နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

၂၀၂၆ခုနှစ်၊ မေလ (၁)ရက်

ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊

ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း အမိန့်ထုတ် ပြန်ပြီး စစ်သားတွေဆင့်ခေါ်တဲ့အတွက် လူငယ်အများအပြား စစ်မတိုက်ချင်လို့ ရုရှားကနေ ပြည်ပကိုထွက်ကြတဲ့အတွက် ဥဏှောက်ယိုစီးမှုဖြစ်ပြီး အလုပ်သမားတွေရှားပါးလာတာ ဖြစ်လာပါတယ်။

စစ်အတွင်း ရုရှားစစ်သား သိန်းသန်းနဲ့ချီ သေဆုံးတာကြောင့် စစ်မှုထမ်းဖို့ နိုင်ငံခြားသားတွေ ကို ငှားရမ်းလာခဲ့ပါတယ်။ ရုရှားအေးဂျင့်တွေက အလုပ်အကိုင်ရမယ် ကားမောင်းရမယ် ၊ ကားပြင်ရမယ်၊ အရောင်းစာရေးလုပ်ရမယ်ဆိုပြီးအာဖရိက၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေမှာ လိမ်ညာခေါ်ယူခဲ့ပြီး ရောက်တဲ့အခါ ပတ်ပို့စ်သိမ်းပြီး စစ်သင်တန်းတက်ခိုင်း ရှေ့တန်းပို့ခဲ့တာ တွေခံရပါတယ်၊ ဒါကြောင့်မြန်မာပြည်သားတွေလစာတလဒေါ်လာ  ၂၇၀၀- ၃၀၀၀ ရမယ်ဆိုတာမက်ပြီးလိုက်သွားရင် စစ်ထဲရောက်သွားနိုင်ခြေရှိနေပါတယ် အာဖရိက၊ အိန္ဒိယနိုင်ငံသားတွေကိုတောင်လုပ်ရင် မြန်မာနိုင်ငံသားတွေကိုလည်းလုပ်နိုင်ပါတယ်။ အခုတောင်အလုပ်သွားလုပ်တယ်ဆိုတဲ့သူတွေထဲကဘယ်နှစ်ယောက်ပျောက်ဆုံးနေပြီလဲ မိသားစုနဲ့အဆက်အသွယ်ပြတ်သွားပြီးဆိုရင် စစ်ထဲရောက်သွားပြီးလို့မှတ်ရတော့မှာပါ။

ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲအတွက် နိုင်ငံခြားသားတွေကို စစ်မှုထမ်းဖို့ စည်းရုံးရာမှာ လစာနဲ့ လျော်ကြေးငွေ အမြောက်အမြား ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရှိနေတာဟာ အချက် အလက် အရ မှန်ကန်ပေမဲ့ လက်တွေ့မှာတော့ အလွန်စွန့်စားရပြီး ကတိအတိုင်း မရရှိ တာတွေ အများကြီးရှိနေပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး အဓိက သိထားသင့်တဲ့ အချက်အလက်တွေကို အောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ လစာနဲ့ ခံစားခွင့် (Salary and Bonuses)

လစာ။ ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်မယ့် နိုင်ငံခြားသားတွေကို တစ်လလျှင် ရုရှားရူဘယ် ၂ သိန်း (အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၂,၂၀၀ မှ ၃,၀၀၀ ဝန်းကျင်) ပေးမယ်လို့ ကမ်းလှမ်းလေ့ရှိပါတယ်။

အပိုဆုကြေး။ စာချုပ်ချုပ်ဆိုပြီးတာနဲ့ တစ်လုံးတစ်ခဲတည်း ပေးတဲ့ အပိုဆုကြေး (Sign-on Bonus) တွေလည်း ရှိပါတယ်။

နိုင်ငံသားအဆင့်။ စစ်မှုထမ်းတဲ့ နိုင်ငံခြားသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရုရှားနိုင်ငံသား ဖြစ်ခွင့် (Fast-track Citizenship) ပေးမယ်လို့လည်း စည်းရုံးထားပါတယ်။

၂။ သေဆုံးမှုအတွက် လျော်ကြေး (Compensation for Death)

