နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်းလိုက်ချိန်ကစလို့ ဖမ်းဆီး သတ်ဖြတ်ခံရသူ ၁၀၇၀ ဦး ရှိလာတယ်လို့ AAPP ထုတ်ပြန်

မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်ချိန်ကစလို့ စစ်အုပ်စုသတ်တာ ခံရသူ ၁၀၇၀ ဦး ရှိလာခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ဒီနေ့ မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူတွေလို့ ဆိုရာမှာ စစ်အုပ်စုဘက်က ဖမ်းဆီးအကျဉ်းချ ဒါမှမဟုတ် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရပြီးနောက် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့တဲ့သူတွေကို ဆိုလိုတာဖြစ်တယ်လို့လည်း AAPP က ရှင်းပြထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေထဲကမှ ၇၇၆ ဦးရဲ့ ပျမ်းမျှအသက်ဟာ ၃၅.၆ နှစ်ရှိပြီး အနည်းဆုံး ၉၂ ရာခိုင်နှုန်းမှာ အမျိုးသားတွေဖြစ်နေတယ်လို့ ပြောဆိုထားပါတယ်။ အသက်အရွယ်အလိုက် သေဆုံးမှုမှာ ၁၉ နှစ်အောက် ၆၅ ဦး၊ ၃၁ နှစ်အောက် ၂၇၉ ဦး၊ ၆၀ နှစ်အေောက် ၃၈၅ ဦး၊ ၆၀ နှစ်အထက် ၅၁ ဦး ဖြစ်တယ်လို့ AAPP က ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးလို့လည်း ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 9 Views
ဩဂုတ်လ (၅)ရက်။ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အခုအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာ/လုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 28 Views
ဩဂုတ်လ (၅)ရက်။ မနေ့က စစ်ကောင်စီတပ်ရဲ့ ခလရ(၄၀၃) ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင် တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ
မြန်မာသတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 18 Views
ဩဂုတ်လ (၅)ရက်။ သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား
မြန်မာသတင်း

လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 19 Views
ဩဂုတ်လ (၅)ရက်။ ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်ခဲ့ရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ မင်းအောင်လှိုင် အမိန့်ပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 14 Views
ဩဂုတ်လ (၅)ရက်။ ရန်ကုန်-မန္တလေး အမြန်လမ်းက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မနေ့က အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လမ်းမကြီးအတိုင်း ကားနဲ့သွား
မြန်မာသတင်း

ဝေါလေမြိုင်ရှိ DKBA စစ်ရေးချုပ်နေအိမ် အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 26 Views
ဩဂုတ်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန် မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်ဒေသရှိ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစက ဝေါလေဗျူဟာကုန်းပေါ်ကနေ ဝေါလေမြိုင်မြို့ထဲကို အဝေးပစ်လက်နက်တွေနဲ့
မြန်မာသတင်း

မူးမြို့နဲ့ လယ်ဒိုမြို့တိုက်ပွဲထဲ စစ်သုံ့ပန်း (၂၆)ဦး ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 29 Views
ဩဂုတ်လ (၄)ရက်။ ဇွန်လ (၂၅)ရက်နေ့က မူးမြို့နယ်နဲ့ လယ်ဒိုမြို့တို့မှာ စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မူးမြို့နယ် တောင်စုရွာမှာ စစ်ကြောင်းထိုးပြီး
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ဆိုပြီး ကြံ့ဖွတ်ပါတီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 28 Views
ဩဂုတ်လ (၄)ရက်။ ဩဂုတ်လ (၁)ရက်နေ့က ရန်ကုန်ရှိ ကြံဖွတ်ပါတီ(USDP)ရုံးခွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုက္ကဋ္ဌ ဦးမျိုးဇော်သိမ်းနဲ့