အာဆင်နယ်အသင်းဟာ ဘရာဇီးတိုက်စစ်မှူး မာတီနယ်လီကို ကာလရှည်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် မာတီနယ်လီဟာ လာမယ့်ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အခုအခါမှာ အသင်းနဲ့ ၄ နှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တာပါ။
အဲဒီစာချုပ်သစ်ကြောင့် မာတီနယ်လီဟာ အာဆင်နယ်အသင်းမှာ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိတော့မှာဖြစ်ပါတယ်။ အခုရာသီမှာ အာဆင်နယ်အတွက် ခြေစွမ်းပြနေတဲ့ မာတီနယ်လီဟာ နည်းပြအာတီတာ အားထားရတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပြီး ပွဲတိုင်းနီးပါး ပွဲထွက်ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။
အခြားသတင်းတစ်ရပ်အရတော့ အာဆင်နယ်ကွင်းလယ်လူ သောမက်စ်ပါတေးဟာ သောကြာနေ့က ရင်ဆိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ နံရိုးကို ထိခိုက်မိခဲ့တာဖြစ်ပြီး ဒဏ်ရာအတိမ်အနက်ကို ဓါတ်မှန်ရိုက် စစ်ဆေးရဦးမှာဖြစ်တယ်လို့ နည်းပြအာတီတာက အတည်ပြုပြောဆိုခဲ့ပါတယ်။
ပါတေးဟာ အဲဒီဒဏ်ရာကြောင့်ပဲ ပွဲချိန်ပထမပိုင်းမှာတင် လိုကွန်ကာနဲ့ လူစားလဲခဲ့ပါတယ်။ ဒီရာသီမှာ အားထားရတဲ့ ကွင်းလယ်အဖျက်ကစားသမား ပါတေးအနေနဲ့ နံရိုးကျိုးတဲ့ဒဏ်ရာသာ ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းအတွက်တော့ ထိုး နှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။