နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ယူကရိန်းနိုင်ငံသို့ မကြေညာဘဲ ရောက်ရှိလာ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယနေ့ ဖေဖော်ဝါရီလ (၂၀) ရက် တနင်္လာနေ့တွင် ယူကရိန်းနိုင်ငံသို့ မကြေညာဘဲ သွား ရောက်ခဲ့ပြီး ရုရှားနိုင်ငံကျူးကျော်မှု တစ်နှစ်မြောက် နှစ်ပတ်လည်နေ့မတိုင်မီ ရက်ပိုင်းအလိုတွင် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံခဲ့သည်။

Mariinsky နန်းတော်မှာ သမ္မတဇီလန်စကီးနဲ့ စကားပြောရာမှာ လွန်ခဲ့တဲ့တစ်နှစ်နီးပါးက ရုရှားရဲ့ကျူးကျော်တပ်တွေက ယူကရိန်းမြို့တော်ကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။ “တစ်နှစ်အကြာမှာတော့ မြို့တော်ကိယက်ဗ်က ရပ်တည်နေဆဲပါ” ဟု သမ္မတ ဘိုင်ဒင်က အမေရိကန်အလံ၊ ယူကရိန်းအလံများနှင့် အလှဆင်ထားသည့် စင်မြင့်ပေါ်၌ သူ့လက်ချောင်းများတင်းကျပ်ကျပ် ကိုင်ပြီး “ ယူကရိန်းဘက်ကရပ်တည်တယ်။ ဒီမိုကရေစီဘက်က ရပ်တည်တယ်။ အမေရိကန်တွေက ယူကရိန်းနဲ့အတူ ရပ်တည်တယ်၊ ကမ္ဘာကြီးက ယူကရိန်းနဲ့အတူ ရပ်တည်တယ်။” ဟုပြောခဲ့ပါသည်။

သမ္မတဘိုင်ဒင်သည် နွေဦးထိုးစစ်များ ပြင်းထန်လာရန် မျှော်လင့်ထားသောကြောင့် ပြင်းထန်လာမည့် စစ်ပွဲအတွက် မဟာမိတ်များ အနေဖြင့် စည်းလုံးညီညွတ်မှုကို ပြသရန် သမ္မတ ဘိုင်ဒင်က စစ်ပွဲအတွင်း အရေးကြီးသော အခိုက်အတန့် အနေနှင့် ယူကရိန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ သမ္မတ ဇီလန်စကီးက သမ္မတဘိုင်ဒင်က ယနေ့အထိ ပေးဆောင်ရန် ငြင်းဆို ထားသည့် တိုက်လေယာဉ်များကို ယူကရိန်းသို့ ပို့ဆောင်ရန် အနောက်နိုင်ငံများကို တောင်းဆိုလျက်ရှိသည်။

ကီယက်ဗ်တွင် သမ္မတဘိုင်ဒန်က ဟော့ဝစ်ဇာများ၊ တင့်ကားဖျက်ဒုံးကျည်များ၊ ဝေဟင်ထောက်လှမ်းရေဒါများနှင့် အခြား အကူအညီများအပါအဝင် နောက်ထပ်အမေရိကန်ဒေါ်လာဘီလီယံ ငါးဆယ်ကျော် အကူအညီပေးမည်ဟု ကြေညာခဲ့ သော်လည်း ခေတ်မီသော လက်နက်အသစ်များ မပါရှိပေ။

သမ္မတဇီလန်စကီးက သူနှင့် သမ္မတဘိုင်ဒန်တို့ “တာဝေးပစ်လက်နက်တွေနဲ့ အရင်က မထောက်ပံ့ရသေးပေမဲ့ ယူကရိန်းကို ထောက်ပံ့ပေးနိုင်တဲ့ တာဝေးပစ်လက်နက်တွေအကြောင်း ပြောခဲ့ပါတယ်။” ဟု ပြောကြားခဲ့သော်လည်း ကတိကဝတ် အသစ်များကိုတော့ အသေးစိတ် မပြောပြခဲ့ပါ။

