ဇွန်လ (၂၀)ရက်။
အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့ စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်တာ (၁)ကြိမ်တိုဖြစ်တယ်လို ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)ဦးခန့် သေဆုံးခဲ့ပြီး (၁၀၀)ဦးထက်မနည်း ဒဏ်ရာရခဲ့သလို စစ်သုံပန်း (၄)ဦး ဖမ်းမိခဲ့တယ်လို ဖော်ပြထားပါတယ်။
ထိတွေ့တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်ဆီက MA1 (၃)လက်၊ MA11 (၄)လက်၊ MA4 (၁)လက်၊ ၅.၅၆ (ကပစ) ကျည် (၇၉၆)တောင့်၊ စက်လက်ကျည် (၆၀၀)တောင့်၊ RPG ဗုံးသီး (၈)လုံး၊ RPG ပိုယမ်း (၆)တောင့်၊ ၆၀မမ (၁)လက်၊ ၆ မမ ဗုံးသီး (၅)လုံး၊ ၄၀မမ ဗုံးသီး (၂)လုံး၊ အီနာဂါ (၁)လုံး၊ နင်းမိုင်း (၁၅)လုံး၊ ရှေ့ထွက်မိုင်း (၆)လုံး၊ လက်ပစ်ဗုံး (၅)လုံး၊ ကပ်သီး (၅)ခု၊ မီးကြိုးခွေ (၁)ခွေ၊ MA11 ကျည်ဘောက် (၇)ဘောက်၊ ကျည်ကာဦးထုပ် (၇)လုံး၊ ကျည်ကာ (၅)စုံ၊ လွယ်အိတ် (၁၀)လုံး၊ ဆေးအိတ် (၁)လုံး၊ Jammer အကြီး (၂)လုံး၊ မီးစက် (၂)လုံးနဲ့ အင်ဗာတာ (၁)လုံးတိုကို သိမ်းဆည်းရရှိခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် PDF အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ကို စစ်မျက်နှာအသီးသီးမှာ ရွံရွံချွံချွံ တိုက်ပွဲဝင်နေတယ်လို အသိပေးထားပါတယ်။
ပြည်သူများအနေနဲ့လဲ တော်လှန်ရေးတပ်ဖွဲဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ဖို မေတ္တာရပ်ခံထားတယ်လို သိရပါတယ်။










