နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

၂၀၂၆ခုနှစ်၊ မေလ (၁)ရက်

ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊

ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း အမိန့်ထုတ် ပြန်ပြီး စစ်သားတွေဆင့်ခေါ်တဲ့အတွက် လူငယ်အများအပြား စစ်မတိုက်ချင်လို့ ရုရှားကနေ ပြည်ပကိုထွက်ကြတဲ့အတွက် ဥဏှောက်ယိုစီးမှုဖြစ်ပြီး အလုပ်သမားတွေရှားပါးလာတာ ဖြစ်လာပါတယ်။

စစ်အတွင်း ရုရှားစစ်သား သိန်းသန်းနဲ့ချီ သေဆုံးတာကြောင့် စစ်မှုထမ်းဖို့ နိုင်ငံခြားသားတွေ ကို ငှားရမ်းလာခဲ့ပါတယ်။ ရုရှားအေးဂျင့်တွေက အလုပ်အကိုင်ရမယ် ကားမောင်းရမယ် ၊ ကားပြင်ရမယ်၊ အရောင်းစာရေးလုပ်ရမယ်ဆိုပြီးအာဖရိက၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေမှာ လိမ်ညာခေါ်ယူခဲ့ပြီး ရောက်တဲ့အခါ ပတ်ပို့စ်သိမ်းပြီး စစ်သင်တန်းတက်ခိုင်း ရှေ့တန်းပို့ခဲ့တာ တွေခံရပါတယ်၊ ဒါကြောင့်မြန်မာပြည်သားတွေလစာတလဒေါ်လာ  ၂၇၀၀- ၃၀၀၀ ရမယ်ဆိုတာမက်ပြီးလိုက်သွားရင် စစ်ထဲရောက်သွားနိုင်ခြေရှိနေပါတယ် အာဖရိက၊ အိန္ဒိယနိုင်ငံသားတွေကိုတောင်လုပ်ရင် မြန်မာနိုင်ငံသားတွေကိုလည်းလုပ်နိုင်ပါတယ်။ အခုတောင်အလုပ်သွားလုပ်တယ်ဆိုတဲ့သူတွေထဲကဘယ်နှစ်ယောက်ပျောက်ဆုံးနေပြီလဲ မိသားစုနဲ့အဆက်အသွယ်ပြတ်သွားပြီးဆိုရင် စစ်ထဲရောက်သွားပြီးလို့မှတ်ရတော့မှာပါ။

ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲအတွက် နိုင်ငံခြားသားတွေကို စစ်မှုထမ်းဖို့ စည်းရုံးရာမှာ လစာနဲ့ လျော်ကြေးငွေ အမြောက်အမြား ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရှိနေတာဟာ အချက် အလက် အရ မှန်ကန်ပေမဲ့ လက်တွေ့မှာတော့ အလွန်စွန့်စားရပြီး ကတိအတိုင်း မရရှိ တာတွေ အများကြီးရှိနေပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး အဓိက သိထားသင့်တဲ့ အချက်အလက်တွေကို အောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ လစာနဲ့ ခံစားခွင့် (Salary and Bonuses)

လစာ။ ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်မယ့် နိုင်ငံခြားသားတွေကို တစ်လလျှင် ရုရှားရူဘယ် ၂ သိန်း (အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၂,၂၀၀ မှ ၃,၀၀၀ ဝန်းကျင်) ပေးမယ်လို့ ကမ်းလှမ်းလေ့ရှိပါတယ်။

အပိုဆုကြေး။ စာချုပ်ချုပ်ဆိုပြီးတာနဲ့ တစ်လုံးတစ်ခဲတည်း ပေးတဲ့ အပိုဆုကြေး (Sign-on Bonus) တွေလည်း ရှိပါတယ်။

နိုင်ငံသားအဆင့်။ စစ်မှုထမ်းတဲ့ နိုင်ငံခြားသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရုရှားနိုင်ငံသား ဖြစ်ခွင့် (Fast-track Citizenship) ပေးမယ်လို့လည်း စည်းရုံးထားပါတယ်။

၂။ သေဆုံးမှုအတွက် လျော်ကြေး (Compensation for Death)

သေဆုံးသွားခဲ့ရင် လျော်ကြေးငွေအဖြစ် ရူဘယ် ၅ သန်း (ဒေါ်လာ ၅ သောင်းကျော်) ကနေ ၇ သန်းကျော်အထိ ပေးမယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

