နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက်

အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း ထားသည်။

မြောက်ပိုင်း အိဝတေးစီရင်စုရှိ မိယာကို (Miyako) ဆိပ်ကမ်းတွင် ကနဦးလှိုင်းအမြင့် ၄၀ စင်တီမီတာ (၁၆ လက်မ) ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ ဂျာပန်မိုးလေဝသဌာနက လှိုင်းအမြင့် ၃ မီတာ (၁၀ ပေ) အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ ထိခိုက်နိုင်ခြေရှိသည့် နယ်မြေများ ကို ပြထားသည့်နေရာတွင် ကြည့်ရှုနိုင်ပါသည်။

ယခုအချိန်အထိ အဆိုပါဒေသရှိ နျူကလီးယားစက်ရုံများသည် ပုံမှန်အတိုင်း လည်ပတ်နေပုံရသည်။

၂၀၁၁ ခုနှစ်က လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည့် ပမာဏ ၉.၀ အဆင့်ရှိ ငလျင်အပြီးတွင်၊ ယခုအခါ အစိုးရအနေဖြင့် လူများအား ဖြစ်နိုင်သမျှ အမြန်ဆုံး ကုန်းမြင့်ပိုင်းသို့ တက်ကြရန် တိုက်တွန်းနေကြောင်း ကျွန်ုပ်တို့၏ တိုကျိုသတင်းထောက်က ရေးသားဖော်ပြထားသည်။

သတိပေးချက် ထွက်လာတာနဲ့ လူတိုင်း ပြေးကြပါ

“ ငလျင်သတိပေးချက် ကြားရတာနဲ့ လူတိုင်း အောက်ထပ်ကို ပြေးဆင်းကြတာပဲ” ဟု ဟော့ကိုင်းဒိုးတွင် နေထိုင်သည့် မြန်မာနိုင်ငံသူ မချောစုသွယ်က ဘီဘီစီကို ပြောသည်။ “ ဒါပေမဲ့ ဒီတစ်ခေါက် တုန်ခါမှုကတော့ တော်တော်လေး အသင့်အတင့်ပဲ ရှိခဲ့ပါတယ်။”

သူမသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ဂျာပန်နိုင်ငံသို့ အလုပ်အကိုင်အတွက် ပြောင်းရွှေ့လာခဲ့သည့် လူငယ်အများအပြားထဲမှ တစ်ဦးဖြစ်သည်။

“ အခုလောလောဆယ်တော့ ဒေသန္တရအာဏာပိုင်တွေက ဆူနာမီ ဖြစ်လာနိုင်ခြေရှိတာကြောင့် သတိရှိကြဖို့ ရပ်ကွက်ထဲမှာ အသံချဲ့စက်တွေနဲ့ လိုက်လံ သတိပေးနေပါတယ်။ ရုံးဝန်ထမ်းတွေကိုလည်း အလုပ်ကနေ စောစောပြန်ခွင့် ပေးထားပါတယ်” ဟု သူမက ဆိုသည်။

“ ကျွန်မ အလုပ်မှာတော့ သူဌေးက သတိထားကြဖို့နဲ့ တစ်ခုခုဖြစ်ရင် သူတို့ဆီ လာခဲ့ကြဖို့ ပြောထားပါတယ်။”

ဂျာပန်နိုင်ငံ၏ ဆူနာမီ သတိပေးချက်များနှင့် အကြံပြုချက်များ

ဂျာပန်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်း ဒေသအသီးသီးအတွက် ဆူနာမီ သတိပေးချက်များနှင့် အကြံပြုချက်များကို ထုတ်ပြန်ထားသည်။

ဂျာပန် မိုးလေဝသဌာန၏ အဆိုအရ ဆူနာမီ သတိပေးချက် အမျိုးအစား သုံးမျိုးရှိပါသည်။

အဓိက ဆူနာမီ သတိပေးချက် (Major Tsunami Warning): “ ဧရာမ” လှိုင်းလုံးကြီးများ အတွက် ဖြစ်သည်။ လှိုင်းအမြင့် ၅ မီတာမှ ၁၀ မီတာအထိ ရှိနိုင်သည့်အခါမျိုးတွင် ထုတ်ပြန်သည်။

ဆူနာမီ သတိပေးချက် (Tsunami Warning) ဒုတိယအဆင့် အမြင့်ဆုံးဖြစ်ပြီး လှိုင်းအမြင့် ၁ မီတာမှ ၃ မီတာဝန်းကျင်အထိ ရှိနိုင်သည့်အခါ ထုတ်ပြန်သည်။

သတိပေးချက် ထုတ်ပြန်ထားသည့် နယ်မြေအတွင်းရှိသူများသည် ကမ်းရိုးတန်းနှင့် မြစ်ကမ်းနားဒေသများမှ ချက်ချင်း ထွက်ခွာသွားရမည်ဖြစ်ပြီး၊ ကုန်းမြင့်ပိုင်း သို့မဟုတ် ဘေးလွတ်ရာ အဆောက်အအုံများသို့ ရွှေ့ပြောင်းရမည်ဟု ဌာနက ဆိုသည်။

ဆူနာမီ သတိပေးအကြံပြုချက် (Tsunami Advisory) အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ၁ မီတာ အောက် လှိုင်းများအတွက် ထုတ်ပြန်သည်။ ဤအဆင့် ထုတ်ပြန်ပါက ပင်လယ်အတွင်းမှ တက်လာရန်နှင့် ကမ်းရိုးတန်းဒေသများမှ ချက်ချင်း ထွက်ခွာရန် အကြံပြုထားသည်။

ဓာတ်ပုံရင်းမြစ် – Reuters၊ လူများကို ကုန်းမြင့်ပိုင်းသို့ တက်ရန် သတိပေးထားသည်

ဓာတ်ပုံ- ၂၀၂၄ ခုနှစ်တွင် စုဇု (Suzu) မြို့ရှိ လူနေရပ်ကွက်တစ်ခု ဆူနာမီကြောင့် ပျက်စီးခဲ့ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 7 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။ လက်ဘနွန်ရှိ ကုလသမဂ္ဂ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် “ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ
တောင်ကိုရီးယား တောင်ကိုးရီးယား နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

လူသားတို့၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး သဘောထားဖော်ပြရာတွင် ဗီဒီယိုအဟောင်းအား အသုံးပြုခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ အစ္စရေး၏ ဒေါသထွက်မှုကို ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 26 Views
CNN- တောင်ကိုရီးယား – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ဆိုးလ်မြို့ — သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ အဆောက်အအုံတစ်ခုပေါ်မှ လူသေအလောင်းတစ်ခုအား အစ္စရေးစစ်သားများ တွန်းချနေသည့် ၂၀၂၄
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က အမေရိကန်၏ ‘ယုံကြည်မှုကိုချိုးဖောက်ခြင်း’ များကြောင့် ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအား ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ဆက်လက်ထားရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားနေချိန်တွင်၊ အီရန်၏ ကြေညာချက်ကြောင့်