နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဲ​ဆောက်မှ ဂီတ​ဖျော်​ဖြေပွဲ စရံ အရှုံးခံကာ ပွဲဖျက်သိမ်းခဲ့ရ

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် ပြုလုပ်ရန်စီစဥ်ခဲ့​သော Super Light Logistics ၏Annual Staffs Party အမည်ဖြင့် ဂီတ​ဖျော်​ဖြေပွဲပြုလုပ်မည့်အစီအစဥ်မှာ ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။

အဲဒီပွဲကို မတ်လ (၁၇) ရက်ညမှာ ထိုင်းနယ်စပ်မြို့မဲဆောက် ရှိCentral ဟိုတယ် Lawn Area (Outdoor) ၌ ပြုလုပ်ရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး စည်သူလွင်၊ ဇွဲပြည့်၊ နိုင်းဝမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်နှင့် 90’s Born Band တို့ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ပြည်သူများကြား​ မှာ ဝေဖန်မှုတွေများစွာရှိခဲ့တဲ့ အဲဒီ ဂီတပွဲ ဟာ ဘယ်အအကြောင်းကြောင့် ပွဲကိုဖျက်သိမ်းလိုက်တယ်ဆိုတာကို Super Light Logistics ကလည်း​ကြေညာအသိ့​ပေးခြင်းမရှိသလို ပါဝင်​ဖျော်​ဖြေရန်စီစဥ်ခဲ့​သော အနုပညာရှင်များထံကလည်း ဖြေရှင်းထားသည်ကို မတွေ့ရှိရသေးပါဘူး။

Era’sEyes | Photo – (ပွဲပျက်သွား​သော ​ဖျော်​ဖြေပွဲ​ကြော်ငြာ)

သို့​သော် Salween Press သတင်းဌာနက “ ထိုင်းနိုင်ငံ မဲဆောက်မြို့ Central ဟိုတယ် ၌ မတ်လ၁၇ ရက်နေ့တွင်ကျင်းပမဲ့ ဖျော်ဖြေရေးပွဲပျက်သွားကြောင်းစုံစမ်းသိရှိရသည်။

အဆိုပါဖျော်ဖြေရေးပွဲအတွက် အခန်းငှားခအပါအဝင် စရန်ငွေ ၈၀% ပေးချေထားပြီးမှ ဖျော်ဖြေပွဲကိုဖျက်လိုက်တာလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးကဆိုသည် “ ဟု​ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

အဆိုပါပွဲပြုလုပ်မည့်အကြောင်းကို Aung Toe -Travelin Bamar က တင်ခဲ့ရာ စစ်ကောင်စီကြောင့် ရှောင်တိမ်းနေရသည့် ပြည်သူအများအပြားရှိသော မဲဆောက်တွင် ပွဲပြုလုပ်မည့်အပေါ် ပြည်သူများက ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးစားဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 16 Views
ဧပြီလ (၂)ရက်။ သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 7 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ငလျင်ကယ်ဆယ်ရေးကြားက စစ်ကောင်စီ မင်းတပ်ကို လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 13 Views
ဧပြီလ (၁) ရက်။ ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ မင်းတပ်ကို စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံးကြဲချပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မင်းတပ်မြို့
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ ဘန်ကောက်စည် ပြိုကျနေသည့် စာရင်းစစ်ရုံး အဆောက်အအုံ၏ အပျက်အစီးများထဲတွင် ပိတ်မိနေသည့်အလောင်းများကို အမေရိကန် စစ်ဘက်ရှာဖွေရေး ကိရိယာများမှ X-ray ဓါတ်ပုံတွင် တွေ့ရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 13 Views
ဧပြီလ (၁) ရက်။ အဆောက်အအုံ၏ ရှုပ်ထွေးသောဖွဲ့စည်းပုံသည် နေရာအတိအကျကို ရှာဖွေရခက်ခဲစေသောကြောင့် Scan ပုံရိပ်ရှာကိရိယာတွင်တွေ့ရှိသည့် အလုံး ၇၀ လုံးသည် ပျောက်ဆုံးနေသူများဖြစ်ခြင်းကို ကိုယ်စားပြုခြင်း ရှိ၊ မရှိ မရှင်းလင်းသေးကြောင်း ဘန်ကောက်ဒုတိယအုပ်ချုပ်ရေးမှူး သာဗီဒါ ကာမိုလ်ဗီချ်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နေချိန် သင်္ကြန်ပွဲ မကျင်းပဖို့ TNLA ညွှန်ကြားထား

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ဧပြီလ (၁)ရက်။ မြန်မာနိုင်ငံမှာ ငလျင်ဒဏ်သင့်နေတဲ့အချိန် တအာင်းပြည် ခရိုင် (၅)ခုထဲက မြို့နယ်တွေမှာ သင်္ကြန်ပွဲ မကျင်းပကြဖို့ TNLA က ညွှန်ကြားထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်နေချိန် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်ပွဲမကျင်းပဖို့ PSLF/TNLA
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျန်တဲ့အဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ တရုတ်ဆောက်တဲ့ အဆောက်အအုံတစ်ခုပဲ ပြိုကျခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 7 Views
ဧပြီလ (၁) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၃၃ ထပ် ရှိတဲ့ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး အလုပ်သမားတွေ ပိတ်မိနေတဲ့အဆောက်အအုံကို တရုတ်နိုင်ငံပိုင်
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 12 Views
ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကွတ်ခိုင်မြို့ မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။