အင်္ဂါနေ့က ရင်ဆိုင်ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ နယူးကာဆယ် အသင်းက ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၃ ဂိုး၊ ၁ ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပထမအကျော့က အရေးနိမ့်ထားတဲ့ ဆောက်သမ်တန်ဟာ အခုပွဲမှာလည်း အထနှေးခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာတင် ဦးဆောင်ဂိုးစပေးခဲ့ရတာပါ။
ဒီဂိုးကို နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်ဖ်က ထရစ်ပီယာရဲ့ ဖန်တီး ပေး မှုကနေ ကန်သွင်းယူသွားခဲ့တာပါ။ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ နယူးကာ ဆယ်ဟာ လိဂ်ဖလားပွဲမှာလည်း လူစုံထုတ်သုံးခဲ့တာကြောင့် ဆောက် သမ်တန် ကို တစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၂၁ မိနစ်မှာ လောင်းစတပ်ဖ်ကပဲ အဲလ်မီရွန်ရဲ့ ဖန်တီးပေးမှုကနေ ထပ်မံသွင်း ယူနိုင်ခဲ့ ပါတယ်။
ပွဲချိန် ၂၉ မိနစ်မှာ နယူးကာဆယ်ကစားသမားတွေရဲ့ လူပေးမှားမှုကတဆင့် တိုက်စစ်မှူး အဒမ်က အဝေးကနေ ကန်သွင်းယူလို့ ဆောက်သမ်တန် ချေပဂိုး တစ်ဂိုးပြန်ရခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ နယူးကာဆယ် အသင်းရဲ့ မာကျောတဲ့ တုန့်ပြန်ကစားပုံကြောင့် ဆောက်သမ်တန် ဒုတိယချေပ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ပွဲချိန် ၈၂ မိနစ်မှာ နယူးကာဆယ် ကွင်းလယ်လူ ဂွီမာရက်စ် အနီကတ်ပြအထုတ်ခံခဲ့ရပေမယ့်လည်း ဆောက်သမ်တန် ဂိုးထပ်မသွင်းနိုင်ဘဲ ၂ ဂိုး၊ ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
အဲဒီနိုင်ပွဲရလဒ်ကြောင့် နယူးကာဆယ်ဟာ လိဂ်ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး မန်ယူ-နော်တင်ဟမ်ဖောရက်စ်ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာပါ။ နယူးကာဆယ်အသင်းဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားအတွက် ဗိုလ်လုပွဲအဆင့်ရင်ဆို င်ကစားရမှာပဲဖြစ်ပါတယ်။