ဇွန်လ (၁၇)ရက်။
ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် တိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ဝက်လက်နယ်အရှေ့တောင်ခြမ်းရှိ ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို လေကြောင်းကနေ (၂)ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အရပ်သား (၄)ဦး သေဆုံးခဲ့ရသလို နွားတွေလဲ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်တပ်ဟာ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အသိ၊ သတိနဲ့ နေထိုင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။










