မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို
မေလ (၈)ရက်။
ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအကြောင်းကြားစာကို အုပ်စုနဲ့ ကပ်ကျေးပအဖတာဝန်ခံတွေဆီကို ဧပြီလ (၂၆)ရက်နေ့ရက်စွဲနဲ့ တောင်ပိုင်းတိုက်နယ်-ဂန့်ဂေါမြိုနယ် ပအဖနဲ့ ပကဖက ထုတ်ပြန်ထားတာလို ဆိုပါတယ်။
အခုလို ဆုံးဖြတ်တာကို တိုက်နယ်ထဲရှိ ဒေသခံတော်လှန်ရေးအဖွဲတွေ၊ မြိုနယ်၊ တိုက်နယ်နဲ့ အုပ်စုအလိုက် ပအဖ၊ ပကဖ တာဝန်ခံတွေ တွေ့ဆုံပြီး သဘေူတူညီခဲ့တာလို ဖော်ပြထားပါတယ်။
ဒီလို သဘောတူချမှတ်ခဲ့တာဟာ ပြည်သူလူထု လုံခြုံစေဖိုနဲ့ စစ်ကောင်စီရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖိုဖြစ်တယ်လို ဆိုပါတယ်။
ဒါ့ကြောင့် ဂန့်ဂေါနယ်ထဲ နေထိုင်တဲ့ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်မပြုဖိုနဲ့ လိုက်နာတာမရှိဘဲ စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ပညာသင်တန်း တက်စေကာ တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လို အသိပေးထားပါတယ်။
နောက်ပြီး လူငယ်တွေအနေနဲ့ မှောင်ခိုလမ်းကြောင်းကနေ ထွက်ခွာသွားတာကို သိရှိခဲ့ရင် နေအိမ်မှာ နေထိုင်တဲ့ အုပ်ထိန်းသူကို ထိုက်သင့်တဲ့ အရေးယူတာတွေ ဆောင်ရွက်မယ်လို ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခုအချိန်ကစပြီး အုပ်စု၊ ရပ်ကျေး ပအဖတာဝန်ခံတွေအနေနဲ့ အဲ့ဒီအချက်တွေကို ရပ်ရွာမှာနေထိုင်တဲ့ အိမ်ထောင်စု တခုချင်းစီကို ရှင်းပြပြီး လိုက်နာဖို အကြောင်းကြားထားတယ်လို သိရပါတယ်။








