ဇွန်လ (၆)ရက်။
အခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ စစ်အုပ်စုကြောင့် ပြည်သူ (၅၀)ဦးအထိ သေဆုံးခဲ့တယ်လို AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သေဆုံးသူတွေဟာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ဖြစ်ပြီး အမျိုးသမီး (၂၉)ဦးနဲ့ အမျိုးသား (၂၁)ဦးတိုဖြစ်တယ်လို ဆိုပါတယ်။
စစ်အုပ်စုကြောင့် သေဆုံးသူတွေကို AAPP အနေနဲ့ နာမည်နဲ့အတူ အတည်ပြုနိုင်ခဲ့ပြီး အဲ့ဒီအထဲ (၃)နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် (၁၈)နှစ်အောက် ကလေး(၆)ဦးပါဝင်တယ်လို ဖော်ပြထားပါတယ်။
အဲ့ဒီကာလထဲ လက်နက်ကြီးနဲ့ တိုက်ခိုက်တာကြောင့် အတည်ပြုဖို လိုအပ်နေတဲ့ သေဆုံးအရပ်သား (၄၆)ဦးရဲ့ စာရင်းကိုလဲ သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ဖို ဆောင်ရွက်နေတယ်လို ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၆)ရက်နေ့ကလဲ ဘီးလင်းမြို အလူးကြီးရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အဖွားအိုတဦးနဲ့ မြေးဖြစ်သူတို ကျည်ထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် မတရားစစ်အာဏာလုတဲ့ဖြစ်စဉ် စတင်ချိန်ကနေ အခုနှစ် ဧပြီလ (၅)ရက်နေ့အထိ စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ (၈၀၀၀)ကျော်အထိရှိပြီဖြစ်တယ်လို သိရပါတယ်။








