နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်

အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်များကြောင့် အဆိုပါဗိမာန်မှာ နာမည်ပျက်နေပြီး ဝန်ကြီးချုပ် မိုဒီ အစိုးရအတွက် အရှက်ရစရာ ဖြစ်နေသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရပဒေသပြည်နယ်၊ အယုဒ္ဓယ (Ayodhya) မြို့ရှိ ရာမဗိမာန်ကို စီးမိုးမြင်တွေ့နေရသည့် ၎င်း၏နေအိမ် ခေါင်မိုးထပ် ဝရံတာတွင် ဘရာဂျက်ရှ် ကူးမား (Brajesh Kumar) သည် ညနေခင်းတိုင်း သုံးထပ်မြောက်သို့ တက်၍ တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်လေ့ရှိသည်။
အသက် ၆၅ နှစ်အရွယ် ရှိပြီဖြစ်သော ကူးမားသည် ဆယ်စုနှစ်များစွာအတွင်း တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်ခဲ့သည့် ဤမြို့ငယ်လေးသည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဘာရတီယ ဂျနတာ ပါတီ (BJP) က ရှေ့ဆောင်လမ်းပြခဲ့သော ဟိန္ဒူလူများစုဝါဒ လှုပ်ရှားမှု၏ အကြီးမားဆုံး ပဋိပက္ခဗဟိုချက်အဖြစ်သို့ ပြောင်းလဲသွားပုံကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရသည်။ ယခု ဗိမာန်တည်ရှိရာနေရာသည် ယခင်က ၁၆ ရာစုလက်ရာ ဘာဘရီဗလီ (Babri Mosque) တည်ရှိခဲ့သော နေရာဖြစ်သော်လည်း ၁၉ ညဆယ့်နှစ် (၁၉၉၂) ခုနှစ်တွင် ဟိန္ဒူလူအုပ်စုကြီးက ၎င်းကို ဖြိုချဖျက်ဆီးခဲ့သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွားကာ အများစုမှာ မူဆလင်များဖြစ်ကြသော လူပေါင်း ၂,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

လွန်ခဲ့သည့် နှစ်နှစ်ခွဲခန့်က မိုဒီသည် ဖြောင့်မတ်တည်ကြည်ခြင်း၏ ပြယုဂ်အဖြစ် ကိုးကွယ် ကြသော ဟိန္ဒူနတ်ဘုရား ရာမအား ရည်စူးထားသည့် ဗိမာန်သစ်၏ ကနဦးသိဒ္ဓိတင် မင်္ဂလာ အခမ်းအနားကို သဘာပတိအဖြစ် ဦးဆောင်ပေးခဲ့သည်။ ဟိန္ဒူဘာသာဝင်အများစုက နတ်ဘုရား ရာမသည် ထိုနေရာတွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ကြသည်။

ကူးမားကဲ့သို့သော ဟိန္ဒူဘာသာဝင်များအတွက်မူ အဆိုပါဗိမာန်သည် ၎င်း၏ဖြစ်တည်မှုနှင့် အတူ ပါရှိလာသည့် အငြင်းပွားမှုများနှင့် သေဆုံးမှုများ ရှိခဲ့သော်လည်း စိတ်နှလုံးအေးချမ်းမှု ကို ဆောင်ကြဉ်းပေးခဲ့သည်။
သို့သော် မကြာသေးမီကအထိသာ ဖြစ်သည်။

ပြီးခဲ့သည့် လကစတင်၍ ဤဗိမာန်သည် စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခြင်းခံရသူများက ဘာသာဝင်များ လှူဒါန်းထားသည့် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိနိုင်သော အလှူငွေများ ကို အလွဲသုံးစားလုပ်ခဲ့ကြသည်ဟူသော စွပ်စွဲချက်များဖြင့် စွပ်စွဲခံရာနေရာ ဖြစ်နေခဲ့သည်။

“ကျွန်တော်တို့ရဲ့ သက်ဝင်ယုံကြည်မှုကို အလုအယက် ခိုးယူသွားတဲ့ [စီမံခန့်ခွဲရေးအဖွဲ့] ရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတာပါပဲ၊ ဒီထက်မပိုပါဘူး” ဟု ကူးမားက အလ်ဂျာဇီးရားသို့ ပြောကြားသည်။ “သူတို့ သဘောအတိုင်းသာလွှတ်ထားမယ်ဆိုရင် တစ်နေ့ကျရင် ဘာသာရေး ကို အကြောင်း ပြပြီး ကျွန်တော်တို့အားလုံးကို ရောင်းစားပြီး သူတို့အိတ်ကပ်ထဲ ငွေဖြည့်ကြ လိမ့်မယ်။”

