ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း ဆက်လက်ပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ လက်သီး လက်မောင်း တန်းနေတုံးဖြစ်တာကို သူတို့အမြင်ကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ဒီမေလ (၁၀)ရက် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန်ည၇နာရီခွဲမှာ ခေတ်မျက်လုံးရဲ့ Era’sEye YouTube Channel ကနေ စောင့်မျှော်နားဆင်နိုင်ကြောင်း အားပေးနေတဲ့ပရိတ်ဿတ်များကို အသိပေးလိုက်ပါတယ်၊ အချိန်ရောက်ရင် အောက်ပါလင့်ကို ကလစ်လုပ်ပြီး ကြည်ရှုအားပေး နိုင်ပါတယ်။
https://www.youtube.com/@eraseyechannel
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့