လက်တွေ့အခြေအနေ။ ဒီလျော်ကြေးငွေတွေကို သေဆုံးသူရဲ့ မိသားစုဝင်တွေဆီ တိုက်ရိုက် ရောက်ဖို့ဆိုတာ ရုရှားဘဏ်စနစ်နဲ့ နိုင်ငံတကာ ငွေလွှဲစနစ်တွေကြားမှာ အခက်အခဲအလွန်များ ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးကနေ သွားရောက်သူတွေအတွက် ဒီငွေကို ပြန်ထုတ်ယူဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။

၃။ အလောင်းပြန်ပို့ပေးမှု (Repatriation of Remains)

အလောင်းပြန်ပို့ဖို့ ကတိပေးသော်လည်း လက်တွေ့မှာတော့ စစ်မြေပြင်မှာ သေဆုံးသွားတဲ့ နိုင်ငံခြားသား စစ်သားအများစုရဲ့ အလောင်းတွေကို ပြန်လည်ရရှိဖို့ အလွန်ခက်ခဲပါတယ်။

စစ်ပွဲအခြေအနေအရ သေဆုံးသူတွေကို “ ပျောက်ဆုံး” (Missing in Action) စာရင်းသွင်း လိုက်ရင် ရုရှားအစိုးရက လျော်ကြေးပေးစရာ မလိုတော့သလို၊ အလောင်းပြန်ပို့ပေးဖို့ တာဝန်လည်း မရှိတော့ပါဘူး။ ဥပမာ- နီပေါ၊ အိန္ဒိယနဲ့ ကျူးဘားနိုင်ငံသားတွေ ရုရှားဘက် ကနေ စစ်တိုက်ရင်း သေဆုံးချိန်မှာ မိသားစုဝင်တွေဟာ အလောင်းပြန်မရတဲ့အပြင် လျော်ကြေးငွေရဖို့လည်း အပြင်းအထန် ရုန်းကန်နေရတယ်လို့ သတင်းတွေမှာ ဖော်ပြ နေပါတယ်။

သတိထားရမည့် အချက်များ

လိမ်လည်မှုများ။ လူပွဲစားတွေဟာ “ စစ်မြေပြင် မဟုတ်တဲ့ နေရာမှာ တာဝန်ထမ်းဆောင် ရမှာပါ” ဒါမှမဟုတ် “ လုံခြုံရေးပဲ လုပ်ရမှာပါ” ဆိုပြီး လိမ်လည်စည်းရုံးလေ့ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သင်တန်း ကောင်းကောင်းမရဘဲ ရှေ့တန်းစစ်မျက်နှာပြင် (Frontline) တွေဆီ အပို့ခံရတာမျိုးတွေ ရှိနေပါတယ်။

ဘာသာစကား အခက်အခဲ။ ရုရှားစကား မတတ်တဲ့အတွက် အမိန့်ပေးချက်တွေကို နားမလည်ဘဲ စစ်မြေပြင်မှာ အသက်ဆုံးရှုံးရတဲ့ နိုင်ငံခြားသားတွေ အများကြီး ရှိပါတယ်။

စာချုပ်ပါ အချက်အလက်။ စာချုပ်တွေဟာ ရုရှားဘာသာနဲ့ ရေးထားတာ ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေအနေနဲ့ မိမိတို့ လက်မှတ်ထိုးလိုက်တဲ့ အချက်အလက်တွေကို သေချာ နားမလည်ဘဲ ထောင်ချောက်မိသွားတာမျိုးတွေ ရှိတတ်ပါတယ်။

အကျဉ်းချုပ်အနေနဲ့ ပြောရရင် ရုရှားက ကမ်းလှမ်းတဲ့ ငွေပမာဏဟာ မှန်ကန်နိုင်ပေမဲ့ ယင်းငွေကို ရရှိဖို့နဲ့ အသက်အာမခံချက်အတွက်ကတော့ အလွန်ကြီးမားတဲ့ စွန့်စားမှု တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းဌာနတွေရဲ့ အဆိုအရ နိုင်ငံခြားသား စစ်သားအများစုဟာ “ အမြောက်စာ” (Cannon fodder) အဖြစ်သာ အသုံးချခံနေရတယ်လို့ ဖော်ပြနေကြပါတယ်။

