နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

ဧပြီလ (၂၉)ရက်။

နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား (၃၀၀)ကျော်နဲ့ စစ်ကြောင်း (၂)ကြောင်းခွဲပြီး ခံစပ်ကုန်း(ရ)ရွာကို စစ်ကြောင်းထိုးလာခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တနေကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူတွေ အလွန်အကျွံ အသုံးပြုခဲ့ပြီး တိုက်ပွဲထဲ စစ်တပ်ဘက်က (၅)ဦးသေဆုံးကာ (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဧပြီလ (၂၆)ရက်နေ့ နံနက် (၈)နာရီအချိန်က ခံစပ်ကုန်းရွာ‌(တောင်ရှေ့ကန်)နေရာကနေ အင်အား (၃၀၀)ကျော်နဲ့ စစ်ကြောင်း (၃)ကြောင်းဖြန့်ပြီး ညောင်ဇင်ရွာနဲ့ ကဒေါင်းရွာတို့ကို စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ညောင်ဇင်ရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က (၁၀)ဦးခန့်သေဆုံးပြီ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲထဲ စစ်တပ်ဘက်က တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ကူတာတွေ လုပ်ဆောင်ခဲ့သလို ညောင်ဇင်ရွာထဲရှိ နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းကား (၂)စီး၊ ရိက္ခာကား (၁)စီးတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချခဲ့ကာ ဒရုန်းကား (၁)စီးနဲ့ ရိက္ခာကား (၁)စီးတို့ မီးလောင်ပျက်ဆီးခဲ့ပြီး ကျန်ဒရုန်းကား (၁)စီးမှာ ဒရုန်းဗုံးစထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေထဲ စစ်တပ်ဆီကနေ အလောင်း (၁)လောင်း၊ ခဲယမ်းအချို့အပါအဝင် ပြန်လည်အသုံးပြုနိုင်တဲ့ ကား (၁)စီးအပြင် ဒရုန်းကား (၁)စီးနဲ့ ရိက္ခာကား (၁)စီးတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း၊ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း၊ MGN – 35 နဲ့ ပြည်သူ့ကြယ်တစ်ပွင့်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၇)ရက်နေ့ နံနက် (၈)နာရီအချိန်မှာ CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ ဗီဒီယိုကွန်ဖရင့်ကတဆင့်
မြန်မာသတင်း

မောတောင်မြိုပေါ်ကို စစ်တပ်က တရက်ထဲ ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချ၊ အရပ်သားဇနီးမောင်နှံ (၂)ဦး ထိမှန်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 19 Views
ဧပြီလ (၂၈)ရက်။ မနေ့က မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချိုကို စစ်တပ်က ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တယ်လို KNU
မြန်မာသတင်း

(၅)နှစ်တာထဲ တိုက်ပွဲပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်အထိ တိုက်ခိုင်နိုင်ခဲ့တယ်လို SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 26 Views
ဧပြီလ (၂၈)ရက်။ (၅)နှစ်တာထဲ တိုက်ပွဲကြီး/ငယ် စုစုပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်ခန့် အထိ  တိုက်ခိုက်နိုင်ခဲ့တယ်လို ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က တပ်တည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ မြိုသိမ်းစစ်ဆင်ရေး (၂)ကြိမ်နဲ့ ဗျူဟာကုန်းသိမ်းတိုက်ပွဲ
မြန်မာသတင်း

ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတာကြောင့် ဦးတေဇရဲ့ Htoo ကုမ္ပဏီအပါအဝင် (၁၇)ခုကို စစ်အုပ်စုက အမည်မည်းစာရင်းက ပယ်ဖျက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 21 Views
ဧပြီလ (၂၈)ရက်။ ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတဲ့ ကုမ္ပဏီ (၁၇)ခုကို စစ်အုပ်စုဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ
မြန်မာသတင်း

TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်း

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 29 Views
ဧပြီလ (၂၈)ရက်။ PDF-TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော်တွေဟာ တပ်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပြင်းထန်စွာ ‌ဖောက်ဖျက်ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 31 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖအသံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစအတွက် ဗျူဟာမြောက်အရေးပါတဲ့ ကလေးဝနယ် အောင်ချမ်းသာအထိုင်စခန်းကို
မြန်မာသတင်း

သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၇၉မမနဲ့ ပစ်ခတ်ခံရပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 27 Views
ဧပြီလ (၂၇)ရက်။ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတောင်ကြီးမြို့ ဘောလဂိ-မော်ချီးလမ်း (၄၈)မိုင်က အကြမ်းဖက်စစ်အုပ်စုတပ်စခန်းကို ၇၉မမ အလုံး
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်မှုအောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 22 Views
ဧပြီလ (၂၇)ရက်။ မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ တရုတ်နိုင်ငံက မင်းအောင်လှိုင် သမ္မတအနေနဲ့ ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းထဲ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့တာနဲ့