ်များ ဆောက်လုပ်နေစဉ် အစ္စရေးစစ်သားများနှင့် စစ်ဂျစ်ကားများက အခြေချ နေထိုင်သူ များအား ကာကွယ်စောင့်ရှောက်ပေးနေသည်။ CNN မှ ရယူထားသည်(ပုံ)

အစ္စရေးအခြေချနေထိုင်သူများသည် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ တာယာဆာ ရွာကို တိုက်ခိုက်ခဲ့ပြီး ယာဉ်များနှင့် အိမ်များစွာကို မီးရှို့ခဲ့သည်။ CNN မှ ရရှိသည်(ပုံ)

အစ္စရေးအခြေချနေထိုင်သူများသည် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ တာယာဆာရွာကို တိုက်ခိုက်ပြီးနောက် မီးလောင်နေသော ထွန်စက်တစ်စီးကို တွေ့ရသည် CNN မှ ရရှိသည်(ပုံ)

အစ္စရေးအခြေချနေထိုင်သူများသည် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ တာယာဆာရွာတွင် တရားမဝင်စခန်းတစ်ခု တည်ထောင်ခဲ့ပြီး ထိုဒေသရှိ ပါလက်စတိုင်းလူမျိုးများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။  CNN မှ ရယူထားသည်(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 23 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