ဒါကြောင့်ရုရှားမှာ မိသားစုအတွက်စွန့်စားအလုပ်လုပ်မယ် လစာကလဲမက်လောက်တယ် ဆိုပြီးလိုက်သွားရင်း ကျူးကျော်စစ်ကို ဝင်တိုက်ပေးမိရက်သားဖြစ်ပြီး အသက်ဆုံးရှုံးရဖို့များ ကြောင်း ငါးစာဘဲမြင်ပြီးငါးမျှားချိတ်ကိုမမြင်ဘဲ ဟပ်လိုက်လို့စစ်မြေပြင်အပို့ခံရပြီး ထွက်လမ်း မရှိတဲ့ အပြင် စစ်အုပ်စုကလဲ ရုရှားအစိုးရကို တောင်းဆိုပေးနိုင်တဲ့ ဂုဏ်သိက္ခာလဲ မရှိတဲ့အတွက် စိတ်ကူးသိပ်မယဥ်ကြဖို့သတိပေးရတာပါ။

အခုခေတ်မျက်လုံးမှာတင်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင်က သူ့မဟာမိတ်ရုရှားကို စစ်ကူတဲ့အနေနဲ့ သူ့စစ်သားတွေ တသောင်းလောက်ပို့ခဲ့ပြီး အဲဒီထဲက အများစု ယူကရိန်း စစ်မြေပြင်မှာ ကျဆုံးတာ ရှေ့တန်းမှာ အဝိုင်းခံရတဲ့အတွက် အဖမ်းမခံဘဲ သတ်သေရတဲ့ သူတွေကိုမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ချီးကြူးဂုဏ်ပြုတာတွေကို ဖတ်ရပါတယ်၊ (ခေတ်မျက်လုံးမှာတင်ထားပါတယ်)။

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားကိုဖင်ပေးပေါင်းနေတာကြောင့် သူ့လက်အောက်ခံ စစ်သားတွေကို ကင်ဂျုံအွန်လို မပို့ပေးဘူးလို့လဲ မပြောနိုင်ပါဘူး အခုရုရှားကို အလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားတွေ အကြောင်းကို စောင့်ကြည့်ကြရမဲ့ သဘောရှိပါတယ်။ အလုပ်သွားလုပ်တဲ့သူတွေရဲ့မိဘတွေ ဇနီးမယားတွေအနေနဲ့ ဂရုတစိုက်ဆက်သွယ်နေဖို့ လိုမယ်လိုသတိပေးရေးသားလိုက်ရပါတယ်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ ရုရှားသံရုံးအနီးတွင် ရုရှားစစ်တပ်မှ ပြန်လည်ရောက်ရှိလာသူများနှင့် မိသားစုဝင်များက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆန္ဒပြနေကြစဉ်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက စတင်ကြေညာခဲ့သည့် ယူကရိန်းကျူးကျော်စစ်၏ ရှေ့တန်းစစ်မျက်နှာပြင်များတွင် ပါဝင်တိုက်ခိုက်ရင်း နီပေါနိုင်ငံသား ဆယ်ဂဏန်းခန့် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။ ဆန္ဒပြသူများသည် ရုရှားသံရုံးအရာရှိများထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့ကြပြီး၊ လစာကောင်းကောင်းပေးမည်ဟု ကတိပြုကာ နီပေါနိုင်ငံသားများအား ရုရှားတပ်ဖွဲ့များအတွင်း စစ်သားအဖြစ် စုဆောင်းနေခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။ (ဓာတ်ပုံ – Subaas Shrestha/NurPhoto via Getty Images)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ယူကရိန်းနိုင်ငံအနောက်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ရုရှားစစ်တပ်၌ တာဝန်ထမ်းဆောင်စဉ် ယူကရိန်းရှေ့တန်းစစ်မျက်နှာ၌ ဖမ်းဆီးရမိခဲ့သည့် အာဖရိကနိုင်ငံသား နိုင်ငံခြားသားစစ်သည်များအား တွေ့ရစဉ်။ (ဓာတ်ပုံ – Genya Savilov/AFP via Getty Images)

ခေတ်မျက်လုံးအယ်ဒီတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 3 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်