မေလ (၆)ရက်။
NUG ချီးမြှင့်မယ့် သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ကို လက်ခံမှာမဟုတ်ဘူးလို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ကျောင်းသားတပ်မတော်အနေနဲ့ အခုကာလမှာ ဘယ်အစိုးရကပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုမှ လက်ခံသွားမှာမဟုတ်ဘူး” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
NUG ဟာ PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်သွားဖို့ရှိတယ်လို့ မနေ့က အသိပေးကြေညာခဲ့ပါတယ်။
အဲ့ဒီဆုတွေဟာ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့၊ သူရဲကောင်းဘွဲ့၊ ပြည်သူ့ဇာနည်ဆုတံဆိပ်နဲ့ ပြည်သူ့သားကောင်းဆုတံဆိပ်တို့ဖြစ်ပါတယ်။
အခုအခါ NUG က ဘွဲ့နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်နိုင်ဖို့ စိစစ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ချီးမြှင့်အပ်နှင်းမယ့်ရက်ကို ထပ်မံအသိပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ဒီလို သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်တဲ့ အစီအစဉ်ကို နှစ်တိုင်း ဆောင်ရွက်သွားဖို့ ရည်ရွယ်တယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








