နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 25 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ အရှေ့အလယ်ပိုင်း အာရှ

ဖိလစ်ပိုင်သည် ထိုင်ဝမ်ပဋိပက္ခကို ရှောင်ရှားနိုင်ဖို့ တွေးဆရန်ခက်ခဲသည်ဟု မားကို့စ် ကဆို၊ တရုတ်ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ အမေရိကန်နှင့် ဂျပန်တို့နဲ့ ကာကွယ်ရေးဆိုင်ရာတွင်ပူးကပ်စွာ လုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ၎င်း၏နိုင်ငံသည် ထိုင်ဝမ်ကျွန်း ရေလက်ကြားနှင့် နီးကပ်နေခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော ပဋိပက္ခတစ်ခုအတွင်းသို့ ဆွဲခေါ်နေသကဲ့သို့ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

“အထူးသဖြင့် ထိုင်ဝမ်ရေလက်ကြားက တင်းမာမှုတွေ ရှိနေတဲ့ ဒေသအခြေအနေကို ကြည့်လိုက်တဲ့အခါ၊ ကျွန်တော်တို့ရဲ့ ပထဝီဝင် အနေအထားအရ၊ အဲဒီဒေသမှာ အမှန်တကယ် ပဋိပက္ခ ဖြစ်ခဲ့ရင် ဖိလစ်ပိုင်အနေနဲ့ တစ်နည်းနည်းနဲ့ မပါဝင်ဖို့မှာ စိတ်ကူးကြည့်ဖို့ ခက်ခဲတဲ့ မြင်ကွင်းတစ်ခုပါ” ဟု မားကို့စ်က တနင်္ဂနွေနေ့တွင် သီးသန့်အင်တာဗျူးတစ်ခုတွင် Nikkei သို့ ပြောကြားခဲ့သည်။

“မည်သူ့ဖက်ကိုပဲ ဖြစ်ဖြစ်…ဘယ်သူတွေနဲ့တွဲလုပ်လုပ် ပဋိပက္ခထဲကို ကျွန်တော်တို့ ရောက်သွားမှာပါ” ဟု ဂျပန်နိုင်ငံသို့ ငါးရက်ကြာ တရားဝင် ခရီးစဉ်အပြီးတွင် ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်တစ်ဝိုက်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ပြီး တရုတ်သည် ကျွန်းအနီးတွင် စစ်ဂျက်လေယာဉ်များ မကြာခဏ ပျံသန်းနေသဖြင့် အင်အားဖြင့် သိမ်းယူမည်ဆိုခြင်းကို ငြင်းပယ်ထားခြင်း မရှိပေ။ မကြာသေးမီက အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီးတစ်ဦးသည် ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်နှင့် စစ်ရေးပဋိပက္ခသည် ၂၀၂၅ ခုနှစ်တွင် ဖြစ်နိုင်ချေရှိသည့် အတွက် ကြိုတင် ပြင်ဆင်ထားရန် အရာရှိများအား ညွှန်ကြားစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်မြောက်ပိုင်းရှိ ၎င်း၏ ဇာတိပြည်နယ်ဖြစ်သော Ilocos Norte သည် ထိုင်ဝမ်တောင်ပိုင်း Kaohsiung မှ မိနစ် ၄၀ သာကွာဝေးသော လေကြောင်းခရီးစဉ်ဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။ “ကျနော်တို့က ရှေ့တန်းမှာ အနီးကပ် ရှိနေတယ်လို့ ခံစားရတယ်” ဟု ၎င်းက ဆိုသည်။

ပဋိပက္ခဖြစ်ခဲ့လျှင် ထိုင်ဝမ်ရှိ ဖိလစ်ပိုင်နိုင်ငံသား ၁၅၀,၀၀၀ ၏ ဘေးကင်းလုံခြုံရေးသည် ၎င်း၏ ဦးစားပေးဖြစ်သည်ဟု သမ္မတက ပြောကြား ခဲ့သည်။ “စစ်တပ်ရဲ့ တုံ့ပြန်မှု နဲ့ ပတ်သက်လာရင် ဒါက ဘယ်လို အခြေအနေ ရောက်သွားပြီလဲဆိုတာပေါ်မှာ မူတည်ပါတယ်” ဟု ၎င်းက ဆိုသည်။ ဖိလစ်ပိုင်၏နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းရေးအတွက် ကတိပြုထားပြီး အမျိုးသားအကျိုးစီးပွားအတွက် လမ်းညွှန် ထားကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

“ဒါကြောင့် ဖိလစ်ပိုင်အတွက် ဘာတွေကောင်းလဲ ဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ” ဟု ၎င်းက ဆိုသည်။ အာရှဗဟိုစုစည်းမှုအား ကိုးကား၍ ဒေသတွင်း၏အနာဂတ်ကို အခြားပြင်ပအင်အားစုများမှ မဟုတ်ဘဲ ဒေသတွင်းရှိသူများက ဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။

