ဘဏ္ဍာရေးစာရင်းအင်း ကုမ္ပဏီဖြစ်တဲ့ Deloille က ထုတ်ပြန်တဲ့ စာရင်းအရ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကလပ်အသင်းများ စာရင်းမှာ ပရီးမီးယားလိဂ်အသင်းတွေ စိုးမိုးနိုင်ခဲ့ပါတယ်။ Deloille ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ဝင်ငွေအကောင်းဆုံးအသင်းစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီစာရင်းအရ ထိပ်ဆုံးအသင်း ၂၀ မှာ ပရီးမီးယားလိဂ်အသင်းတွေက ၁၁ သင်းအထိ ပါဝင်လာခဲ့ပါတယ်။
ဒါဟာ ၂၆ နှစ်အတွင်း ပထမဆုံးအဖြစ် ထိပ်ဆုံးအသင်း ၂၀ စာရင်းမှာ လိဂ်တစ်ခုထဲက အသင်းထက်ဝက် ကျော်ပါဝင်နေတာလည်းဖြစ်ပါတယ်။ Deloille စာရင်းအရ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ဝင်ငွေအကောင်းဆုံးအသင်းဖြစ် မန်စီးတီးအ သင်းက ယူရို ၇၃၁ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ယူရို ၇၁၈ သန်းကျော်နဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
လီဗာပူးအသင်းကတော့ အဆင့် ၇ နေရာကနေ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့သလို မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့လည်း ဝင်ငွေအကောင်းဆုံးထိပ်ဆုံး ၁၀ သင်းမှာ ပါဝင်ခဲ့ကြပါတယ်။ ထိပ်ဆုံး ၂၀ စာရင်းမှာတော့ အဲဗာတန်၊လိဒ်ယူနိုက်တက်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ လက်စတာတို့လည်း ပါဝင်နေတာပါ။ ဝင်ငွေအကောင်းဆုံးအသင်း ၂၀ ရဲ့ ၂၀၂၁-၂၂ ခုနှစ်အတွင်း ဝင်ငွေဟာ စုစုပေါင်း ယူရို ၉.၂ ဘီလီယံအထိရှိပြီး ဒါဟာ ကမ္ဘာ့ဘောလုံးလောက,က ကလပ်အသင်းတွေရဲ့ စုစုပေါင်းဝင်ငွေ ၁၃ ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုပါတယ်။
Era’sEyes |#SportNews