နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင် NUG လက်အောက်ခံ ပကဖ တပ်ရင်း (၂) က ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ဒေသခံများ တောင်းဆို

ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးရွာ၏ ပကဖခေါင်းဆောင် မောင်စန်း အပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဝက်လက် ပကဖ တပ်ရင်း (၂) ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ဒေသခံများက ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင် (၁၉) ဦးအနက် လေးဦးကို ပစ်ခတ်မှုတွင် ပါဝင်သည်ဟု စွတ်စွဲပြီး သေနတ်ထောက် ရိုက်နှက်နှိပ်စက်ကာ ဝန်ခံခိုင်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ တရားစွဲဆိုထားသည်ဟု GZ Special Task Force-Wetlet ခေါင်းဆောင် ကိုဂျီဇက်က ခေတ်မျက်လုံးသို့ ပြောကြားခဲ့သည်။ အခြားတပ်ဖွဲ့ဝင် (၁၅) ဦးကို ခံဝန်ဖြင့် ပြန်လွှတ်လိုက်ကြောင်း သိရှိရပါသည်။

ခေတ်မျက်လုံးသတင်းဌာနက ပြန်လွတ်လာသူ (၃) ဦးကို တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ ဝတ်ထားသည့်အင်္ကျီကို ချွတ်ခိုင်းပြီး ယင်းအင်္ကျီဖြင့် မျက်လုံးကိုစီးပြီး တုတ်ဖြင့် ဘေးနံရိုးများကို အချက် (၂၀) ရိုက်နှက် နှိပ်စက်ပြီး ဝန်ခံခိုင်းခဲ့သည်ဟု ပြောပြခဲ့သည်။ ၎င်းကို တဦးတည်း ချုပ်နှောင်ထားပြီး တဖက်ခန်းမှ အော်သံကြား၍ ထရံကြားမှ ချောင်းကြည့်ရာ နဘူးနွယ်ဖြင့် ရိုက်နှက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောပြခဲ့သည်။ ဒေသခံများ၏ ပြောဆိုချက်အရ နဘူးနွယ်ဖြင့် ရိုက်လျှင် အလွန်နာကျင်ကြောင်း သိရှိရပါသည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ တရားစွဲဆိုထားသည်ဟု ဝက်လက်ပလဖက ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ ရဲစစ်ချက်တစ်ခုထဲဖြင့် တရားစွဲဆို၍မရဘဲ သက်ဆိုင်ရာ ဥပဒေအရာရှိထံတွင် မည်ကဲ့ သို့ လုပ်ဆောင်ရမည် မည်သည့်ပုဒ်မကို တပ်ရမည်ကို အကြံဉာဏ်တောင်းပြီးမှသာ အမှုကို ဆွဲတင်ရမည်ဖြစ်ပြီး တရားသူ ကြီး ရှေ့မှောက်တွင် တရားခံက ဝန်ခံထွက်ဆိုမှသာ တရားဝင်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရဲစစ်ချက် တစ်ခုထဲဖြင့် တရားစွဲဆိုခြင်းသည် တရားမဝင်ကြောင်း တရားလွှတ်တော်ရှေ့နေတဦးက ခေတ်မျက် လုံးသို့ ပြောခဲ့သည်။ စစ်ကောင်စီကို တော်လှန်နေသည့် NUG ၏ လက်အောက်ခံ အဖွဲ့များက စစ်ကောင်စီကဲ့သို့ ပြုမူကျင့်သုံးနေသည်ကို လုံးဝ လက်သင့်မခံနိုင်ကြောင်း ဒေသခံများက ခေတ်မျက်လုံးသို့ ပြောသည်။

NUG လက်အောက်ခံ ပကဖနှင့် တပ်ရင်း (၂) သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့် ကား ၃ စီး လူအင်အား ၆၀ ခန့် မောင်းပြန်သေနတ် အပြည့်အစုံဖြင့် ဗိုလ်ကျားကြီး ကင်းစခန်းရှိရာသို့ ရုတ်တရက်ဝင်ရောက် စီးနင်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗိုလ်ကျားကြီးအဖွဲ့ဝင် (၂) ဦး သေဆုံးခဲ့ရပြီး အလောင်းများကိုလည်း မိသားစုများသို့ ပြန်လည် ပေးအပ်ခြင်း မရှိဘဲ ဖျောက်ဖျက်ခဲ့သဖြင့် ပကဖ တပ်ရင်း (၂) ကို UDLA အပါအဝင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ပကဖ တပ်ရင်း (၂) ကို NUG အား အရေးယူပေးရန် တောင်းဆိုထားသော်လည်း ယခုထိ အရေးယူခြင်း မရှိသေးပေ။

ဒေသခံများအနေနှင့် ပကဖ ခေါင်းဆောင် နေမျိုးအောင်နှင့် တပ်ရင်း (၂) ကို ကြောက်နေရကြောင်းနှင့် တရားမဝင် ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်လေးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ကျောသား ရင်သား ခွဲခြားသည့်လုပ်ရပ်ကို ချက်ချင်းရပ်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

မှော်ဘီရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာန ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
နိုဝင်ဘာလ (၂၁)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon
မြန်မာသတင်း

ဘုရားသုံးဆူမြို့ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျားက မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 4 Views
နိုဝင်ဘယလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းအချိန်က ဘုရားသုံးဆူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျား နေအိမ်က မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ အသတ်ခံရတဲ့ မိသားစု (၃)ယောက်က လျှပ်စစ်ဝန်ထမ်းတန်းလျားက အိမ်မှာနေတာ။
မြန်မာသတင်း

မတ္တရာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 9 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်ရွာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀(အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)မှာ
မြန်မာသတင်း

မင်းတုန်းမြို့နယ်ထဲ ဘယ်လက်နက်ကိုင်အဖွဲ့မဆို စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ယူရမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 10 Views
နိုဝင်ဘာလ (၂၁)ရက်။ မင်းတုန်းမြို့နယ်ထဲ ဘယ်အဖွဲ့မဆို လက်နက်တွေနဲ့ သွားလာတာ၊ စစ်ရေးလှုပ်ရှားတာနဲ့ စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေက သဘောတူခွင့်ပြုမှသာ ပြုလုပ်ဖို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရာမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ညီညွတ်ဖို့လိုကာ အဲ့ဒီညီညွတ်ရေးကို
မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 4 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃) စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ခုခံစစ်အနေနဲ့ တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 7 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ မူလခန့်မှန်းခြေနဲ့ ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မူလက
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့