သမ္မတဘိုင်ဒန်နှင့် သမ္မတဇီလန်စကီးတို့ အတူတူလည်ပတ်ခဲ့သည့် ရွှေရောင်အမိုးခုံး စိန့်မိုက်ကယ်ဘုရားရှိခိုးကျောင်းမှ ထွက်ခွာလာစဉ် မြို့တော်ကို လေကြောင်းမှ တိုက်ခိုက်မှု ဥသြသံများ ဆူညံနေစဉ် ယူကရိန်းနိုင်ငံသားများ တစ်နှစ်နီးပါး ရင်ဆိုင်ခဲ့ရသည့် ကြောက်လန့်မှု အရသာကိုလည်း အချိန်တိုတို ခံစားခဲ့ရသည်။ ၂၀၁၄ ခုနှစ်က ကျဆုံးခဲ့သည့် ယူကရိန်းစစ်သားများကို ဂုဏ်ပြုသည့် လွမ်းသူ့ပန်းခွေချကာ အခိုက်အတန့်တခု ငြိမ်သက်စွာ နေခဲ့ပါသည်။

ပိုလန်နိုင်ငံ၊ ဝါဆောမြို့ ခရီးစဉ်မတိုင်မီ ရောက်ရှိလာသည့် သမ္မတဘိုင်ဒင်၏ခရီးစဉ်နှင့် မစ်ရှင်မှာ ရုရှားတပ်များကို တွန်းလှန်ရန် ယူကရိန်းနှင့် ပူးကပ်ရန် အမေရိကန်က ပြင်ဆင်ထားကြောင်း အလေးပေးဖော်ပြရန် ဖြစ်သည်။ လက်နက်နှင့် တိုက်ရိုက်စီးပွားရေးအကူအညီများပေးအပ်ခြင်းအတွက် အမေရိကန်နှင့် မဟာမိတ်များ၏ ပံ့ပိုးမှုမှာ ပျော့ပျောင်းလာခဲ့သည်။

သမ္မတဇီလန်စကီးအတွက်၊ ယူကရိန်းမြေပေါ်တွင် သူနှင့်အတူ အမေရိကန်သမ္မတက အနားတွင်ရှိခြင်း၏ သင်္ကေတမှာ အမေရိကန်နှင့် ဥရောပကို ရုရှားနှောင့်ယှက်နေသည့် နှစ်ပတ်လည်နေ့တွင် သေးငယ်သောအရာ မဟုတ်ပေ။ မဟာမိတ်များ သည် ပိုမိုအဆင့်မြင့်သော လက်နက်များ ပံ့ပိုးပေးရန်နှင့် ပံ့ပေးပို့မှု အရှိန်မြှင့်ရတော့မည် ဖြစ်သည်။ “စစ်ပွဲမှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပတ်သက်ပြီး သံသယရှိစရာ ဘာတစ်ခုမှ မရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်၏ခရီးစဉ်သည် ရက်ပိုင်းအတွင်း ရုရှားစစ်တပ်က မြို့တော်ကိယက်ဗ်ကို လျင်မြန်စွာ သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်ထားသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖီဆန်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ တစ်နှစ်အကြာတွင် ယူကရိန်းမြို့တော်သည် ရပ်တည်နေပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော်လည်း ပုံမှန်အခြေအနေအတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။ ယူကရိန်းနိုင်ငံ၏အရှေ့ဘက်တွင် ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် စစ်ဘက်နှင့် အရပ်ဘက် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးနေသည်။

ရုရှား၏ “ရက်စက်ကြမ်းကြုတ်ပြီး တရားမျှတမှုမရှိသောစစ်ပွဲ” သည် အနိုင်ရရန် ဝေးကွာကြောင်း သမ္မတဘိုင်ဒင်က သတိပေးခဲ့သည်။ “ယူကရိန်းနိုင်ငံအတွက် ပေးဆပ်လိုက်ရတဲ့ ကုန်ကျစရိတ်ဟာ ထူးထူးခြားခြား ကြီးမြင့်လွန်းပါတယ်။ စွန့်လွှတ်အနစ်နာခံမှုတွေက အရမ်းကြီးလွန်းပါတယ်” ဒါပေမယ့် ရုရှားရဲ့ ရည်ရွယ်ချက်ကတော့ ယူကရိန်းကို မြေပုံကနေ ရှင်းပစ်ဖို့ပဲ ဖြစ်ပါတယ်။ ပူတင်ရဲ့ စစ်ပွဲက မအောင်မြင်ပါဘူး။” ဟု သမ္မတဘိုင်ဒင်က ပြောကြားခဲ့ပါသည်။