အဆိုပါ စွပ်စွဲချက်များကြောင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးမှုများနှင့် နိုင်ငံရေးအရ ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး၊ ၎င်းသည် လပိုင်းမျှသာ လိုတော့သည့် အိန္ဒိယနိုင်ငံ၏ လူဦးရေ အများဆုံး ပြည်နယ်ရွေးကောက်ပွဲ ရလဒ်များကို ပုံဖော်ပေးနိုင်ဖွယ် ရှိနေသည်။

အယုဒ္ဓယ၏ ဖုံးကွယ်ထားသော ပြဿနာအိုးပွင့်လာခြင်း
ဖွင့်လှစ်ပြီးကတည်းက ရာမဗိမာန်သည် အိန္ဒိယနိုင်ငံတွင် ထိပ်တန်းဘာသာရေးနေရာတစ်ခု ဖြစ်ခဲ့ပြီး ဟိန္ဒူဘာသာဝင် သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
အဆိုပါ သာသနိကအဆောက်အအုံကို သီးခြားလွတ်လပ်သော ဂေါပကအဖွဲ့ဖြစ်သည့် Shri Ram Janmabhoomi Teerth Kshetra Trust က စီမံခန့်ခွဲသည်။ အစိုးရ၏ လုပ်ပိုင်ခွင့်ဘောင် အပြင်ဘက်တွင် ရှိသော်လည်း ၎င်း၏ အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေးဩဇာရှိကြပြီး အချို့မှာ BJP ပါတီ၏ သဘောတရားရေးရာ မူလရေသောက်မြစ်ဖြစ်သော Rashtriya Swayamsevak Sangh (RSS) အဖွဲ့မှ လာကြသူများ ဖြစ်သည်။

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များသည် ယခုလအတွင်း အဆိုပါဂေါပကအဖွဲ့၏ စာရင်းကိုင် အဖွဲ့ ကြီးကြပ်ရေးမှူးဟောင်း မဟီပါးလ် ဆင်းဂ် (Mahipal Singh)က မမှန်မကန် လုပ်ဆောင်မှု များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အလ်ဂျာဇီးရားအနေဖြင့် ၎င်းထံသို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

လူထု၏ အုန်းအုန်းကျွက်ကျွက် မကျေနပ်မှုများ ဖြစ်ပေါ်လာပြီးနောက် အတိုက်အခံ ဆမာ့ဝါဒီ (Samajwadi) ပါတီမှ ဥတ္တရပါရာဒေ့ရှ် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အာခီလက်ရှ် ယာဒေ့ဗ် (Akhilesh Yadav) က ဤကိစ္စကို ကောက်ကိုင်ခဲ့ပြီး ရူပီးငွေ သန်းပေါင်းများစွာသော အလှူငွေများ ပျောက်ဆုံးနေကြောင်း စွပ်စွဲခဲ့သည်။

ဖိအားများ မြင့်တက်လာခြင်းကြောင့် BJP ပါတီ အုပ်ချုပ်သော ပြည်နယ်အစိုးရအား အဖွဲ့ဝင် သုံးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် တွန်းအားပေးခဲ့ပြီး၊ ယင်းအဖွဲ့သည် အလှူငွေများ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်နှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင် တင်သွင်းထားပြီး ဖြစ်သည်။

အစီရင်ခံစာပါ အကြောင်းအရာများကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပြည်နယ်ရဲတပ်ဖွဲ့က ရာဇဝတ်မှုအဖြစ် အမှုဖွင့်လှစ်ခဲ့ပြီး ဗိမာန်၌ ငွေသားနှင့် တန်ဖိုးကြီး လှူဒါန်းဖွယ်ရာပစ္စည်းများကို ရေတွက်ရာတွင် ပါဝင်ပတ်သက်သူများအပါအဝင် အနည်းဆုံး လူ ၈ ဦးကို ဖမ်းဆီးထားသည်။

ထိုအချိန်မှစ၍ ဘာသာဝင်အများအပြားသည် ဂေါပကအဖွဲ့ အမှုဆောင်များထံ အပ်နှံထား ခဲ့သည့် ငွေတုံးများ၊ ရွှေထည်ရတနာများနှင့် ရှေးဟောင်းအနုပညာပစ္စည်းများ အပါအဝင် ၎င်းတို့၏ တန်ဖိုးကြီးပစ္စည်းများ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သိရှိနိုင်ရန် ရှေ့ထွက် လာကြသည်။

