စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ
မေလ (၇)ရက်။
မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားကြတယ်လို့ သိရပါတယ်။
ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ အသက် (၇၀)ကျော်အရွယ်ရှိပြီး KNU တပ်မဟာ(၅) မူတြောခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်ပါတယ်။
အခုလို ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်တဲ့အပေါ် ဒေသထဲရှိ အဖွဲ့တွေက ဝမ်နည်းကြောင်း ထုတ်ပြန်ထားသလို သူ့ရဲ့ ဦးဆောင်မှု၊ ရဲရင့်မှုနဲ့ ပေးဆပ်မှုတို့ကို အောက်မေ့သတိရနေမယ်လို့ ပြောဆိုထားပါတယ်။
KNLA ရဲ့ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်တာကို စစ်လော်ဘီချန်နယ်တွေဘက်ကတော့ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့်ဆိုပြီး ရေးသားနေကြပါတယ်။
စစ်လော်ဘီတွေဟာ စစ်တပ်က KNU ရဲ့ တပ်မဟာ(၅)ဌာနချုပ်ကို ဗုံးကြဲခဲ့ရာ စောကလယ်ဒိုအပါအဝင် KNU ခေါင်းဆောင်အချို့ သေဆုံးတယ်ဆိုပြီး သတင်းမှားတွေ ဖော်ပြထားကြပါတယ်။
ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ သူဟာ လူကြီးရောဂါကြောင့် ကွယ်လွန်တာဖြစ်ပြီး စစ်လော်ဘီတွေက သတင်းမှားတွေ ထုတ်ပြန်နေတာလို့ ဒေသထဲသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုထားကြပါတယ်။
အခုလို ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်တာနဲ့ပတ်သက်ပြီး KNU ဘက်ကတော့ တရားဝင် ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။








