ဇွန်လ (၁၀)ရက်။
(၅)နှစ်တာ တော်လှန်ရေးတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိနဲ့ ရဲဘော် (၁၂၄)ဦးရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ MDY-PDF ရဲ့ အထူးလှုပ်ရှားတပ်မက ရဲဘော်တွေနဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေကို အမြဲ ဂုဏ်ပြုမှတ်တမ်းတင်နေမယ်လို့ ဆိုထားပါတယ်။
ဒီလို တိုက်ပွဲဝင်ရင်း ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတခုကို ဇွန်လ (၆)ရက်နေ့က ပထမဆုံးအကြိမ်အနေနဲ့ အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအခမ်းအနားကို ဂုဏ်ပြုခံရဲဘော်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ အထူးလှုပ်ရှားတပ်မက စစ်သည်ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး အခမ်းအနားမှာ MOD က ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ တာဝန်ရှိသူတွေက အမှာစကား ပြောဆိုတာနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် MDY-PDF အထူးလှုပ်ရှားတပ်မအနေနဲ့ စတင်တည်ထောင်ချိန်ကစပြီး ဒီကနေ့အထိ တော်လှန်ရေးတာဝန်တွေနဲ့ တပ်တည်ဆောက်တဲ့လုပ်ငန်းတွေကို အစဉ်တစိုက် ကြိုးပမ်းထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။











