ဇွန်လ (၁၀)ရက်။
နိုင်ငံ့ဝန်ထမ်းတွေကို ငွေကြေးလာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးဖို့ သမ္မတုမင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေအတွက် ဖြစ်သင့်တဲ့ လစာနှုန်းထားတွေနဲ့ ထောက်ပံ့ကြေးတွေကို ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ငွေကြေးအလွဲသုံးစားတာ၊ လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးချပြီး ငွေကြေးရယူတာတွေ၊ ကောက်ခံတာတွေ မလုပ်ကြဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
နိုင်ငံ့ဝန်ထမ်းတွေကို လာဘ်ထိုးတာတွေဟာ အားကောင်းတဲ့ အစိုးရတရပ်ရဲ့ ပုံရိပ်ကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ အာဏာလု သမ္မတတုမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နောက်ပြီး နိုင်ငံ့ဝန်ထမ်းတွေအားလုံး အဂတိကင်းရှင်းအောင် ဆောင်ရွက်ဖို့နဲ့ တာဝန်ရှိသူတွေ စနစ်တကျ ကွပ်ကဲကြပ်မတ်သွားဖို့ အမိန်ပေးခဲ့ပါတယ်။
ဒါ့အပြင် တိုင်းနဲ့ပြည်နယ်တွေမှာ လုံခြုံရေး စစ်ဆေးတဲ့အခါ တရားမဝင် ငွေကြေးကောက်ခံတာတွေ မလုပ်ဖို့နဲ့ စစ်ဆေးကြပ်မတ်ကြဖို့ ပြောဆို့ခဲ့ပါတယ်။
သမ္မတုမင်းအောင်လှိုင်ရဲ့ ပြောဆိုတာတွေဟာ လက်တွေ့မြေပြင်မှာတော့ များစွာကွဲလွဲနေပြီး အာဏာရှင်တွေရဲ့ လက်အောက်ခံတွေဆိုသလို ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ နှိပ်ကွပ်ဖိနှိပ်နေကြတယ်လို့ သိရပါတယ်။