ကွဲပြားမှုများကို စစ်ရေးအရ မဟုတ်ဘဲ သံတမန်နည်းအရ ဖြေရှင်းသင့်သည်ဟု ၎င်းက ဆိုသည်။ “ဘယ်သူကမှ စစ်မတိုက်ချင်ဘူးလို့ ကျွန်တော် ရိုးသားစွာ ယုံကြည်ပါတယ်။ ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ကြဖို့ ပါဝင်ပတ်သက်နေတဲ့ ပါတီအားလုံးကို ကျွန်တော်တို့ ဆက်လက် အကြံပြုခြင်းနဲ့ တိုင်ပင်ခြင်းများကို ပြုခဲ့ပါတယ်” ဟု မားကို့စ်က ပြောကြားခဲ့သည်။

ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဖိလစ်ပိုင်သည် မနီလာ၏ တစ်ဦးတည်းသော မဟာမိတ်စာချုပ် အဖွဲ့ဝင်ဖြစ်သည့် အမေရိကန်နှင့် ထိုင်ဝမ်၏ မြောက်ဘက်တွင်ရှိသော ဂျပန်တို့နှင့် ၎င်း၏ ကာကွယ်ရေး ဆက်ဆံရေးပိုမို ခိုင်မာစေရန် တွန်းအားပေးခဲ့သည်။

အငြင်းပွား တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်၏ ရေပိုင်နက်ကို အကာအကွယ်ပေးခြင်းသည် ၎င်း၏ ရေပိုင်နက်ဆိုင်ရာ အခိုင်အမာ တောင်းဆိုထားသော နေရာများကို ဘေဂျင်းက စစ်ရေးအရ ကျွန်းတုများကိုဖန်တီးပြီး သိမ်းယူထားရာ အမေရိကန်နှင့် ဂျပန်တို့နှင့်အတူ လုံခြုံရေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ရန် အဓိက ကြိုးပမ်းမှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့သည် ၎င်းတို့နိုင်ငံများ၏ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် နည်းလမ်းရှာဖွေရန် ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ ၎င်းတို့သည် ဘေးအန္တရာယ် တုံ့ပြန်ရေးနှင့် စစ်ရေးလေ့ကျင့်မှုများအတွက် ဖိလစ်ပိုင်တွင် လာရောက် လည်ပတ်သည့် ဂျပန်တပ်များ တပ်စွဲရန် ပိုမိုလွယ်ကူစေမည့် သဘောတူညီချက်ကို အရိပ်အမြွက်ဖော်ပြခဲ့သည်။

မနီလာသည် ဝါရှင်တန်နှင့် ရှိပြီးသား တပ်ဖွဲ့ဝင်များ တပ်ဖြန့်မှု သဘောတူညီချက် ရှိပြီး ဂျပန်သည် ၎င်းတို့၏ နှစ်စဉ် စစ်ပွဲလေ့ကျင့်မှုများတွင် လေ့လာသူအဖြစ် ပါဝင်ရန် ဖြစ်သည်။ “လာရောက်လည်ပတ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်ဟာ သေချာပေါက် လေ့လာနေဆဲဖြစ်ပြီး အချို့နေရာတွေမှာ နေရာချထားမှုအတွက် အဆိုပြုချက်တစ်ခု ရှိနေပြီ” ဟု မားကို့စ်က ပြောကြားခဲ့သည်။

“ ဒေသတွင်း တင်းမာမှု အပူချိန်ဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ တုံ့ပြန်မှုအနေနဲ့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေကို မှန်ကန်စွာ ကာကွယ် နိုင်ရေးအတွက် ကျွန်တော်တို့က ပိုပြီး တရားမျှတမှုရှိဖို့ လိုပါတယ်” ဟု မားကို့စ်က ပြောကြားခဲ့သည်။

မားကို့စ်သည် ယခုလအစောပိုင်းတွင် အမေရိကန်စစ်တပ်အား နောက်ထပ်ဖိလစ်ပိုင်အခြေစိုက်စခန်း လေးခုအား ဝင်ရောက်ခွင့်ပေးခဲ့ပြီး၊ ၎င်း၏ အရင်သမတ ဖြစ်သူ ရိုဒရီဂို ဒူတာတေးက အမေရိကန်နှင့် ဝေးကွာပြီး တရုတ်နှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးကို ထူထောင်ခဲ့သည့် ဒူတာတေး၏ မူဝါဒနှင့်မတူဘဲ ပြောင်းလဲသွားခဲ့သည်။ အလားအလာရှိသော အခြစိုက်စခန်း နေရာသစ်များသည် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တို့အနီးတွင် ဖိလစ်ပိုင် မြောက်ပိုင်းတွင် တည်ရှိသည်။

