နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရ

ဇွန်လ (၁၀)ရက်။

မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဌာနချုပ်မှာ ပြုလုပ်တဲ့ UNDP UNFPA နဲ့ UNOPS ရဲ့ နှစ်စဉ် အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာမှာ စစ်အုပ်စုရဲ့ စနစ်တကျ လုပ်ဆောင်တာကြောင့် ဖြစ်ပေါ်တဲ့ ထိတ်လန့်ဖွယ် ဖြစ်စဉ်စကေးဟာ အခုနှစ် နှစ်လယ်ပိုင်းမှာပဲ ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ အဆက်မပြတ် အကြမ်းဖက်နေတာနဲ့ လူသားစာနာမှု အကူအညီတွေ ပိတ်ဆို့တာတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာနေထိုင်သူ (၃)သန်းကျော် ရှိလာခဲ့တယ်လို့ သိရပါတယ်။

အရင်က တကြိမ်တခါမှ ဖြစ်ပေါ်ခဲ့တာမရှိခဲ့တဲ့ ကလေးငယ် (၅)သန်းအပါအဝင် လူပေါင်း (၁၆)သန်းဟာ အသက်ရှင်သန်မှုအတွက် လူသားစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလို မြန်မာမှာ ဖြစ်ပေါ်နေတဲ့ စစ်အုပ်စု ဖန်တီးထားတဲ့ အကျပ်အတည်းဒုက္ခဒဏ်ကို အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ခါးစည်းခံနေရတယ်လို့ ‌ဆိုပါတယ်။

နောက်ပြီး ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ ကျားမအခြေပြု အကြမ်းဖက်မှုက အလွန်မြင့်တက်နေပြီး အသက်ကယ် လိင်နဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနဲ့ အခွင့်အရေးဆိုင်ရာ ဝန်ဆောင်မှုတွေ (SRHR) ရရှိဖို့မှာ ပိတ်ပင်ခံထားရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် UNFPA နဲ့ UN-Women တို့ရဲ့ လူသားစာနာမှုဆိုင်ရာ အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တို့ဟာ အကူအညီလိုအပ်နေသူတွေအတွက် မရှိမဖြစ် လိူအပ်နေတဲ့ အသက်သွေးကြောလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအနေနဲ့လဲ အဲ့ဒီအချက်ကို သိရှိနားလည်တာကြောင့် လေးလံပြည့်နှက်နေတဲ့ စိန်ခေါ်မှုတွေကို ကျော်လွန်နိုင်ဖို့ အားလုံးပါဝင်ပြီး ဒီမိုကရေစီကျတဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် NUG နဲ့ မိတ်ဖက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအနေနဲ့လဲ SCEF ကို ဖွဲ့စည်းကာ အကြမ်းဖက်ဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနဲ့ အမျိုးသမီး ဦးဆောင်မှုတို့ကို ဦးစားပေးချမှတ်ထားတယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အခုလို သမိုင်းဝင် အသွင်ကူးပြောင်းမှုမှာ ရှေ့တန်းက ဦးဆောင်နေကြတဲ့ အင်အားစုတွေဖြစ်ကာ ကုလအဖွဲ့အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့၊ အကာအကွယ်ပေးဖို့နဲ့ လုပ်ပိုင်ခွင့်အာဏာ မြှင့်တင်ပေးဖို့တို့ကို မလျော့ပါးစေဘဲ ပိုမိုအားကောင်းလာအောင် သတိပြုရမယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 4 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့
မြန်မာသတင်း

တနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
ဇွန်လ (၁၃)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့တယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
ဇွန်လ (၁၃)ရက်။ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စည်းမျဉ်းစည်းကမ်းတွေအတိုင်း စုံစမ်းစစ်ဆေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရဲဘော်မုန်တိုင်းဟာ ကာမပိုင်အမျိုးသမီးတဦးနဲ့ ဖောက်ပြန်တာအပါအဝင် တပ်ထဲ စည်းလုံးမှုပျက်ပြားလာတာကြောင့် တပ်ဖွဲ့စည်းတာကို ပြင်ဆင်ပြီး အပြစ်ပေးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၂)ရက်။ လာမယ့်ရက်သတ္တပတ်ထဲ သမ္မတုမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ ဇွန်လ (၁၅)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတုမင်းအောင်လှိုင်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ
တရုတ် မြန်မာသတင်း

ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
ဇွန်လ (၁၂)ရက်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ဟာ အခုလပထမအပတ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ ရှိနေချိန် ဖမ်းဆီးခံရတာလို့
မြန်မာသတင်း

စစ်တပ်ရဲ့ အင်အားဖြည့်တာတွေကို ကြိုတင်ပြင်ဆင်ပိတ်ဆို့တားဆီးဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
ဇွန်လ (၁၂)ရက်။ မြိုင်နယ်ထဲရှိ စစ်တပ်ရဲ့ အထိုင်ရဲစခန်း၊ ပျူရွာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ လျော့နည်းနေတယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတွက် စစ်တပ်ရဲ့ အထိုင်တပ်မတွေက လက်အောက်ခံနေရာတွေကို ရိက္ခာ၊ ဆေးဝါး၊
မြန်မာသတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကိုပေးအပ်တဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
ဇွန်လ (၁၂)ရက်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကို ပေးအပ်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် Justice for Myanmar(JFM)က ဒီကနေ့မှာ ရှုတ်ချထားတယ်လို့ သိရပါတယ်။ Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိတဲ့
မြန်မာသတင်း

ထန်တလန်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ထန်တလန်မြို့နယ်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ ဇိုဖေးဒေသအခြေစိုက် CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