သေဆုံးသွားခဲ့ရင် လျော်ကြေးငွေအဖြစ် ရူဘယ် ၅ သန်း (ဒေါ်လာ ၅ သောင်းကျော်) ကနေ ၇ သန်းကျော်အထိ ပေးမယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

လက်တွေ့အခြေအနေ။ ဒီလျော်ကြေးငွေတွေကို သေဆုံးသူရဲ့ မိသားစုဝင်တွေဆီ တိုက်ရိုက် ရောက်ဖို့ဆိုတာ ရုရှားဘဏ်စနစ်နဲ့ နိုင်ငံတကာ ငွေလွှဲစနစ်တွေကြားမှာ အခက်အခဲအလွန်များ ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးကနေ သွားရောက်သူတွေအတွက် ဒီငွေကို ပြန်ထုတ်ယူဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။

၃။ အလောင်းပြန်ပို့ပေးမှု (Repatriation of Remains)

အလောင်းပြန်ပို့ဖို့ ကတိပေးသော်လည်း လက်တွေ့မှာတော့ စစ်မြေပြင်မှာ သေဆုံးသွားတဲ့ နိုင်ငံခြားသား စစ်သားအများစုရဲ့ အလောင်းတွေကို ပြန်လည်ရရှိဖို့ အလွန်ခက်ခဲပါတယ်။

စစ်ပွဲအခြေအနေအရ သေဆုံးသူတွေကို “ပျောက်ဆုံး” (Missing in Action) စာရင်းသွင်း လိုက်ရင် ရုရှားအစိုးရက လျော်ကြေးပေးစရာ မလိုတော့သလို၊ အလောင်းပြန်ပို့ပေးဖို့ တာဝန်လည်း မရှိတော့ပါဘူး။ ဥပမာ- နီပေါ၊ အိန္ဒိယနဲ့ ကျူးဘားနိုင်ငံသားတွေ ရုရှားဘက် ကနေ စစ်တိုက်ရင်း သေဆုံးချိန်မှာ မိသားစုဝင်တွေဟာ အလောင်းပြန်မရတဲ့အပြင် လျော်ကြေးငွေရဖို့လည်း အပြင်းအထန် ရုန်းကန်နေရတယ်လို့ သတင်းတွေမှာ ဖော်ပြ နေပါတယ်။

သတိထားရမည့် အချက်များ

လိမ်လည်မှုများ။ လူပွဲစားတွေဟာ “စစ်မြေပြင် မဟုတ်တဲ့ နေရာမှာ တာဝန်ထမ်းဆောင် ရမှာပါ” ဒါမှမဟုတ် “လုံခြုံရေးပဲ လုပ်ရမှာပါ” ဆိုပြီး လိမ်လည်စည်းရုံးလေ့ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သင်တန်း ကောင်းကောင်းမရဘဲ ရှေ့တန်းစစ်မျက်နှာပြင် (Frontline) တွေဆီ အပို့ခံရတာမျိုးတွေ ရှိနေပါတယ်။

ဘာသာစကား အခက်အခဲ။ ရုရှားစကား မတတ်တဲ့အတွက် အမိန့်ပေးချက်တွေကို နားမလည်ဘဲ စစ်မြေပြင်မှာ အသက်ဆုံးရှုံးရတဲ့ နိုင်ငံခြားသားတွေ အများကြီး ရှိပါတယ်။

စာချုပ်ပါ အချက်အလက်။ စာချုပ်တွေဟာ ရုရှားဘာသာနဲ့ ရေးထားတာ ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေအနေနဲ့ မိမိတို့ လက်မှတ်ထိုးလိုက်တဲ့ အချက်အလက်တွေကို သေချာ နားမလည်ဘဲ ထောင်ချောက်မိသွားတာမျိုးတွေ ရှိတတ်ပါတယ်။

အကျဉ်းချုပ်အနေနဲ့ ပြောရရင် ရုရှားက ကမ်းလှမ်းတဲ့ ငွေပမာဏဟာ မှန်ကန်နိုင်ပေမဲ့ ယင်းငွေကို ရရှိဖို့နဲ့ အသက်အာမခံချက်အတွက်ကတော့ အလွန်ကြီးမားတဲ့ စွန့်စားမှု တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းဌာနတွေရဲ့ အဆိုအရ နိုင်ငံခြားသား စစ်သားအများစုဟာ “အမြောက်စာ” (Cannon fodder) အဖြစ်သာ အသုံးချခံနေရတယ်လို့ ဖော်ပြနေကြပါတယ်။