ဤရီးစဉ်သည် ရုရှကျူးကျော်မှုကြောင့် ယူကရိန်း၏ပျက်ဆီးဆုံးရှုံးမှုများကို ကိုယ်တိုင်မြင်တွေ့နိုင်ရန် သမ္မတဘိုင်ဒင်အား အခွင့်အရေး ပေးခဲ့သည်။ အခြေခံအဆောက်အဦများ ပျက်စီးခဲ့ရပြီး စစ်ပွဲကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် အရပ်သား ထောင်နှင့်ချီ သေဆုံးပြီး သန်းနှင့်ချီသော ဒုက္ခသည်များ ထွက်ပြေးခဲ့ရပြီး ယူကရိန်းအနေနှင့် ဒေါ်လာဘီလီယံပေါင်းများစွာ နစ်နာခဲ့ရသည်။

သမ္မတဘိုင်ဒင်သည် ယူကရိန်းနိုင်ငံအတွက် ရေရှည်ပံ့ပိုးပေးမည်ဟု ကတိပြုပြီး “လွတ်လပ်မှုသည် အဖိုးမဖြတ်နိုင်သော အရာဖြစ်တယ်၊ ဘယ်လောက်ပဲ အချိန်ကြာကြာ နိုင်တဲ့အထိ တိုက်ပွဲဝင်ရမှာပါ။” ဟု ပြောခဲ့သည်။ သမ္မတဇီလန်စကီး “ဘယ်လောက်ပဲ အချိန်ကြာကြာ ခင်ဗျားနဲ့အတူ ရှိနေမှာပါ” ဟု သမ္မတဘိုင်ဒင်က ကတိပြုခဲ့သည်။ သမ္မတဇီလန်စကီးက “ ငါတို့ နိုင်မှာပါ” ဟု အင်္ဂလိပ်ဘာသာဖြင့် တုံ့ပြန်ခဲ့သည်။

ဤခရီးစဉ်သည် အနောက်နိုင်ငံများ၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များသည် ယူကရိန်း၏ ခံစစ်ကို အားကောင်းစေသော်လည်း ဝေဟင်ပိုင်နက်ကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် ပဋိပက္ခဇုန်သို့ အမေရိကန် သမ္မတတစ်ဦး သွားရောက်ခဲ့သည့် ရှားရှားပါးပါး ခရီးစဉ် ဖြစ်သည်။ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံကြီးနှစ်ခုကို တိုက်ရိုက် ပဋိပက္ခဖြစ်စေနိုင်သည့် မှားယွင်းသော တွက်ချက်မှုများကို ရှောင်ရှားရန်အတွက် အမေရိကန်က ခရီးစဉ်ကို မော်စကိုသို့ ကြိုတင် အသိပေးခဲ့ပါသည်။

ယူကရိန်းတွင် အမေရိကန်စစ်တပ်သည် ကိယက်ဗ်မြို့ရှိ သံရုံးကို စောင့်ကြပ်နေသော မရိန်းတပ်သားများမှလွဲ၍ ကျန်ရှိနေခြင်း မရှိသဖြင့် အမေရိကန်သမ္မတဘိုင်ဒင်၏ ခရီးစဉ်သည် ယခင်အမေရိကန်ခေါင်းဆောင်များ စစ်ပွဲဇုန်များသို့ သွားရောက်ခြင်းထက် ပိုမိုရှုပ်ထွေးစေသည်။

ဖေဖော်ဝါရီ ၂၄ ရက် ရုရှားကျူးကျော်မှု နှစ်ပတ်လည်နေ့တွင် အမေရိကန်သမ္မတဘိုင်ဒင်သည် ယူကရိန်းသို့ လာရောက်မည်ဟု ထင်ကြေးပေးမှုများ သီတင်းပတ် ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော် ယခုလအစောပိုင်းတွင် ပိုလန်နိုင်ငံသို့ သွားရောက်မည်ဟု ကြေညာပြီးနောက်တွင်ပင် ယူကရိန်းသို့ သမ္မတ၏ခရီးစဉ်ကို စီစဉ်ထားခြင်းမရှိဟု အိမ်ဖြူတော်က အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

