ဂလင်းစလမ်ချန်ပီယံဆု ၄ ဆုရှင် နာအိုမီအိုဆာကာဟာ ကိုယ်ဝန်ဆောင်ထားရပြီလို့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တင်းနစ်ကမ္ဘာ့အဆင့် ၁ ဟောင်းဖြစ်တဲ့ နာအိုမီအိုဆာကာဟာ ပြီးခဲ့တဲ့စက်တင် ဘာလကတည်းက ပွဲကစားတာကို ရပ်နားထားပြီး ယခုတစ်ပတ်အစောပိုင်းကလည်း ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။
အခုအခါမှာတော့ သူမက “၂၀၂၃ ခုနှစ်ဟာ ကျမအတွက် သင်ခန်းစာသစ်တွေနဲ့ ပြည့်နှက်နေမယ့် နှစ်ဖြစ်ပါတယ်။ ခုချိန်မှာ ကျမရဲ့ ကလေးက ကွင်းထဲမှာ ကျမကစားနေတာကို ကြည့်ပြီး ဟိုမှာ အမေ တင်းနစ်ကစားနေတယ်လို့ ပြောတာကို မျှော် လင့်နေပါတယ်” လို့ သူမရဲ့ တွစ်တာစာမျက်နာမှာ ကြေညာသွားခဲ့တာဖြစ်ပါတယ်။
ဂျပန်လူမျိုး နာအိုမီအိုဆာကာဟာ ၂၀၂၁ ဩစတြေလျအိုးပင်းပြိုင်ပွဲမှာ ဂလင်စလမ်ချန်ပီယံဆုကို နောက်ဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း စိတ်ကျဝေဒနာခံစားနေရတယ်လို့ထုတ်ဖော် ပြောကြားကာ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးနေခဲ့တာဖြစ်ပါတယ်။
Era’seye