ဒါကြောင့်ရုရှားမှာ မိသားစုအတွက်စွန့်စားအလုပ်လုပ်မယ် လစာကလဲမက်လောက်တယ် ဆိုပြီးလိုက်သွားရင်း ကျူးကျော်စစ်ကို ဝင်တိုက်ပေးမိရက်သားဖြစ်ပြီး အသက်ဆုံးရှုံးရဖို့များ ကြောင်း ငါးစာဘဲမြင်ပြီးငါးမျှားချိတ်ကိုမမြင်ဘဲ ဟပ်လိုက်လို့စစ်မြေပြင်အပို့ခံရပြီး ထွက်လမ်း မရှိတဲ့ အပြင် စစ်အုပ်စုကလဲ ရုရှားအစိုးရကို တောင်းဆိုပေးနိုင်တဲ့ ဂုဏ်သိက္ခာလဲ မရှိတဲ့အတွက် စိတ်ကူးသိပ်မယဥ်ကြဖို့သတိပေးရတာပါ။

အခုခေတ်မျက်လုံးမှာတင်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင်က သူ့မဟာမိတ်ရုရှားကို စစ်ကူတဲ့အနေနဲ့ သူ့စစ်သားတွေ တသောင်းလောက်ပို့ခဲ့ပြီး အဲဒီထဲက အများစု ယူကရိန်း စစ်မြေပြင်မှာ ကျဆုံးတာ ရှေ့တန်းမှာ အဝိုင်းခံရတဲ့အတွက် အဖမ်းမခံဘဲ သတ်သေရတဲ့ သူတွေကိုမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ချီးကြူးဂုဏ်ပြုတာတွေကို ဖတ်ရပါတယ်၊ (ခေတ်မျက်လုံးမှာတင်ထားပါတယ်)။

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားကိုဖင်ပေးပေါင်းနေတာကြောင့် သူ့လက်အောက်ခံ စစ်သားတွေကို ကင်ဂျုံအွန်လို မပို့ပေးဘူးလို့လဲ မပြောနိုင်ပါဘူး အခုရုရှားကို အလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားတွေ အကြောင်းကို စောင့်ကြည့်ကြရမဲ့ သဘောရှိပါတယ်။ အလုပ်သွားလုပ်တဲ့သူတွေရဲ့မိဘတွေ ဇနီးမယားတွေအနေနဲ့ ဂရုတစိုက်ဆက်သွယ်နေဖို့ လိုမယ်လိုသတိပေးရေးသားလိုက်ရပါတယ်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ ရုရှားသံရုံးအနီးတွင် ရုရှားစစ်တပ်မှ ပြန်လည်ရောက်ရှိလာသူများနှင့် မိသားစုဝင်များက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆန္ဒပြနေကြစဉ်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက စတင်ကြေညာခဲ့သည့် ယူကရိန်းကျူးကျော်စစ်၏ ရှေ့တန်းစစ်မျက်နှာပြင်များတွင် ပါဝင်တိုက်ခိုက်ရင်း နီပေါနိုင်ငံသား ဆယ်ဂဏန်းခန့် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။ ဆန္ဒပြသူများသည် ရုရှားသံရုံးအရာရှိများထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့ကြပြီး၊ လစာကောင်းကောင်းပေးမည်ဟု ကတိပြုကာ နီပေါနိုင်ငံသားများအား ရုရှားတပ်ဖွဲ့များအတွင်း စစ်သားအဖြစ် စုဆောင်းနေခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။ (ဓာတ်ပုံ – Subaas Shrestha/NurPhoto via Getty Images)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ယူကရိန်းနိုင်ငံအနောက်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ရုရှားစစ်တပ်၌ တာဝန်ထမ်းဆောင်စဉ် ယူကရိန်းရှေ့တန်းစစ်မျက်နှာ၌ ဖမ်းဆီးရမိခဲ့သည့် အာဖရိကနိုင်ငံသား နိုင်ငံခြားသားစစ်သည်များအား တွေ့ရစဉ်။ (ဓာတ်ပုံ – Genya Savilov/AFP via Getty Images)

ခေတ်မျက်လုံးအယ်ဒီတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက