ဘရိုက်တန်အသင်းဟာ ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ကိုင်ဆီဒိုကို ဒုတိယအကြိမ်မြောက်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုက ပေါင်သန်း ၇၀ နီးပါးဖြစ်တယ်လို့သိရပါတယ်။
ဇန်နဝါရီစျေးကွက်အတွင်းမှာ ကိုင်ဆီဒိုကို အာဆင်နယ်နဲ့အတူ ချဲလ်ဆီးအသင်းကလည်း အပြိုင်စိတ်ဝင် စားနေခဲ့တာဖြစ်ပြီး ကိုင်ဆီဒိုကိုယ်တိုင်က သူ့ကိုအသင်းက ထွက်ခွါခွင့်ပြုဖို့ ဘရိုက်တန်အသင်းထံ တောင်းဆိုထားပါတယ်။
ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီကလည်း လီဗာပူးကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုင်ဆီဒို ပါဝင် ကစားနိုင်တာဟာ အသင်းမှာ သူ့ရဲ့ကစားသမားဘ၀ပြီးဆုံးသွားပြီလို့ဆိုပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာရပ်တည်နေတဲ့ ဘရိုက်တန်အသင်းဟာ ဇန်နဝါရီစျေးကွက်အတွင်း တောင်ပံကစားသမား ထရော့ဆတ်ကိုလည်း ဆုံးရှုံးခဲ့ရပြီး အခု ကိုင်ဆီဒိုကိုတော့ လက်လွှတ်ရဖို့ မဝံ့မရဲဖြစ်နေတာပါ။
နည်းပြဒီဇာဘီကတော့ အသင်းဥက္ကဌ တိုနီဘလွန်းအနေနဲ့ ကိုင်ဆီဒိုကိုပါ ထပ်မံဆုံးရှုံးရမယ်ဆိုရင် အသင်းရဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် ခက်ခဲလာနိုင်တယ်ဆိုတာကို အပြည့်အ၀နားလည်သဘောပေါက် ထားတယ်လို့လည်း ဆိုပါတယ်။ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် ချဲလ်ဆီးအသင်းက ပေါင် ၅၅ သန်းနဲ့ ကနဦးကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရပြီး အာဆင်နယ်အသင်ကလည်း ပေါင်သန်း ၅၀ ဝန်းကျင်ကနေ ပေါင်သန်း ၇၀ အထိ တိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။