ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား
ဇွန်လ (၈)ရက်။
ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့ ရဲဘော် AD(ခ)ကောင်းစည်သူတိုဖြစ်တယ်လို ဆိုပါတယ်။
အခုလိုဖမ်းဆီးတာဟာ ရွာမရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း သားကြီး(ခ)အောင်နိုင်ဦးဆိုသူရဲ့ တိကျတဲ့ သတင်းပေးတိုင်တန်းတာကြောင့်ဖြစ်တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ ကွင်းဆက် လိုက်လံဖမ်းဆီးဖို အပြင်းအထန် ကြိုးပမ်းနေကာ အုပ်ကြီးဟောင်းနဲ့ အင်းလေးပျူ ဖိုးသာထူးတိုကို လက်နက်ချပွဲလုပ်နိုင်ရင် သိန်း(၁၀၀၀)ပေးမယ်ဆိုပြီး မက်လုံးပေးထားတယ်လို သိရပါတယ်။
ဒါ့ကြောင့် သူတိုဟာ ဆေးစွဲလူငယ်တွေအပါအဝင် လိုက်လံစုစည်းရှာဖွေနေကာ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေနဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတွေက တာဝန်ခံတွေနဲ့ ရဲဘော်တွေ ဘေးလွတ်ရာ အရေးပေါ် ချက်ချင်းရှောင်ရှားကြဖို နှိးဆော်ထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လဲ သတိရှိကြဖိုနဲ့ စစ်ကောင်စီသတင်းပေးတွေနဲ့ ဒလန်တွေရဲ့ လုပ်ရပ်တွေကို IPDF တပ်ဖွဲအနေနဲ့ ပြင်းထန်စွာ တုံပြန် အရေးယူသွားမယ်လို သတိပေးထားချက်အရ သိရပါတယ်။








