ဧပြီလ (၂၉)ရက်။
အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ဗုံးကြဲချိန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရတဲ့ အမျိုးသမီးဟာ မလှုပ်ရှားနိုင်တဲ့ အခြေအနေဖြစ်ပြီး ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြင်းထန်တဲ့ နေပူချိန်အောက်မှာ ကယ်ဆယ်ပြီး လုံခြုံတဲ့နေရာမှာ ဆေးကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီအမျိုးသမီးနဲ့အတူ ပါလာတဲ့ အသက် (၃)နှစ်အရွယ် ကလေးငယ်ကို စောင့်ရှောက်ပေးထားတယ်လို့ ရေးသားထားပါတယ်။
“ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ မင်းတို့ အသက်ကိုရင်းပြီး တကယ်တမ်း ကာကွယ်နေရတာ ဘယ်သူ့ကိုလဲဆိုတာကိုတော့ ကိုယ့်ဟာကို ပြန်မေးကြဖို့လိုတယ်” လို့ ပြောဆိုထားပါတယ်။
အရာတော်ဒေသမှာ သင်္ကြန်အကျနေ့ကစပြီး ဒီကနေ့အချိန်အထိ စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတွေနဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်တပ်ဘက်က လေကြောင်းကနေ နေ့တိုင်းနီးပါး ပြုလုပ်နေတယ်လို့ သိရပါတယ်။








