ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းလိုက်သည်ဟု စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ မတ်လ (၂၈) ရက်မှာ ကြေညာလိုက်ပါတယ်။
NLD ပါတီနဲ့အတူ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီ ၄၀ ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း မြန်မာ့အသံမှလည်း ကြေညာသွားပါတယ်။