တိုးချဲ့အခြေစိုက်စခန်းဝင်ရောက် ဆောက်လုပ်ခွင့် သဘောတူညီချက်သည် ၁၉၅၁ ခုနှစ် အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်အရ ဖိလစ်ပိုင်နှင့် အမေရိကန်မဟာမိတ်တို့ကို အားကောင်းလာစေရန်နှင့် ခေတ်မီစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

တောင်တရုတ် ပင်လယ်သည် စာချုပ်ချုပ်ထားမှုအရ အကာအကွယ်ပေးမည်ဖြစ်ကြောင်း ဝါရှင်တန်က မနီလာကို အာမခံ ထားပြီး ဖိလစ်ပိုင်သင်္ဘော သို့မဟုတ် လေယာဉ်များကို လက်နက်ကိုင် တိုက်ခိုက်ပါက ဝါရှင်တန်ထံမှ တုံ့ပြန်မှုကို ရရှိစေမည် ဖြစ်သည်။ ဖိလစ်ပိုင် ငါးဖမ်းသမားများသည် ၎င်းတို့၏ မိရိုးဖလာငါးဖမ်းကွက်များတွင် ငါးဖမ်းနိုင်စေရန် ဖိလစ်ပိုင်က အလိုရှိကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

“ဒါတွေက ကြီးကျယ်တဲ့ ခြေလှမ်းတွေ မဟုတ်ဘူး၊ ရန်စတာတွေ မလုပ်ချင်ပေမယ့် တောင်တရုတ်ပင်လယ်မှာ လုံခြုံတဲ့ ဖြတ်သန်းသွားလာမှု ရှိအောင် ကူညီပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ နောက်ပြီး ကိုယ့်ရေပိုင်နက်နယ်မြေတွေကို ကိုယ်တိုင်ကာကွယ်ဖို့ တတ်နိုင်သမျှ လုပ်နေတယ်” ဟုပြောသည်။

တရုတ်သည် ဖိလစ်ပိုင်၏ ထိပ်တန်းကုန်သွယ်ဖက်ဖြစ်သည်။ မားကို့စ်သည် ပြီးခဲ့သည့်လက ဘေဂျင်းသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီး ဒေါ်လာ ၂၂.၈ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်ရထားသည့် ခရီးစဉ်တစ်ခု ဖြစ်သည်။ မနီလာ၏ လုံခြုံရေး သဘောတူညီချက်သစ်သည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးစေမည့် အမေရိကန်နှင့် ဂျပန်တို့နှင့်ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ပါသလားဟု မေးမြန်းရာ မားကို့စ်က “ တရုတ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တစ်ခုမှ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

“အခု ညှိနှိုင်းဆောင်ရွက်မှုတွေ၊ အခု ကျနော်တို့ လုပ်နေတဲ့ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျလိုမျိုး တခြားနိုင်ငံတွေနဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုဟာ ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာတာကို ကျနော်တို့ အားလုံးက ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ လုပ်ကြတာဖြစ်တယ်” ဟုမားကိုစ့်ကပြောသည်။

မားကို့စ်က “ အဓိက အကျိုးစီးပွားမှာ တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ပြီး လုံခြုံစွာ ဖြတ်သန်းသွားလာရန် ဖြစ်ပါတယ်” ဟု နှစ်စဉ် ကုန်သွယ်မှု ဒေါ်လာ ၃ ထရီလီယံခန့်က ဖြတ်သန်းသွားလာနေပါသည်။ “ ကျွန်တော်တို့ရဲ့ စီးပွားရေးအများစုဟာ ယင်းအပေါ်တွင် မှီခိုနေပါတယ်။ ဂျပန်အပါအဝင် တရုတ်တို့ပင်လျှင်” ဟု ၎င်းက ဆိုသည်။ “ ဒါက ဒေသတဝိုက်က ကျွန်တော်တို့အားလုံးအတွက် အရမ်း အရေးကြီးတဲ့အရာပါ” ဟုသူကဆိုသည်။

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ထုတ် Nikkie ၏ CLIFF VENZON ရေးသားသည့် Marcos says ‘hard to imagine’ Philippines can avoid Taiwan conflict သတင်းကိုခေတ်မျက်လုံး Era’s Eyes မှ ဘာသာပြန်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ဖေဖော်ဝါရီ ၁၂ ရက်က တိုကျိုတွင် တွေ့ဆုံမေးမြန်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ – ယူကီ ကိုဟာရာ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 32 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 35 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 35 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား