ဇွန်လ (၂၃)ရက်။
မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ် တိုက်ခိုက်ဖျက်ဆီးခဲ့တာကို မြိုင်ပကဖက ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ထားပြီး လေယာဉ်ကိုယ်ထည်အောက်ပိုင်း မီးလောင်ခဲ့တာကို တွေ့ရပါတယ်။
အခုလိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
ဒါ့အပြင် တွင်းမပျုစောထီးရွာထဲ လေယာဉ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
အဲ့ဒီတိုက်ခိုက်တာကို မြိုင်ပကဖ၊ ပေါက်ပကဖ မကွေး-PDF၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေ၊ BPLA၊ ပခုက္ကူခရိုင်ပကဖ၊ ABSDF၊ KG တပ်ဖွဲ ၊ ပခုက္ကူခရိုင်(၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈)၊ တိုင်းပကစစ်ကြောင်း(၄)နဲ့ ဒေသထဲညီအစ်ကိုတွေ ပူးပေါင်းဖော်ဆောင်ခဲ့တာလို သိရပါတယ်။







