နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်အုပ်စု အင်အား (၂၀၀) ခန့်နဲ့ မြင်းမူမြို့ ကန်တော်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့/ ဒေသခံများနေအိမ် (၁၀) လုံး မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာ ကို ဖေဖေါ်ဝါရီ (၂၆) ရက် မှာ စစ်ကောင်စီတပ်က အင်အား (၂၀၀) နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ပြီး ဘုန်းတော်ကြီး နဲ့ ဒေသခံတွေရဲ့ နေအိမ် (၁၀) လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး/ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရသည့်မြင်ကွင်းများ။
မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး/ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရသည့်မြင်ကွင်းများ။

အဲဒီလိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိတယ်လို့သိရပါတယ်။

မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး/ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရသည့်မြင်ကွင်းများ။
မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး/ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရသည့်မြင်ကွင်းများ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက ပြောကြားချက်တွေအရ ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ နမခ အဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး/ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရသည့်မြင်ကွင်းများ။
မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး/ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရသည့်မြင်ကွင်းများ။

ကျေးရွာနေဒေသခံပြည်သူတွေဟာလည်း စစ်ကောင်စီရဲ့ စစ်‌ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးမီးရှို့နေတာ‌‌‌ကြောင့်နေအိမ်များအားစွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များကပြောဆိုကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 21 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