တနင်္လာနေ့ နံနက်အစောပိုင်းကတည်းက ကိယက်ဗ်မြို့ရှိ အဓိကလမ်းများနှင့် ဗဟိုလမ်းများ အများအပြားကို တရားဝင် ရှင်းလင်းချက် မရှိဘဲ ပိတ်ဆို့ထားသည်။ နောက်ပိုင်းတွင် လူများသည် ဝင်ရောက်ခွင့် ကန့်သတ်ထားသည့်လမ်းများ တစ် လျှောက် ရှည်လျားသော မော်တော်ကားများ မောင်းနှင်နေသည့် ဗီဒီယိုများကို ဆိုရှယ်မီဒီယာတွင် မျှဝေလာကြသည်။

အိမ်ဖြူတော်တွင်၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် သမ္မတ ဘိုင်ဒန်၏ ခရီးစဉ်အား တင်းတင်းကြပ်ကြပ် စီစဉ်ထားသည်။ ခရီးအစီအစဉ်များကိုလည်း အထူးဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြင့် တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်ထားသည်။

သောကြာနေ့တွင် အမေရိကန်သမ္မတဘိုင်ဒင်သည် ပိုလန်နိုင်ငံအပြင် တခြားနိုင်ငံကို သွားဖို့ရှိနိုင်မလားဟု သတင်းထောက် တစ်ဦးမှ မေးမြန်းခဲ့ရာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “အခုပြောနိုင်တာက ခရီးစဉ်က ဝါဆောကို သွားမှာဖြစ်တယ်” ဟု ဖြေကြားခဲ့သည်။ ခဏအကြာ ဂျွန်ကာဘီက “ကျွန်တော် အခု ပြောသလို။” ခရီးစဉ်က ဝါဆောကို သွားမှာပါ။ အဲဒါကို ပြောင်းလဲဖို့ ရည်ညွှန်းနေသလိုမျိုး အသံမထွက်ချင်ဘူး” ဟု တုံ့ပြန်ခဲ့သည်။

သမ္မတဘိုင်ဒင်သည် တနင်္ဂနွေနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် ဝါရှင်တန်အနီးရှိ Joint Base Andrews မှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး ယူကရိန်းနိုင်ငံသို့ မထွက်ခွာမီ ဂျာမနီရှိ ရမ်စတိန်းလေတပ်စခန်းတွင် ခဏရပ်နားခဲ့သည်။ တနင်္လာနေ့ နံနက် ၈ နာရီတွင် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့သည်။

အခြားသော အနောက်နိုင်ငံခေါင်းဆောင်များသည် စစ်ပွဲစတင်ကတည်းက ကိယက်ဗ်သို့ ရောက်ရှိခဲ့ကြသည်။ ဇွန်လတွင် ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမန်အဓိပတိ Olaf Scholz နှင့် အီတလီဝန်ကြီးချုပ် Mario Draghi တို့သည် သမ္မတဇီလန်စကီး နှင့်တွေ့ဆုံရန် ကိယက်ဗ်သို့ ညရထားဖြင့် လာခဲ့ကြသည်။ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ဝန်ကြီးချုပ်ဖြစ်လာပြီး မကြာမီ နိုဝင်ဘာလတွင် ကိယက်ဗ်သို့ သွားရောက်ခဲ့သည်။

သမ္မတဘိုင်ဒင်သည် သမ္မတတာဝန်ယူပြီး ပထမဆုံး စစ်ပွဲဇုန်ကို သွားရောက်ခြင်း ဖြစ်ပါသည်။ ယခင် သမ္မတများ ဖြစ်ကြသည့် ဒေါ်နယ်ထရန့်၊ ဘားရက်အိုဘားမားနှင့် ဂျော့ခ်ျဒဗလျူဘုရှ်တို့သည် ၎င်းတို့၏ သမ္မတသက်တမ်းအတွင်း အာဖဂန်နစ္စတန်နှင့် အီရတ်သို့ အံ့အားသင့်ဖွယ် သွားရောက်ခဲ့ကြပြီး အမေရိကန်တပ်များနှင့် ထိုနိုင်ငံများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက