တသံတည်းညီ တချီတည်းရုန်း” စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကိုနွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် ဆင်နွှဲရန် သပိတ် အင်အား စုများ နှင့်တော်လှန်ရေးအင်အားစုများက ပြည်သူများကို တိုက်တွန်းလိုက်တယ်လို့သိရပါတယ်။
ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက် မှာ တစ်နိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်သည့် “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် ” (Silent Strike) ပြုလုပ်ကြရန် ပြည်သူများကို သပိတ်အင်အားစု များ နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း လိုက်တာဖြစ်ပါတယ်။