မြန်မာ့ရေးရာ ကိစ္စတွေကို ဖြေရှင်းဖို့အတွက် အာဆီယံ အထူးသံတမန်ရုံးဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က သံတမန်ရုံးကို သူမ ကိုယ်တိုင်ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ဇန်န ဝါရီ (၁၀) ရက် နှစ်သစ်ကူး မိန့်ခွန်း မှာ ပြောကြားလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိမှာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို ရယူထားသည့်နိုင်ငံလည်းဖြစ်သည်။ အင်ဒိုနိုင်ငံ ခြားရေးဝန်ကြီးအနေဖြင့်် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် တွေ့ခွင့်ရဖို့လည်း တောင်းဆိုလိုက်သည်။
အာဆီယံ အထူးသံတမန်အဖြစ် ဆောင်ရွက်သွားမည့် ကာလအတွင်းမှာ မြန်မာ့အရေးသက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က ပြောကြားသည်။
နိုင်ငံတော်အဆင့် စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံရေး ပြသနာကနေ မြန်မာနိုင်ငံအတွက် အဖြေပေါ်အောင် အင်ဒိုနီးရှားအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားမယ်လို့ သူမကကတိပြုသည်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာအကောင်အထည်ဖော်တာ မရှိသေးဘူးလို့လည်း ရက်နိုမာဆူဒီကထောက်ပြ ပြောကြားထားတာပါ။
MoeZ/Era’Eyes | Photo – CRD