နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား

ဇွန်လ (၈)ရက်။

ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က ဒီကနေ့ကစပြီး ပိတ်ပင်ထားတာလို့ ဆိုပါတယ်။

KIA ရဲ့ ထုတ်ပြန်ချက်ထဲ ရွှေကူမြို့ထဲရှိ ပြည်သူတွေအားလုံး မြို့ထဲကနေ ထွက်ခွာတိမ်းရှောင်ကြဖို့နဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုဖို့ သတိပေးထားပါတယ်။

နောက်ပြီး ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကို သွားလာရင် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာတွေကို လုံးဝ တာဝန်ယူမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရွှေကူမြို့ထဲက တိမ်းရှောင်တာမရှိတဲ့ ပြည်သူတွေအနေနဲ့လဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို လုံးဝ တာဝန်ယူမှာမဟုတ်ဘူးလို့ KIA က ထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့အနောက်တောင်ဘက်ခြမ်းရှိ ငါးအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာကာ သေဆုံးသူတွေ များပြားနေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 9 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 9 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 11 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 9 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ
မြန်မာသတင်း

မအလအိန္ဒိယခရီးစဥ်နဲ့တရုပ်သြဇာလွှမ်းမိုးမှု”

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 13 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၅၀)မှာ မအလ အိန္ဒိယခရီးစဥ်ကို ဘာရည်ရွယ်ချက်နဲ့သွားခဲ့သလဲ ဆိုတာကိုလေ့လာသုံးသပ်ခြင်းနဲ့ မြန်မာနိုင်ငံကို တရုတ် သံတမန်တွေလာရောက်ပြီး မြန်မာ-တရုတ် ဆက်ဆံရေး တိုးမြင့်ဖို့ အတွက် ဘာကြောင့် အင်တိုက် အားတိုက် လုပ်ဆောင်နေလဲဆိုတာတွေကို