နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထန်တလန်မြို့ကို စစ်ကောင်စီတပ်များက အ‌‌ကြောင်းမဲ့မီးရှို့ဖျက်ဆီး၊ ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အဦတွေအပါအဝင် လူနေအိမ်ခြေများနဲ့ အဆောက်အဦ ၁,၂၀၀ ကျော် မီးလောင်ပျက်စီး

ချင်းပြည်နယ် ထန်တလန်မြို့ ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အခုဆိုရင် လှပတဲ့ထန်တလန်မြို့လေးဟာ မြို့ပျက်ကြီးတခု ဖြစ်ခဲ့ရပါပြီ။ ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်သားတို့ စခန်းချထားတဲ့ CB ဘဏ်အဆောက်အဦနေရာကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ် ရေးတပ် (CDF) ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီနဲ့ ရဲတပ်သား (၆) ဉီးကို ဇန်နဝါရီ (၃၁) ရက်မှာဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့နဲ့အတူ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တာပါ။


Photo – Salai Tial Hram Ling | စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မြင်တွေ့ရသည့် ထန်တလန်မြို့မြင်ကွင်းအား တွေ့ရစဥ်။

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဇန်နဝါရီလကုန်ပိုင်းတွင် ချင်းတပ်ဖွဲ့များကဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်နှင့် ရဲသုံ့ပန်းများ ဖြောင့်ချက်ပေး ပြောကြားခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီမှ ဗိုလ်ကြီးစောရဲမိုးအောင်နဲ့ ဗိုလ်ကြီးဟိန်းမြတ်စိုးသူအဖွဲ့က မီးရှို့ဖျက်ဆီးခြင်းများကို လုပ် ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။


Photo – Salai Tial Hram Ling | စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မြင်တွေ့ရသည့် ထန်တလန်မြို့မြင်ကွင်းအား တွေ့ရစဥ်။

ထန်တလန်မြို့ CB ဘဏ်အဆောက်အဦမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ ရဲပူးပေါင်း အဖွဲ့တခုကစစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေးတပ် (CDF) ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ တွေ ထန်တလန်မြို့ကို မီးရှို့ခဲ့တဲ့ လုပ်ရပ်ကိုလည်း မျက်မြင်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။ မီးရှို့ဖျက်ဆီးရုံတင်အားမရသေးဘဲ စစ်ကောင်စီတပ်တွေဟာ ဒေသခံများနေအိမ်တွေက ပစ္စည်းများကို ယူဆောင်ခဲ့ကြတယ်လို့ ထွက်ဆိုထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ခဲ့တာ ဖြစ်ပြီးဘုရားကျောင်းများ ဘာသာရေးအဆောက်အဦတွေအပါအဝင် လူနေအိမ်ခြေများနဲ့ အဆောက်အဦး ၁,၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီးပြီလို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 0 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 1 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 1 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 5 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ
မြန်မာသတင်း

မအလအိန္ဒိယခရီးစဥ်နဲ့တရုပ်သြဇာလွှမ်းမိုးမှု”

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၅၀)မှာ မအလ အိန္ဒိယခရီးစဥ်ကို ဘာရည်ရွယ်ချက်နဲ့သွားခဲ့သလဲ ဆိုတာကိုလေ့လာသုံးသပ်ခြင်းနဲ့ မြန်မာနိုင်ငံကို တရုတ် သံတမန်တွေလာရောက်ပြီး မြန်မာ-တရုတ် ဆက်ဆံရေး တိုးမြင့်ဖို့ အတွက် ဘာကြောင့် အင်တိုက် အားတိုက် လုပ်ဆောင်နေလဲဆိုတာတွေကို
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကော်မရှင်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
ဇွန်လ (၆)ရက်။ ဇွန်လ (၃)ရက်နေ့ နံနက် (၅)နာရီကျော်အချိန်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကော်မရှင်အထိုင်စခန်းကို တိုက်ခိုက်ခဲ့တယ်လို Naypyitaw-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်တပ်သာ အင်အား (၆၀)ခန့်နဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးရွာမှာ အထိုင်စခန်းချထားကာ
မြန်မာသတင်း

(၅)လထဲ စစ်အုပ်စုကြောင့် ပြည်သူ (၅၀)ဦး သေဆုံးခဲ့တယ်လို AAPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
ဇွန်လ (၆)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ စစ်အုပ်စုကြောင့် ပြည်သူ (၅၀)ဦးအထိ သေဆုံးခဲ့တယ်လို AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူတွေဟာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ဖြစ်ပြီး အမျိုးသမီး (၂၉)ဦးနဲ့
မြန်မာသတင်း

နတ်မောက်မှာ စစ်ကောင်စီရဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးတွေ ဖမ်းဆီးခံရ၊ သေနတ်(၁၉)လက်ကိုပါရရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
ဇွန်လ (၆)ရက်။ ဇွန်လ (၁)ရက်နေ့ ည (၇)နာရီ (၄၀)မိနစ်အချိန်က နတ်မောက်မြို ကမ်ပြားလမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို Aung San’s Land Natmauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုစစ်ဆေးချိန်