နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော် လက်ဝယ် တွေ့ရှိ မှုဖြင့် ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းသည် အဆိုပါလေဆိပ်တွင် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အဆိုပါပုဂ္ဂိုလ်များသည် ဘန်ဒါရာနိုက်ကေ (Bandaranaike) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တစ်ဦးလျှင် ဆေးခြောက် ၅ ကီလိုဂရမ် (၁၁ ပေါင်) ကျော်စီ ပါရှိသော ခရီးဆောင်အိတ်များကို သယ်ဆောင်လာခဲ့ကြကြောင်း နိုင်ငံပိုင် Daily News သတင်းတွင် ဖော်ပြထားသည်။

ကြိုတင်ရရှိထားသော သတင်းပေးချက်အရ ဤဖမ်းဆီးမှုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

မူးယစ်ဆေးဝါးများကို ခရီးဆောင်အိတ်များအတွင်း အထူးပြုလုပ်ထားသော အထပ်ခိုး အောက်ခြေများ၌ ဝှက်ထားခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။ ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၄၅ သန်း (ရူပီး ၁.၁ ဘီလီယံ) ကျော်ရှိကြောင်း အစိုးရ၏ တရားဝင်သတင်းစာမျက်နှာအရ သိရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သီရိလင်္ကာနိုင်ငံသည် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများအတွက် ပြင်းထန်သော ပြစ်ဒဏ်များ သတ်မှတ်ထားပြီး လေဆိပ်များတွင်လည်း တရားမဝင်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ရန် နည်းပညာများ တပ်ဆင်ထားကြောင်း သိရ သည်။ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရပါက တရားစွဲဆိုခြင်းမပြုဘဲ အကန့်အသတ်မရှိ ထိန်းသိမ်းခံရနိုင်သည့်အပြင် ပြစ်မှုထင်ရှားပါကလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ် ခံရနိုင်သည်။

ဤဖြစ်ရပ်သည် လေဆိပ်တွင် တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ဗုဒ္ဓဘာသာရဟန်းများ ပထမဆုံးအကြိမ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း Daily News က ဖော်ပြသည်။

သီရိလင်္ကာနိုင်ငံ အနှံ့အပြားမှ လူငယ်များဖြစ်ကြသည့် အဆိုပါအဖွဲ့သည် အလှူရှင်တစ်ဦးမှ ပေးသော လေယာဉ်လက်မှတ်များဖြင့် ဧပြီလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးသူများကို ကိုးကား၍ Daily News က ရေးသားထား သည်။

ဤမှောင်ခိုကူးမှုများသည် ပြည်တွင်းရှိ မူးယစ်ဆေးဝါး ဂိုဏ်းများနှင့် ဆက်နွှယ်မှု ရှိ၊ မရှိကို သီရိလင်္ကာ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

အဆိုပါ ရဟန်းများကို ရှေ့ဆက်လက်ဆောင်ရွက်မည့် ဥပဒေရေးရာကိစ္စရပ်များနှင့် စုံစမ်း စစ်ဆေးမှုများအတွက် နေဂွန်ဘို တရားသူကြီးရုံးသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများအရ သိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က နေဂွန်ဘို (Negombo) မြို့တွင် ဖမ်းဆီးခံရပြီးနောက် တရားရုံးသို့ ရောက်ရှိလာကြသည့် သီရိလင်္ကာရဟန်းများ။

Ishara S. Kodikara/AFP/Getty Images (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 21 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက