နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော့ကရိတ်တွင် ဒေသခံများ ဗုံးခိုးကျင်းတူးကာ နေထိုင်နေရ၊ နေရပ်စွန့်ခွာတိမ်းရှောင်သူများရှိနေ၊ စစ်ကောင်စီဘက်က (၉၀) ကျော်ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ (၅၀) ကျော်ရှိ၊ KNDO ဘက်က ရဲဘော် (၂) ဦးကျဆုံး

ကရင်ပြည်နယ် ကော့ကရိတ် – ကျုံဒိုးမြို့ အနီး စစ်ကေင်စီနဲ့ ကော့သူးလေးတပ်မတော် အပါဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် လူနေရပ်ကွက်တွေကိုပါ လက်နက်ကြီးတွေ ထိမှန်ခဲ့တာကြောင့် ဒေသခံတွေဟာ အခြားမြို့တွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo – CJ – ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဖြစ်ပွားခဲ့စဉ်။

နှစ်ဘက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျဆုံးသူ (၉၀) ကျော်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ (၅၀)ကျော် ရှိခဲ့ပြီး KNDO က တပ်ခွဲမှုးနဲ့ ရဲဘော်နှစ်ဦး ကျဆုံးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကော့ကရိတ်မြို့ပေါ်မှာလည်း ဗုံးခိုကျင်းတွေ တူးပြီး အဆင်သင့်ပြင်ထားကြပြီး အချို့အိမ်တွေမှာ ဆိုရင် တအိမ်လုံး လူမရှိဘဲ နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေလည်းရှိတယ်လို့ဆိုပါတယ်။

ကော့ကရိတ်ကျုံဒိုးမှာ ဇန်နဝါရီ ၂၀ ကနေ ၂၅ ရက် အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့တပ်မ(၄၄)လက်အောက်ခံတပ် နဲ့ ကော့သူးလေးတပ်မတော် ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်တဲ့ Lion Battelion Commando – ဗျူဟာစစ်ကြောင်း၊ KNU/KNDO အမှတ်(၆) တပ်ရင်း၊ ဂဠုန်စစ်ကြောင်းနဲ့ DKBA စစ်ကြောင်းတို့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 3 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 5 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 6 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ
မြန်မာသတင်း

ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်တဲ့မြို့တွေကို ရရှိအောင် ဆက်လက်ကြိုးစားနေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 3 Views
အောက်တိုဘာလ (၁၁)ရက်။ ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတချိန်ထဲမှာ စစ်ကော်မရှင်ဟာ သူစွန့်လွှတ်ခဲ့ရတဲ့နေရာတွေကို ပြန်ရဖို့ နိုင်ငံအနှံထိုးစစ်ဆင်နေသလို ရခိုင်ရှိ ကျောက်ဖြူမြို့ကို ကြည်း၊ရေ၊လေ ပူးပေါင်းကာ
မြန်မာသတင်း

မဲစာရင်း အချက်အလက် ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ဝန်ကြီး ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 3 Views
အောက်တိုဘာလ (၁၁)ရက်။ ရွေးကောက်ပွဲအတွက်ဆိုပြီး ကြေညာထားတဲ့ မဲစာရင်း အချက်အလက်ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ်အနေနဲ့ မဲစာရင်းတွေကို ကြေညာခဲ့တာမှာ အချို့ဒေသတွေမှာ မဲစာရင်း မပြည့်စုံတာ၊ အချက်အလက်ကွဲလွဲတာနဲ့ လိုအပ်ချက်တွေ
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းမကြီးပေါ် ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 5 Views
အောက်တိုဘာလ (၁၀)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၁၀)မိနစ်အချိန်က မုံရွာ-မန္တလေးလမ်းမပေါ်မှာ ယာဉ်တန်းလုံခြုံးရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို လုံခြံရေးယူဖို့ ထွက်လာတဲ့ ကင်းတာဝန်ကျ
မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 57 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်ရက်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်တဲ့သတင်းကို
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 59 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝဲဘောင်းရွာထဲကို