သောကြာနေ့တွင် ဂေါပကအဖွဲ့၏ သက်တမ်းရင့် အထွေထွေအတွင်းရေးမှူး ချန်ပတ် ရိုင် (Champat Rai) သည် အခြားအဆင့်မြင့် ဂေါပကလူကြီးများနှင့်အတူ ရာထူးမှ နုတ်ထွက် ခဲ့သည်။ စွပ်စွဲချက်များသည် ရာမဗိမာန်လှုပ်ရှားမှုတွင် ဗဟိုချက်မပုဂ္ဂိုလ်ဖြစ်ခဲ့သည့် ရိုင်အတွက် အထူးပင် သိက္ခာကျစရာ ဖြစ်ခဲ့ရသည်။

သို့သော် ယင်းလုပ်ဆောင်ချက်သည် ပြည်နယ်အတွင်းရှိ BJP ထောက်ခံသူအချို့ အပါအဝင် လိမ်လည်လှည့်ဖြားခံလိုက်ရသည်ဟု ခံစားနေရသော ဘာသာဝင် ထောင်ပေါင်းများစွာ၏ တင်းမာမှုများကို လျော့ကျစေရန် အဖတ်မဆယ်နိုင်ခဲ့ပေ။

‘ရာမဗိမာန်ကို လည်ပတ်နေကြတဲ့ ကောက်ကျစ်တဲ့ သူခိုးတွေ’
ဆန်းတို့ရှ် ဒူဘေး (Santosh Dubey) သည် ၁၉၉၂ ခုနှစ်က ဘာဘရီဗလီကို ဖြိုချမှုဖြင့် တရားစွဲဆိုခြင်းခံရသူများအနက် တစ်ဦးဖြစ်သည်။ သူသည် ၎င်း၏ အခန်းကဏ္ဍအတွက် မည်သည့်အခါမျှ ရှောင်လွှဲခြင်းမရှိဘဲ ယင်းအစား ၎င်းကို ထုတ်ဖော်ကြွားဝါခဲ့သည်။

ဗလီဖျက်ဆီးခံရပြီးနောက် နှစ်ဖက်စလုံးက ဆယ်စုနှစ်များစွာ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဝင်ခဲ့ကြသည့် အဆိုပါနေရာနှင့်ပတ်သက်၍ တရားရုံးများ၏ နောက်ဆုံးစီရင်ချက်ကို ဒူဘေး စောင့်ဆိုင်းခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တရားလွှတ်တော်ချုပ်က ဗလီဖျက်ဆီးမှုကို တရားမဝင် ဟု သတ်မှတ်ပြီး အဆိုပါနေရာကို ဟိန္ဒူဘာသာဝင်များထံ ပေးအပ်ခဲ့သည်။

အမြင့်ဆုံးတရားရုံးက မူဆလင်များအတွက် ဗလီအသစ် ဆောက်လုပ်ရန် အယုဒ္ဓယမြို့ပြင်ရှိ မြေကွက်တစ်ကွက်ကို ပေးအပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဒူဘေးနှင့် ဗလီဖြိုချမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူ အခြားသူများကို တရားရုံးက လုံလောက်သော သက်သေအထောက်အထား မရှိခြင်းကြောင့် အပြစ်မှ ကင်းလွတ်ခွင့်ပေးခဲ့သည်။

အဆိုပါ စီရင်ချက်များသည် ဒူဘေးအတွက် မှန်ကန်ကြောင်း သက်သေပြချက်ကဲ့သို့ ဖြစ်ခဲ့သော်လည်း ဗိမာန်ရှိ အလှူငွေများ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်ကမူ သူ့ကို အမျက်ဒေါသ ထွက်စေခဲ့သည်။

“ဒီလို ခြစားမှုက ကျွန်တော့်ကို စကားနဲ့ဖော်ပြလို့မရတဲ့ နက်နက်ရှိုင်းရှိုင်း ခံစားရခက်တဲ့ နာကျင်မှုကို ဖြစ်စေပါတယ်” ဟု ဒူဘေးက အယုဒ္ဓယမှနေ၍ အလ်ဂျာဇီးရားသို့ ပြောကြား သည်။ “ကျွန်တော် ပြောနိုင်တာကတော့ သူတို့အတွက် သေဒဏ်ကလွဲလို့ ဘာမှ မထိုက် တန်ဘူးဆိုတာပါပဲ။”

“ကောက်ကျစ်ပြီး၊ မရိုးသားတဲ့အပြင် ရက်စက်လှတဲ့ သူခိုးတွေက ရာမဗိမာန်ကို စီမံခန့်ခွဲနေကြတာ၊ ပြီးတော့ သူတို့က ဘယ်သူမှ သူတို့ကို ဆန့်ကျင်ပြီး မပြောရဲအောင် ခြောက်လှန့်တဲ့ အငွေ့အသက်မျိုး ဖန်တီးထားကြတယ်” ဟု ၎င်းက ဆိုသည်။

ဤဖြစ်ရပ်သည် BJP ပါတီ၏ ‘ဟိန္ဒူဘာသာ ယုံကြည်ကိုးကွယ်မှုကို ကယ်တင်ရှင်’ ဖြစ်သည် ဟူသော ဝါဒဖြန့်မှုကို ထိခိုက်စေသဖြင့် ဘာသာဝင်များ၏ ဒေါသကို အစိုးရအနေဖြင့် လျစ်လျူရှုရန် ခက်ခဲလိမ့်မည်ဟု ဒူဘေးက ပြောကြားခဲ့သည်။

ဤဗိမာန်ဂေါပကအဖွဲ့သည် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များနှင့် ရင်ဆိုင်ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ ၂၀၂၁ ခုနှစ်တွင်လည်း ဂေါပကအဖွဲ့သည် ပြည်သူလူထု၏ အလှူငွေများကို အသုံးပြု၍ မြေကွက်များကို ပုံမှန်ပေါက်ဈေးထက် များစွာကြီးမြင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူခဲ့သည်ဟု စွပ်စွဲခံခဲ့ရဖူးသည်။

အလ်ဂျာဇီးရားက ဆက်သွယ်ခဲ့သော်လည်း မကြာသေးမီက ထွက်ပေါ်လာသော စွပ်စွဲချက်များနှင့်ပတ်သက်၍ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူများက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

‘လာမည့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှု’
ဗိမာန်၏ ဘာသာဝင်များနှင့် အစိုးရကို ဝေဖန်သူများက အာဏာပိုင်များသည် ဤကိစ္စကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြသည်ဟု စွပ်စွဲနေကြသည်။

အတိုက်အခံခေါင်းဆောင် ယာဒေ့ဗ်က ပြည်နယ်အစိုးရ၏ ဤအမှုအပေါ် ကနဦး ကိုင်တွယ် ပုံမှာ “သံသယဖြစ်ဖွယ်” ကောင်းကြောင်း ဖော်ပြခဲ့သည်။ “အစိုးရဟာငွေရေတွက်တဲ့ အောက်ခြေဝန်ထမ်းတွေကိုပဲ ဖမ်းဆီးနေပြီး နောက်ကွယ်က ကြိုးကိုင်ပြီး ဖျက်စီးနေခဲ့တဲ့ ခေါင်းဆောင် အကောင်ကြီးတွေကို အကာအကွယ်ပေးပြီး ပါတယ်” ဟု ယာဒေ့ဗ်က စုံစမ်းစစ်ဆေး မှုတွင် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုရင်း ပြောကြားခဲ့သည်။

ရာမဗိမာန်လှုပ်ရှားမှုနှင့် ပတ်သက်ဆက်နွှယ်နေသည့် ထင်ရှားသော ဟိန္ဒူဆရာတော်ကြီး ဖြစ်သူ ကာပရာထရီ မဟာရာ့ဂျ် (Karpatri Maharaj) က အလ်ဂျာဇီးရားသို့ ပြောကြားရာတွင် အစိုးရသည် အောက်ခြေဝန်ထမ်းများကို ဓားစာခံအဖြစ် အသုံးချကာ ဖမ်းဆီးနေခြင်းဖြစ် ကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးဖြစ်သော ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ကို ဒေါသကြီးသည့် ဟိန္ဒူဘုန်းတော်ကြီးမှ နိုင်ငံရေးသမား ဖြစ်လာသူ ယိုဂီ အာဒိတျာနသ် (Yogi Adityanath) က ဦးဆောင်နေခြင်းဖြစ်ပြီး၊ ၎င်းကို RSS ဦးဆောင်သော Hindutva(ဟိန္နူဗာ) ဟုခေါ်သည့် ဟိန္ဒူလူများစုဝါဒ လှုပ်ရှားမှုအတွင်း မိုဒီ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် မကြာခဏ ရှုမြင်ကြသည်။

မိုဒီ၏ပါတီသည် ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အတွင်းရှိ ၎င်းတို့၏ အမာခံနယ်မြေ အတော်များများကို ဆုံးရှုံးခဲ့ရပြီး BJP သည် အမတ်နေရာ အပြတ်အသတ် မရရှိခဲ့သဖြင့် အာဏာတည်မြဲရေးအတွက် မဟာမိတ်များ၏ ပံ့ပိုးကူညီမှုကို အားကိုးခဲ့ရသည်။

ရာမဗိမာန် တည်ဆောက်ရေး မဲဆွယ်မှုကို ဗဟိုနိုင်ငံရေးမဏ္ဍိုင်အဖြစ် ရေရှည်အသုံးပြု လာခဲ့သည့် BJP ပါတီအတွက် ယခု အရှုပ်တော်ပုံသစ်သည် လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဥတ္တရာပရာဒေ့ရှ် ဒေသ ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာဆန်းစစ်သူ ရာရှီးဒ် ကစ်ဒ်ဝိုင်း (Rasheed Kidwai) က ပြောကြားခဲ့သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာသာရေးခေါင်းဆောင်တွေ ရှေ့ထွက်စကားပြောလာကြရင် BJP အပေါ် အကြီးအကျယ် ထိခိုက်နစ်နာမှု ရှိစေပါလိမ့်မယ်” ဟု ကစ်ဒ်ဝိုင်းက အလ်ဂျာဇီးရားသို့ ပြောသည်။ “ဒါက မေ့ပျောက်သွားမယ့်အရာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက သက်ဝင် ယုံကြည်မှုဆိုင်ရာ ကိစ္စရပ်ဖြစ်နေပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်က ဘာသာရေး ဂိုဏ်းအဖွဲ့က လာတာဖြစ်လို့ပါပဲ။”

ဤဖြစ်ရပ်သည် ကျယ်ပြန့်သော သင်ခန်းစာများကို ပေးဆောင်နေကြောင်း ၎င်းက ဆိုသည် – ဘာသာရေးခံစားချက်များကို အသုံးချခြင်းနှင့် သွေးခွဲသပ်လျှိုခြင်းများသည် မိမိကိုယ်ကိုယ် ပြန်လည်အန္တရာယ်ပြုနိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။

“ဒီနှစ်တွေထဲမှာ BJP ကို အကျိုးအမြတ်ဖြစ်ထွန်းစေခဲ့တဲ့အရာကပဲ ပြန်လည်ပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ကစ်ဒ်ဝိုင်းက သုံးသပ်ပြောကြားခဲ့သည်။

(ဓာတ်ပုံစာတန်း) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ အယုဒ္ဓယရှိ ရာမဗိမာန်ကို ဖွင့်လှစ်ပြီးနောက် ဗိမာန်အတွင်းရှိ ရာမရုပ်ပွားတော်မြတ်အား ဟိန္ဒူဘာသာဝင်များက ဓာတ်ပုံရိုက်ကူးနေကြစဉ်။ [အတ်နန် အာဘီဒီ/ရိုက်တာ]

(ဓာတ်ပုံစာတန်း) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ လမ်းမတစ်ခုပေါ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က မြောက်ပိုင်းမြို့ဖြစ်သော အယုဒ္ဓယရှိ ဟိန္ဒူနတ်ဘုရား ရာမဗိမာန် ဖွင့်လှစ်ခြင်းကို လူထုက အောင်ပွဲခံနေကြစဉ်။ [အနုရှရီ ဖတ်ဒ်နာဗစ်/ရိုက်တာ]

(ဓာတ်ပုံစာတန်း) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က အယုဒ္ဓယ၌ ရာမဗိမာန် ဖွင့်လှစ်ပွဲအပြီး မီးထွန်းညှိပူဇော်ထားပုံ။ [အတ်နန် အာဘီဒီ/ရိုက်တာ]

(ဓာတ်ပုံစာတန်း) အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ (လက်နှစ်ဖက် ဆန့်တန်းထားသူ) နှင့် ဥတ္တရပဒေသပြည်နယ် ဝန်ကြီးချုပ် ယိုဂီ အာဒိတျာနသ် (မိုဒီ၏ ဘယ်ဘက်အနီးရှိသူ) တို့သည် ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ဗာရာဏသီမြို့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း BJP ပါတီ၏ သင်္ကေတကို ပြသနေစဉ်။ [အတ်နန် အာဘီဒီ/ရိုက်တာ]

(ဓာတ်ပုံစာတန်း) ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က အယုဒ္ဓယရှိ ၁၆ ရာစုလက်ရာ ဘာဘရီဗလီ ဖြိုချဖျက်ဆီးခံရမှုကို ဟိန္ဒူဘာသာဝင်များက ကြွေးကြော်အော်ဟစ်ကာ အောင်ပွဲခံနဖူးစည်းစာတန်းများ ဝှေ့ယမ်းလျက် အောင်ပွဲခံနေကြစဉ်။ [ဒေါက်ကလပ်စ် အီး ကာရန်/အေအက်ဖ်ပီ]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 11 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